Latest News

*တစ်ဖက်သတ် အချစ်ဟာ ဆိုးပါသည်(၂)*

pyaesoneaung2007:34 AM me: ဘုန်းဘုန်း.. တပည့်တော် သူငယ်ချင်း တစ်ယောက်က တစ်ဖက်သတ် အချစ် အကြောင်းလေး သိချင် လို့ပါတဲ့ ဘုန်းဘုန်း။

3:35 AM ၁။ အရင်ဘ၀က ဘယ်လိုမျိုး အကြောင်းတရားတွေ လုပ်ခဲ့လို့ ဒီဘ၀မှာ ကိုယ်က သူ့ကို မေတ္တာရှိနေပါရက်နဲ့ သူက ကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာပါလဲ ဘုန်းဘုန်း။
3:37 AM (ဒီနေရာမှာ ကိုယ်က မေတ္တာ ရှိကြောင်းကို တစ်ဘက်လူက သိနေပါတယ်တဲ့ ဘုန်းဘုန်း။)

3:40 AM ၂။ နောက် ဒီဘ၀မှာ အတူမပေါင်းရပေမယ့် နောက်ဘ၀မှာ ပေါင်းချင်သူများအတွက် ဘယ်လို ကောင်းမှုတွေ လုပ်သင့်ပါသလဲ ဘုန်းဘုန်း။(ဒီမေးခွန်း ကတော့ သံသရာ ရှည်ကြောင်း ဖြစ်တဲ့ အတွက် မမေးသင့်ပါဘူး၊ ဒါပေမယ့် သိချင်သူများ အတွက် ကရုဏာ ရှေ့ထားလို့ ဖြေကြားပေးပါဦး ဘုန်းဘုန်း။)

3:41 AM ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

=============================

ဖိုးသားရေ…

မေးခွန်းတွေကတော့ ဘ၀သံသရာ လွတ်မြောက်ရေး အတွက် ဘာမှ အထောက်အကူ မပြုတဲ့ မေးခွန်းတွေ ပါပဲ။ ဒါပေမယ့် ဖိုးသား ပြောသလို သိချင်တဲ့ သူတွေက သိချင်နေတော့ ဖြေပေးရမှာပေါ့။

(၁) ကိုယ်က မေတ္တာ ရှိပါရက်နဲ့ သူ့ကကိုယ့်ကို ပြန်ပြီး မေတ္တာ မရှိတာဟာ အတိတ်ဘ၀ တစ်ခုခုက ကိုယ်လည်း သူ့ကို အဲဒီလို ဖြစ်စေခဲ့လို့ အခုကိုယ်ပြန်ပြီး ခံရတဲ့ သဘောလည်း ယူနိုင်ပါတယ်။ နောက်ပြီး တစ်ချိန်ချိန်က သူများတွေကြား မေတ္တာပျက်အောင် လုပ်ခဲ့ရင်လည်း ကိုယ်က မေတ္တာ ပြန်ငတ်တတ် ပါတယ်။ ပြီးတော့ ဣဿာ မစ္ဆရိယ များခဲ့ရင်လည်း အဲဒီရဲ့ အကျိုးဆက် တွေကို ပြန်ခံရတတ် ပါတယ်။ ဒီသဘော တွေဟာ အကုသိုလ်ရဲ့ အကျိုးဆက်များ ဖြစ်နိုင်သလို အခုဘ၀ မှာလည်း မေတ္တာပွားမှု အားနည်း လို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ဆိုရင် တစ်မိသားစုထဲ၊ မိဘနဲ့ သားသမီး ဖြစ်နေပါ ရက်နဲ့ မိဘ ဘာလုပ်လုပ် သားသမီးက အကောင်း မမြင်သလို သားသမီး ဘာလုပ်လုပ် မိဘက အကောင်း မမြင်တာ တွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ အကုသိုလ်ရဲ့ အကျိုးဆက်တွေ ဖြစ်တဲ့ အတွက် အတိတ်က အရိပ်ကို သင်္ခန်းစာ ယူပြီး အခုဘ၀ ကောင်းအောင် ကြိုးစားဖို့ပဲ လိုပါတယ်။

(၂) ဒုတိယ မေးခွန်းကတော့ တကယ့်ကို သံသရာ ရှည်စေမယ့် မေးခွန်းမျိုးပါ။ ဒါပေမယ့် ဖြေပေးကြည့် ပါမယ်။ မလုပ်တာ ကောင်းပါတယ်။ နောင်ဘ၀မှာ ပြန်လည်ရေစက် ဆုံချင်ရင် ဘယ်လို ကုသိုလ်မျိုးပဲ လုပ်လုပ် အတူလုပ်ပြီး အတူ ရေစက်ချ အမျှဝေ၊ ပြီးရင် ဖြစ်ချင်တာကို ဆုတောင်းရင် ဒီအတိုင်း အကျိုးပေးပါ လိမ့်မယ်။ ကုသိုလ် ကောင်းမှုဟာ သူ့အလုပ်သူ လုပ်နေပေမယ့် အဲဒီအပေါ်မှာ လုပ်တဲ့သူက တဏှာကပ်ပြီး ဆုတောင်း လုပ်လိုက်ရင် အဲဒီတဏှာ ဆုတောင်း အတိုင်း အကျိုးဆက် ဖြစ်ပေါ်တတ် ပါတယ်။ ကိုယ့်ကိုယ်ကိုသာ ချင့်ချိန်ပြီး လုပ်ကြဖို့ သတိပေးလို ပါတယ်။ ဒီဘ၀ မှာတောင် ဒီလောက် ဒုက္ခတွေ ရောက်နေကြတာ ဘာလို့များ သံသရာအထိ သယ်သွားချင် ကြတာလဲ.. ကြည့်လည်း လုပ်ကြပါ ပရိတ်သတ်တို့ရေ…

မေတ္တာဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ

++++++++++++++++++++++++++++++++++++++++++

လေးမြတ်ရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

6/7/2009, SUN:, 1:02:53 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply