Latest News

*မောင့်မှာ ရဟန်းဖြစ်သောကြောင့်*

သာသနာ့ဝန်ထမ်း ရဟန်း သာမဏေ များနှင့် မာတုဂါမတို့ အကြား ဆက်ဆံရေးနှင့် ပတ်သက်၍ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီး အရှင်အာနန္ဒာက ဘုရားရှင်အား လျှောက်ထားလို့ ဗုဒ္ဓမြတ်စွာက ပြန်လည် မိန့်ကြားခဲ့တဲ့ စကားတော် ဖြစ်ပါတယ်။

အာနန္ဒပုစ္တကထာ-
“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမာ”တိ။“ အဒဿနံ အာနန္ဒာ”တိ။ “အဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗ”န္တိ။ “အနာလောပေါ အာနန္ဒာ”တိ။ “အာလပန္တေ ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗ”န္တိ။ “သတိ အာနန္ဒေ ဥပဋ္ဌာပေတဗ္ဗာ”တိ။ (မဟာပရိနိဗ္ဗာနသုတ္တ)

(အရှင်အာနန္ဒာအမေး=မြတ်စွာဘုရား အမျိုးသမီးများနှင့် ပတ်သက်၍ ဘယ်လိုကျင့်ကြံနေထိုင်ရမလဲဘုရား?
ဘုရားရှင်အဖြေ= မတွေ့အောင်နေ အာနန္ဒာ။

အရှင်အာနန္ဒာအမေး= တကယ်လို့ မဖြစ်မနေ တွေ့ရရင်ကောဘုရား?
ဘုရားရှင်အဖြေ= မဖြစ်မနေတွေ့ရရင်တောင် မလိုလားအပ်တဲ့ စကားတွေ မပြောပါနဲ့။

အရှင်အာနန္ဒာအမေး= တကယ်လို့ စကားမပြောမဖြစ်လို့ ပြောရရင်ကောဘုရား?
ဘုရားရှင်အဖြေ= တကယ်လို့ စကားမပြောမဖြစ်လို့ ပြောရရင် အမေအရွယ်ကို အမေလိုသဘောထား၊ အမအရွယ်ကို အမလို သဘောထား၊ ညီမအရွယ်ကို ညီမလို သဘောထားပြီး လိုအပ်တာကိုသာ ပြောဆို ဆက်ဆံပါ အာနန္ဒာ။)

ဒါကတော့ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူခါနီး အရှင်အာနန္ဒာ မေးလျှောက်လို့ ဘုရားရှင် မိန့်ကြားခဲ့တဲ့ သာသနာ့ ၀န်ထမ်း ရဟန်း သာမဏေများ အတွက် အမျိုးသမီးများ အပေါ် ပြောဆို ဆက်ဆံရေးပါ။ အခု မေမေ့ လပြည့်ဝန်းလေး တင်ပြချင်တာက ဗုဒ္ဓမြတ်စွာရဲ့ အထက်ပါ မိန့်မှာချက်ကို မလိုက်နာသဖြင့် ဆိုးကျိုးအနေနဲ့ သရုပ်ဖော် ထားတဲ့ ဘာသာရေးနှင့် ဆိုင်တဲ့ မောင့်မှာ ရဟန်း ဖြစ်သောကြောင့် ဇာတ်ကားဖြစ်ပါတယ်။

သာသနာ့ ၀န်ထမ်း ရဟန်း သာမဏေများ အတွက် အမျိုးသမီးများ အပေါ် ဆက်ဆံရေးနှင့် ပတ်သက်၍ သိသင့်တဲ့ ဗဟုသုတဖြစ်ဖွယ် ဖြစ်ပါတယ်။ ဒီဇာတ်ကာလေး ရခဲ့ပုံကတော့ (၂၀၀၈)ခုနှစ်က မန္တလေးတောင်ခြေ မဟာဓမ္မိကာ ရာမ ရွှေကျင်တိုက်မကြီး၌ ကျင်းပသော (၁၇) ကြိမ်မြောက် ရွှေကျင် အစည်းအဝေးကြီးမှာ မေမေ့ လပြည့်ဝန်းလေး သီတဂူရဲ့ ကွန်ပျူတာဌာန ဓမ္မလုပ်အားပေး အနေနဲ့ ပါဝင် ကုသိုလ်ယူခွင့် ရခဲ့ပါတယ်။

အဲဒီ အစည်းအဝေး ပွဲကြီးမှာ မေမေ့ လပြည့်ဝန်းလေးက ကွန်ပျူတာ ဌာနမှာဆိုတော့ စာစီစာရိုက်၊ ပရင့်ထုတ်၊ ကော်ပီကူး တာဝန်အနေနဲ့ ထမ်းဆောင်ရ တာပါ။ ကြွလာတဲ့ ဆရာတော်တို့အတွက် လိုအပ်တဲ့ စာစီစာရိုက်ခြင်း၊ ပရင့် ထုတ်ပေးခြင်း၊ ကောက်ပီ ကူးပေးခြင်း စသည်များကို လုပ်ဆောင်ရပါတယ်။

ဒုတိယမြောက် နေ့မှာ မေမေ့ လပြည့်ဝန်းလေးကို အခုတင်ပြမည့် သာသနာ့ဝန်ထမ်း ရဟန်း သာမဏေတို့ အတွက် မှတ်သားဖွယ် စီဒီတစ်ခွေကို ဦးဇင်းငယ် တစ်ပါးက လာကူးခိုင်းပါတယ်။ မေမေ့ လပြည့်ဝန်းလေးလည်း အစကတော့ ဒီဇာတ်ကား ခွေဟာ အစည်းအဝေးနှင့် မဆိုင်တော့ မလုပ်ပေးဖြစ်ခဲ့ ပါဘူး။ ဒါပေမယ့် ခဏအကြာမှာ ဂေါပက ဒကာကြီး တစ်ယောက်က ၀င်လာပြီး သူလည်း ဒီဇာတ်ကား ကြည့်ပြီးပီတဲ့။ ဦးဇင်းတို့ အတွက် တကယ် ကြည့်သင့်တဲ့ ဇာတ်ကား ဖြစ်တယ်လို့ ၀င်ပြောတော့ မေမေ့ လပြည့်ဝန်းလေးလည်း နဲနဲ စိတ်ဝင်းစားလာပြီး အမြည်းစမ်းကြည့်ရင်း ညီတော် နောင်တော်တွေ အတွက်လည်း တကယ် ကြည့်သင့်တဲ့ ဇာတ်ကားပဲဆိုပြီး မေမေ့ လပြည့်ဝန်းလေး ကွန်ပျူတာထဲ ကော်ပီကူးထည့်ခဲ့ ပါတယ်။

နောက် အစည်းအဝေးလည်း ပြီးတော့ တက္ကသိုလ်ကို ပြန်ရောက်တယ် ဆိုပါတော့။ အဲဒီမှာ နီးစပ်ရာ ညီတော် နောင်တော်တွေ ကိုလည်း ဗဟုသုတ အဖြစ် ကြည့်ရှုရအောင် ဝေငှခဲ့ပါတယ်။ အခု မေမေ့ လပြည့်ဝန်းလေး အိန္ဒိယကို ပြန်ရောက်တော့ မေမေ့ လပြည့်ဝန်းလေး ဘလော့ဂ်မှာ တင်ပြရရင် ကောင်း မကောင်း စဉ်းစားနေတာ ကြာပါဘီ။ ဒါပေမယ့် အခုတော့ တိုက်ဆိုက်မှု ဇာတ်လမ်းကလည်း ပေါ်လာတော့ တင်ပြသင့် တယ်လို့ ယူဆပြီး ၀က်ဘ်ဆိုက်တစ်ခုမှာ upload လုပ်ကာ တင်ပေးလိုက် ပါတယ်။ သာသနာ့ဝန်ထမ်း ညီတော် နောင်တော် အချင်းချင်း “ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြ လုပ်တာတော့ မဟုတ်ပါဘူး”။ သိသင့်တာကို ရှယ်ယာလုပ်လိုတဲ့ စေတနာ သက်သက်မျှသာပါ။

အဲဒီတော့ ဒီဇာတ်ကားလေးကြည့်ပြီးရင်

ပျိုမျစ်နုနယ်၊ လှမျိုးသွယ်ကို၊

ချစ်လျှက်သာ ခွဲရပါသည်။

ကမ္မ၀ါထမ်း ရွှေစာကျမ်းနှင့်၊

မောင့်မှာ ရဟန်းဖြစ်သောကြောင့်ပါလို့ ပြောမလား?

မောင့်မှာ မနေနိုင်လို့ပါလို့ ပြောမလား?




မေမေ့လပြည့်ဝန်း (http://maymaelapyaewann.blogspot.com/) ဘုန်းဘုန်းဦးကဉ္စန ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။

လေးစားစွာဖြင့်
ဖိုးသား

25.07.2009, SUN:, 02:07:04 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply