Latest News

*သေခြင်းတရားနှင့် မေတ္တာ-၁*

ဝိပဿနာ တရား အားထုတ်ခြင်းကို ပုံရိပ်ဖြင့် ထင်အော် သရုပ်ဖော် ပြောဆိုကြရာတွင် ဤလုပ်ငန်းသည် ကြိုးတန်းလျှောက်သော အလုပ်နှင့် တူသည်ဟု ပြောဆိုလေ့ ရှိပါသည်။ ကြိုးတန်း လျှောက်သောအခါ ထင်ရှားသော အချက်တစ်ချက်မှာ ကိုယ်နေဟန်ထား မှန်အောင် ဟန်ချက် ညီနေအောင် သတိကို မြဲမြဲထားရခြင်း ဖြစ်သည်။ ကြိုးတန်း လျှောက်နေစဉ်မှာပင် အမျိုးမျိုးသော အာရုံများက ကျွန်ုပ်တို့ကို လေဖြတ်တိုက်သလို ဖြတ်သန်း တိုက်ခိုက်နေပါသည်။ အမျိုးမျိုးသော မြင်ကွင်းများ၊ အမျိုးမျိုးသော အသံများ၊ အမျိုးမျိုးသော ခံစားချက်များ၊ အမျိုးမျိုးသော အတွေးများ၊ အမျိုးမျိုးသော အကြံအစည်များ ဖြစ်ပါသည်။

ထိုအရာများသည် အကယ်၍ နှစ်သက်ဖွယ် အာရုံများ ဖြစ်လျှင် နှစ်သက်ဖွယ် အာရုံတို့၌ ကျက်စား ငြိတွယ်တတ်သော အထုံပါနေသော စိတ်သည် ထိုအာရုံများကို ဖက်တွယ်ရန် ကြိုးစားပြီးလျှင် ထိုအာရုံများ ဆက်လက် တည်နေစေရန်လည်း အားထုတ်ပြန်သည်။ အကယ်၍ ထိုအဆင်းများ၊ ထိုအသံများသည် မနှစ်သက်ဖွယ်သော အာရုံများ ဖြစ်ကြပြန်လျှင်လည်း စိတ်၏ အလေ့အထုံမှာ ထိုအာရုံများဆီသို့ မလိုမုန်းထားသော သဘောဖြင့် ရောက်သွားပြီးလျှင် ထိုအာရုံများကို မောင်းနှင်ဖယ်ရှား သုတ်သင်ပစ်ရန် အားထုတ်ပြန်တော့၏။ ထိုဖြစ်ရပ် နှစ်ခုစလုံးတွင် ကျွန်ုပ်တို့သည် သတိ ချွတ်ယွင်းကာ ကိုယ်နေဟန်ထား ပျက်ပြီး ကြိုးတန်းပေါ်က လိမ့်ကျရ လေတော့သည်။ လက်ခံသော တုံ့ပြန်မှုပဲ ဖြစ်ဖြစ်၊ ငြင်းပယ်သော တုံ့ပြန်မှုပဲ ဖြစ်ဖြစ် အန္တရာယ် များခြင်း၌ သဘောချင်း အတူတူပင် ဖြစ်၏။ မည်သည့် အရာဖြစ်စေ၊ နှစ်သက် ဂုဏ်ယူဖွယ်သော အရာဖြစ်စေ၊ သို့မဟုတ် မနှစ်သက်ဖွယ်ရာ ကြောက်မက်ဖွယ်ရာ အာရုံဖြစ်စေ ကျွန်ုပ်တို့အား စိတ်အာရုံ ညီမျှမှု ပျက်ပြားအောင် ဆောင်ရွက်သော ကိစ္စ မှန်သမျှသည် ကျွန်ုပ်တို့ကို ခြေချော် လိမ့်ကျအောင် ဖန်တီးသော အရာချည်းသာ ဖြစ်ကြပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်ကို တဏှာရာဂ ဆွဲဆောင်ရာ နောက်သို့လည်း မပါအောင်၊ အမျက်ဒေါသ အမုန်းနောက်သို့လည်း မပါအောင် စောင့်ရှောက် ထူထောင်ရမည်။ မည်သူ့ကိုမျှ တွယ်တာခြင်း မရှိ၊ တပ်ငြိခြင်း လုံးဝမရှိ၊ သူ့ဘာသာဖြစ်ပြီး ပျက်သွားသော သဘောရှိသော စိတ်ကို ဖြစ်ပေါ်အောင် ထူထောင်ကြရမည် ဖြစ်သည်။

အနိစ္စ ၀ိဇ္ဇာဉာဏ်ကို ရသော ၀ိပဿနာ ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်လာသော အခါ သံယောဇဉ် ကင်းသည့်သဘော၊ တဏှာ ကပ်ငြိမှု ကင်းသောစိတ် ဖြစ်ပေါ်လာပါသည်။ ဤဉာဏ် အဆင့် တစ်ဆင့်သို့ ရောက်သောကာလ မရဏဆိုသော သေခြင်းတရားသည် မလွှဲမရှောင်သာ ရင်ဆိုင်ရမည့်၊ မကြာခင် ဖြစ်ပေါ်လာတော့မည့် ကိစ္စဖြစ်သည်ကို သဘောပေါက်နေ ပါတော့သည်။


ဆက်လက် ဖော်ပြပါမည်။

>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်
ဖိုးသား

10/1/2009, THU:, 10:30:00 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply