Latest News

*မြတ်ဗုဒ္ဓသို့ ဦးတိုက်ခြင်း*


*ဘုရားဂုဏ်တော် ကိုးပါး*

၁။
အရ,ဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အ,ရဟံ - ဆိတ်ကွယ်ရာ အရင်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား။
အရဟံ - လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ - သိစရာ အားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။

၃။ ၀ိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား)

၎။
သုဂတော - ကောင်းသောစကား၊ မှန်ကန်၍ အကျိုးရှိသော စကားကို ဆိုတော်မူသော မြတ်စွာဘုရား။
သုဂတော - ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။

၅။ လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။ (သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောကဟု ဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား)

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ - ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော် မူတတ်သော မြတ်စွာဘုရား။

၇။ သတ္တာဒေ၀ မနုဿာနံ - နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (နတ်လူတို့အား ကောင်းရာ ကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)

၈။ ဗုဒ္ဓေါ - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ တစ်ပါးသူတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား။

၉။ ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

+++++++++++++++++++++++++++++++++++++++++++++++++++

*ဘုန်းတော် ခြောက်ပါး*

၁။ ဣဿရိယ ဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောက လုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။

၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃။ ယသ ဘုန်းတော် - များပြားသော အခြံအရံ၊ ပြန့်နှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၎။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒ တောင့်တမှု မှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။

၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံ့လ ၀ီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

++++++++++++++++++++++++++++++++++++++++++++++++++++

*ဒိဝါတပတိ သဗ္ဗမင်္ဂလာ ဂါထာတော်*

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထသဗ္ဗ မဟောရတိံ၊ ဗုဒ္ဓေါ တပတိ တေဇဿာ။

- နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။
- လမင်းသည် ညအခါ၌သာ တောက်ပ၏။
- ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။
- ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။
- မြတ်စွာ ဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏။

++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား

10/5/2009 7:02:13 AM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply