ညက ညဥ့်နက်မှ ဘုရားခန်းကို သွား၊ ဘုရားရှိခိုး အပြီး ဘုရားခန်းထဲ ထိုင်လို့ တောင်တွေး မြောက်တွေး တွေးနေလိုက်တာ.. မနက် လေးနာရီကျော်မှ အိပ်ယာ ၀င်ဖြစ်တယ်..။ မနက် အိပ်ယာ နိုးတော့ နှာတွေတောင် စေးလို့.. ဘုရား ခန်းထဲ ထိုင်တာများပြီး အအေး ပတ်သွားတယ် ထင်ပ..။ ရှိချေတော့.. heater ရှိရက်သားနဲ့ မဖွင့်မိတာကိုက ကျွန်တော့် အပြစ်..။
မနက်နိုးတော့ ဆယ်နာရီတောင် ထိုးတော့မယ်.. ဒါနဲ့ မျက်နှာသစ်.. ဗိုက်နည်းနည်း ဆာတာနဲ့ ၀ယ်ထားတဲ့ ဈေးပေါပေါ ခေါက်ဆွဲခြောက်နဲ့ နှစ်ပါးသွား လိုက်တယ်..။ ပြီးတော့ မနေ့က အကျန် ဟင်းကိုနွှေး၊ ထမင်းတည်..။ ဆရာတော် တစ်ပါးရဲ့ သွန်သင်ထားတဲ့ အသိ ရှိနေတာနဲ့ ဘုရားခန်း ဆင်းလို့ ဘုရားရှိခိုး လိုက်သေးတယ်.. သီလလည်း ယူပေါ့..။ ဘုရားကို လှူဖွယ်အဖြစ် ဘုရား သောက်တော်ရည်နဲ့ လျှပ်စစ်မီး ဆပ်ကပ်ဖြစ် လိုက်တယ်..။
ဘုရားခန်းက ပြန်တက်လာတော့ ၁၁ ခွဲခါနီးပြီ.. ခုန စားထားတဲ့ ခေါက်ဆွဲက ဘယ်ချောင် ရောက်သွားမှန်း မသိဘူး.. ဗိုက်က ထပ်ဆာ လာတယ်..။ ဥပုသ်ယူမယ် လို့လည်း စိတ်ကူးထား တာနဲ့ မနှေးမမြန် နှုန်းနဲ့ ထမင်းစား လိုက်တယ်.. ထမင်းလုပ် တွေမှာတော့ သတိက ကပ်တစ်ချက် မကပ် တစ်ချက်..။ ထမင်းလုပ် ရေမယ် စဉ်းစားထား တာလည်း စားရင်းနဲ့ ဘယ်နှစ်လုပ် ရောက်လို့ ရောက်သွားမှန်း မသိ..။
စားပြီးတော့ သိကြတဲ့ အတိုင်း.. ထမင်း တန်ခိုးက ပြချေပြီ။ ခေါင်းက ကိုက်သလိုလို မူးသလိုလို၊ အိပ်ရေး ၀သလိုလို မ၀ သလိုလို.. ဒါနဲ့ တရား နှစ်ပုဒ်ကို repeat လုပ်လို့ နားမှာ နားကြပ်တပ်ရင်း ကုတင်ပေါ် လှဲပစ်လိုက်တယ်..။
အဲ အဲ အဲ.. သတိရလို့ ကြည့်လိုက်တော့ မှိန်းကနဲ အိပ်ပျော် သွားလိုက်တာ တရားတောင် နောက်တစ်ပုဒ် ကူးနေပြီ.. တရားနာနေရင်း ပြီးခါနီး လောက်မှာမှ ပြန်စဉ်းစားမိတာ.. အိပ်မက်.. ဟုတ်တယ်.. အိပ်မက် မက်လိုက်တယ်.. ခုန မှိန်းကနဲ ဖြစ်သွားတဲ့ အချိန် အိပ်မက် မက်လိုက်တာ..
ဓါတ်တော်တွေ .. ဟုတ်တယ်.. အိပ်မက်ထဲ မှာတော့ ဓါတ်တော် တွေ.. ဘုရားရှင်ရဲ့ ဓါတ်တော်တွေ.. ဘယ် ဘုရားရှင် လည်းတော့ မသိဘူး.. ဘုရားရှင်ကို မီးသင်္ဂြိုဟ်သတဲ့.. ကျွန်တော် သိလိုက်တဲ့ အချိန်မှာ ပြာတွေ ကျနေပြီ.. ပြာထွက်ကျတဲ့ အပေါက် တစ်ခုကနေ ကျလာတာ..
ထူးခြားတာက ပြာတွေက အမဲရောင် မဟုတ်ဘူး.. ဖြူဖွေးနေတာ.. တကယ့်ကို ဖြူဖွေးနေတာ.. ဖြူဖွေးနေရာ ကနေ ဆင်စွယ် ရောင်လို ဖြစ်သွားတယ်.. အောက်ကို ရောက်တဲ့ အချိန်မှာ ဆယ်စွယ်ရောင် ပြာတစ်ချို့က ဘုရား ရုပ်ပွားတော်တွေ အဖြစ် အသွင် ပြောင်းသွားတယ်.. ဉာဏ်တော် အမြင့် ခြောက်လက္မ၊ ခုနစ် လက္မလောက် ရှိတဲ့ တင်ပလ္လင်ခွေ ရုပ်ပွားတော်တွေ.. မှတ်မှတ်ရရ ရုပ်ပွားတော် အဆူပေါင်း နှစ်ဆယ်လောက် ရှိတယ်..။ ရွယ်တူ ရုပ်ပွားတော်တွေ..။ တစ်ချို့ ပြာတွေကလည်း အခဲ အသေးလေးတွေ ဖြစ်လိုဖြစ်..။
ပျော်လိုက်တာ.. ပျော်လိုက်တာ.. အိပ်မက်ထဲမှာ ကျွန်တော် တကယ် ၀မ်းသာနေတာ.. ဓါတ်တော်တွေ ကိုလည်း ဖူးရတယ်.. နောက်ပြီး ပြာဖြစ်လာတဲ့ ဓါတ်တော်တွေ ကလည်း အများကြီးပဲ.. အနီးအနားက ဖြတ်သွားတဲ့ လူတွေကိုလည်း ကျွန်တော်က အော်ပြောနေ လိုက်တာ.. ဒီမှာ ဓါတ်တော်တွေ၊ ဘုရားရှင်ရဲ့ ဓါတ်တော်တွေ ဆိုပြီး..
ကျွန်တော့် စိတ်ထဲ တော်တော် ၀မ်းသာနေတာ..။ ဘုရားရှင်ရဲ့ ကရုဏာတော်၊ အဓိဋ္ဌာန်တွေကြောင့် ဒီလို ဓါတ်တော်တွေ အများကြီး ကြွင်းကျန် ခဲ့တာ.. ဓါတ်တော်တွေကို နေရာ ဒေသ အများကြီးမှာ ခွဲဝေလို့ ဖူးခွင့်ရပြီ.. ဆိုပြီး..
အိပ်မက်ထဲမှာ ကျွန်တော် ဓါတ်တော်က ကျလာတဲ့ ရုပ်ပွားတော် တစ်ဆူကို လိုချင်နေတာ.. ဒါပေမယ့် မယူဖြစ်ခဲ့ဘူး.. ကြောက်လို့ပဲလား.. အများအတွက် ချန်ထားပေးချင် တာလား.. တစ်ခုခုပဲ.. အခု ပြန်တွေးတော့ သိပ်မပေါ် တော့ဘူး..။
အဲ.. နောက်တစ်ခု ကျွန်တော် မှတ်မိတာက ဓါတ်တော်တွေ ဖူးရတဲ့ နေရာ..။ ဘယ်လိုမျိုးလဲ ဆိုတော့ တောင်စောင်းကို ပတ်ဖောက် ထားတဲ့ ကားလမ်း ဒေါင့်ချိုးလို နေရာမျိုး..။ ကတ္တရာ လမ်းတော့ မဟုတ်ဘူး.. မြေနီလမ်း..။ အိပ်မက်ထဲက အသိမှာတော့ အဲဒီ လမ်းနေရာက တော်တော် မြင့်တယ်.. မြင့်ပေမယ့် လမ်းဘေး ပတ်လည်မှာ အကာအရံလို အရာမျိုး မရှိဘူး..။ တောင်စောင်း အောက်ကို လှမ်းကြည့်ရင် မြို့လိုလို၊ ရွာလိုလို တွေ့ရတယ်..။ နောက်ပြီး အဲဒီ တောင်စောင်းလမ်း ကလည်း ကားတွေ ခဏခဏ မှောက်၊ အရှိန်လွန်ပြီး တောင်အောက် ပြုတ်ကျတတ် လွန်းလို့ အဲဒီလမ်းကို မသုံးကြတော့ဘူး… တဲ့..။
ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ.. ဒီ အိပ်မက်ဟာ ကျွန်တော့်ကို တော်တော်လေး ကြည်နူးပီတိ ဖြစ်စေလို့ ဒီအကြောင်း အရာလေးကို ဖောက်သည် ချလိုက်တာပါ..။ အားလုံးပဲ ကျန်းမာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
2/1/2010, MON:, 4:50:09 PM

----------*****----------
ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ.. ဒီ အိပ်မက်ဟာ ကျွန်တော့်ကို တော်တော်လေး ကြည်နူးပီတိ ဖြစ်စေလို့ ဒီအကြောင်း အရာလေးကို ဖောက်သည် ချလိုက်တာပါ..။ အားလုံးပဲ ကျန်းမာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
2/1/2010, MON:, 4:50:09 PM
February 10, 2010 at 9:02 AM
ဘုရားရှင်ရဲ့ ဓါတ်တော်တွေမြင်မက်တယ်ဆိုကတည်းက ကောင်းတာပါပဲ ဖိုးသားရေ။
တရားနာပြီး အိပ်တဲ့အကြောင်းကြောင့်လည်း အိမ်မက် ကောင်းမက်တာဖြစ်ပါလိမ့်မယ်။
ကောင်းသော အိမ်မက်ကြောင့် ကောင်းကျိုးခံစားရရှိပါစေ။