Latest News

*ရဟန်းစားရသောဆွမ်းတစ်နပ်...*


ဒီ ဇာတ်လမ်းလေးကို ပြန်ကြည့်မိပြန်တော့ အရင် ငယ်ဘ၀က ကြည့်ခဲ့တဲ့ အရသာနဲ့ မတူတဲ့ အရသာတွေ ခံစားလိုက်ရတယ်။

ဟေးးးးး မရှိလို့မလှူ မလှူလို့မရှိ မရှိတဲ့အထဲက လှူတာ.. ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လား ဟေးးးးး” ဆိုပြီး ကြွေးကြော်လိုက်သံ အဆုံးမှာ ကျွန်တော် ကြက်သီး ဖျန်းဖျန်း ထသွားမိတယ်။ အဲဒီနေရာမှာ ငါဆိုရင်ကော ငါရဲ့ သွေးသားကို စွန့်ပြီး အဲလိုမျိုး လှူနိုင်ပါ့မလား.. ဆိုတဲ့ အတွေးလည်း ၀င်မိတယ်..။

ဒကာ ဒကာမတွေ လောင်းလှူတဲ့ ဆွမ်းကို သုံးဆောင်မယ့် ရဟန်းတစ်ပါးရဲ့ ဆင်ခြင်ရတာ တွေကလည်း မနည်းမနော..၊ သမီးကို ကျွန်အဖြစ်က ရွေးမယ့် ငွေနဲ့ ထမင်းထုပ်ကို ၀ယ်လို့.. ပုဂ္ဂိုလ်မရွေး သံဃာ့ဂုဏ်ကို ရည်ပြီး လောင်းလှူတဲ့ သဒ္ဓါတရား ကလည်း အံ့မခန်း..

ဒီဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ ရဟန်းတို့ မည်သည် နှစ်ဦးနှစ်ဘက် အကျိုး ရှိအောင် ဆောင်ရွက် ပေးရပါတယ် ဆိုတဲ့ စကားကို သတိထားမိ လိုက်တယ်..။ မိမိ (ရဟန်း) လည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ဖြည့်ကျင့်ရင်း အကျိုးရှိအောင် လုပ်ဆောင်၊ နောက်ပြီး ဆွမ်းလောင်းလှူတဲ့ ဒကာ ဒကာမတွေ အတွက်လည်း အကျိုးရှိအောင်၊ သံသရာ ဘေးက လွတ်မြောက်အောင် ဆောင်ရွက်ပေးရ မယ်လို့ ကျွန်တော် နားလည်လိုက်တယ်။

နောက်ဆုံး ကျွန်တော့် တစ်သက်မှာ တစ်ကြိမ် တစ်ခါမှ မဆောင်ရွက်ဖူးသေး၊ အခွင့်ကြုံရင်တော့ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အံ့ကျော်ရဲ့ ရဟန်းတော်ကို ဆွမ်းလှူအပြီး မိမိနဖူးနဲ့ ရဟန်းတော်ရဲ့ ခြေဖမိုးကို ထိပြီး ဦးချတဲ့ ပြကွက်ကတော့ ကျွန်တော့်ရင်ကို သိမ့်သိမ့်ခါသွား စေရဲ့...။ သာဓု.. သာဓု.. သာဓု..။


လေးစားရိုသေစွာဖြင့်

ဖိုးသား


04.03.2010, THU: 05:40:46 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply