တစ်ခါတုန်းက မြတ်စွာ ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းမှာ သီတင်းသုံး နေပါတယ်။ ညနေချမ်း ရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့ ကြွတော်မူ ပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရား အတွက် နေရာခင်းခြင်း၊ ခြေဆေးပေး ခြင်းများ ပြုပါတယ်။ မြတ်စွာ ဘုရားရှင်က ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။
“ချစ်သား ရာဟုလာ... အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့် အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သား ရာဟုလာ... လုပ်ဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုက်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သား ရာဟုလာ... လုပ်ပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိသူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သား ရာဟုလာ... အပြောတစ်ခု ပြောတော့မယ် ဆိုရင်လည်း မပြောခင် စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား။ ထိခိုက်နိုင်မယ် ဆိုရင် မပြောပါ နဲ့တော့။
ချစ်သား ရာဟုလာ... ပြောဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင် မလား။ ပြောပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ ထိခိုက်နိုင်တယ် ဆိုရင် မပြောပါ နဲ့တော့။
ချစ်သား ရာဟုလာ... အတွေးတစ်ခု တွေးတော့မယ် ဆိုရင်လည်း စဉ်းစားလိုက် ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ တွေးပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မတွေးပါ နဲ့တော့။”
မြတ်စွာ ဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါ တော့တယ်။
(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)
ဆရာတော် ရဝေနွယ် (အင်းမ) ၏ “မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
ကိုဝိမုတ္တိသုခ http://www.vimuttisukha.com/ ပူဇော်ရေးသားပါသည်။
လေးစားစွာဖြင့်
ဖိုးသား
11.03.2010, THU:, 08:43:58 PM
“ချစ်သား ရာဟုလာ... အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့် အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့ တော့။
ချစ်သား ရာဟုလာ... လုပ်ဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုက်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့တော့။
ချစ်သား ရာဟုလာ... လုပ်ပြီးပြန်
ချစ်သား ရာဟုလာ... အပြောတစ်ခုြေ
ချစ်သား ရာဟုလာ... ပြောဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင် မလား။ ပြောပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ ထိခိုက်နိုင်တယ် ဆိုရင် မပြောပါ နဲ့တော့။
ချစ်သား ရာဟုလာ... အတွေးတစ်ခု တွေးတော့မယ် ဆိုရင်လည်း စဉ်းစားလိုက် ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ တွေးပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မတွေးပါ နဲ့တော့။”
မြတ်စွာ ဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါ တော့တယ်။
(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)
ဆရာတော် ရဝေနွယ် (အင်းမ) ၏ “မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
ကိုဝိမုတ္တိသုခ http://www.vimuttisukha.com/ ပူဇော်ရေးသားပါသည်။
----------********----------
လေးစားစွာဖြင့်
ဖိုးသား
11.03.2010, THU:, 08:43:58 PM
0 comments