မင်္ဂလာပါ ဓမ္မမောင်နှမတို့... ဒီနှစ် နှစ်သစ်ကူးပွဲကိုတော့ ကျွန်တော် ရုရှား တစ်နိုင်ငံလုံးမှာမှ တစ်ကျောင်းတည်းသော ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်တဲ့ စိန့်ပီတာ စဘတ်မြို့က ABHIDHAMMA BUDDHAVIHIRA (ထိုင်း ဘုန်းကြီးကျောင်း) မှာ သွားရောက် ဆင်နွှဲ ဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကူးပွဲမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံများကို ကြည်ညို သဒ္ဓါ ပွားစေဖို့ တင်ပေးလိုက်ပါတယ်။ ပြုခဲ့သမျှ ကောင်းမှုကုသိုလ် အစုစုကိုလည်း ထပ်တူထပ်မျှ ရစေဖို့ အမျှ ပေးဝေလိုက်ပါတယ် ခင်ဗျာ..။
ရုရှားနိုင်ငံသို့ သာသနာပြုရန် ကြွရောက်လာသော ဆရာတော် အရှင်ဝေဠုရိယ

ဤသို့ ရေသွန်းလောင်းကြသည်။

ကျောင်းထိုင်ဆရာတော် Ajan Phra Chatri မှ ဩ၀ါဒ ချီးမြှင့်နေပုံ

အန္တရာယ်ကင်းအောင် ဇယန္တော ဗောဓိယာမူလေ.. ရွတ်ဆို၍ ရေစင် ပက်ဖျဉ်းစဉ်

ရုရှားပြည်ရောက် ထိုင်း၊ မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ ရုရှားနှင့် သီရိလင်္ကာ နိုင်ငံတို့မှ ဗုဒ္ဓဘာသာဝင်တို့ ပါဝင် ဆင်နွှဲ

ဩ၀ါဒ ချီးမြှင့်ပေးနေသော ဆရာတော် အရှင်ဝေဠုရိယ

ထိုင်းဆရာတော် Ajan Phra Chatri မှ ပရိတ်ရေဖြင့် သွန်းလောင်းရေစင် ပက်ဖျန်းစဉ်


နေ့ဆွမ်းဘုဉ်းပေးရန် ဆွမ်းဆင်ခြင်အပြီး




ABHIDHAMMA BUDDHAVIHIRA အကြောင်းကို http://buddhavihara.ru/ တွင် အသေးစိတ် သွားရောက် လေ့လာနိုင်ပါတယ် ခင်ဗျာ...။
လေးစားစွာဖြင့်
ဖိုးသား
19.04.2010, MON:, 08:55 AM
April 22, 2010 at 9:01 AM
နှစ်သစ်ကူးပွဲမှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံများကို လာရောက် ကြည်ညိုသွားပါတယ်။ ပြုခဲ့သမျှ ကောင်းမှုကုသိုလ် အစုစုကိုလည်း သာဓု၊ သာဓု၊ သာဓုပါ ဖိုးသားရေ ..။
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး သာသနာအကျိုးဆက်လက်ထမ်းဆောင်နိုင်ပါစေ။