Latest News

*၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀*

သိစရာတွေလည်းများ
သိချင်တာတွေလည်းများ..။

အဲလောက်တောင် ဘာကြောင့်များ
အဆုံးမသတ် သိစရာတွေကနေ
ရုန်းမထွက်နိုင်ရတာလဲ
အရှုံးသက်သက် သိချင်တာတွေကနေ
မလွတ်မြောက်နိုင် ရတာလဲ။

သိစရာရှိတော့ သိချင်
သိရာကနေ ပိစရာဖြစ်
သိချင်တော့ သင်ရ
သင်ယူရာကနေ ရင်ပူစရာဖြစ်
အော်..
အနှစ်.. အနှစ်
ဘယ်မှာလဲကွယ်..။

ဟိုဟာ သိသလိုလို
ဒီဟာ သိသလိုလို
ဒီလိုနဲ့
ထွေပြားခဲ့တဲ့ နေ့ရက်များစွာ
ေ၀၀ါးပြီးတော့ ရှေ့ဆက်ရဦးမလား..။

တကယ့် တကယ်တော့
ဘ၀င်လေဟပ်
အထင်တွေနဲ့ ကျေနပ်လို့
(တို့တတွေ) ၀ိုင်းကြီးပတ်ပတ်။ ။


လေးစားစွာဖြင့်
ဖိုးသား

6/25/2010, THUR:, 2:35:48 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply