Latest News

*မလှူအပ်သော ဒါနဆယ်မျိုး*

(၁) မဇ္ဇဒါန = သေရည်အရက်ကို ပေးလှူခြင်း။
(၂) သမဇ္ဇဒါန = ပွဲသဘင်ဖြင့် လှူဒါန်းပူဇော်ခြင်း။
(၃) ဣတ္ထိဒါန = မိန်းမကို ပေးလှူခြင်း။
(၄) ဥသဘဒါန = နွားမအပေါင်း၏ အလယ်၌ နွားလားဥသဘကို လွှတ်ပေးခြင်း။
(၅) စိတ္တကမ္မဒါန = မိန်းမ ယောက်ျားတို့၏ မေထုန်မှီဝဲဟန် ပုံအသွင်စသော ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပန်းချီဆေးရေးကားချပ် ပေးလှူခြင်း။
(၆) သတ္ထဒါန = လက်နက်ကို ပေးလှူခြင်း ။
(၇) ၀ိသဒါန = အဆိပ်ကို ပေးလှူခြင်း ။
(၈) သင်္ခလိကဒါန = သံခြေချင်းကို ပေးလှူခြင်း။
(၉) ကုက္ကုဋသူကရဒါန = ကြက်ဝက်တို့ ကို ပေးလှူခြင်း။
(၁၀) တုလာကူဋမာနကူဋဒါန = ချိန်စဉ်းလဲ၊ တောင်းစဉ်းလဲကို ပေးလှူခြင်း။

http://sandarthuriya.wordpress.com/ ဆိုဒ်မှ ကူးယူဖော်ပြ မျှဝေလိုက်ပါတယ် ခင်ဗျာ...

လေးစားစွာဖြင့်
ဖိုးသား
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. နတ်မင်း
    July 25, 2010 at 10:42 PM

    နံပါတ် (၃) မှ ဣတ္တိဒါန= မိန်းမကို ပေးလှူခြင်း အကြောင်းကို မရှင်းလို့ ရှင်းပြပေးစေလိုပါတယ်
    ဝေဿန္တရာမင်းကြီးကိုယ်တိုင် သူ့ရဲ့မိန်းမကို လှူဒါန်းခဲ့ပါတယ် အဲဒီအချက်နဲ့ပတ်သက်ပြီး ကျေးဇူးပြု၍ ရှင်းပြပေးပါခင်ဗျာ

Leave a Reply