Latest News

*စိန့်ပီတာ ဓမ္မစေတီနှင့် တီလေးမွေးနေ့*


ဒီကနေ့ (20.07.2010) နေ့ဟာ ကျွန်တော်က တီလေးလို့ ချစ်စနိုးခေါ်ရတဲ့ အန်တီ သစ္စာအလင်း http://www.thitsaralin.org/ ရဲ့ မွေးနေ့ပါ.. တိုက်တိုက် ဆိုင်ဆိုင်ပါပဲ.. တီလေး မွေးနေ့ ရောက်ခါနီးမှာမှ တီလေးကော ကျွန်တော်ပါ ကြည်ညိုလေးစားရတဲ့ ဓမ္မစေတီ ဆရာတော်က ရုရှား သာသနာပြု ခရီး ကြွလာတယ်လေ.. နောက် တစ်ခုက ဆရာတော်ရဲ့ တရားသိမ်း ကိုလည်း တီလေးကော ကျွန်တော်ပါ အလွန်နှစ်သက် ကြတာ.. မနှစ်က တီလေး မွေးနေ့ကိုတော့ ဆရာတော်ရဲ့ တရားသိမ်းလေး မွေးနေ့လက်ဆောင် အဖြစ် ပေးဖြစ်ခဲ့တယ်.. ဒီနှစ်တော့ တီလေး မွေးနေ့မတိုင်ခင် တစ်ရက်အလို (19.07.2010) အာဇာနည်နေ့မှာ စိန့်ပီတာစဘတ် ABHIDHAMMA BUDDHAVIHARA မှာ ဆင်ယင် ကျင်းပတဲ့ ဓမ္မစေတီ ဆရာတော်ရဲ့ တရားပွဲက ကျွန်တော်ကိုယ်တိုင် ရိုက်ကူးလာတဲ့ ဓါတ်ပုံလေးတွေကို မွေးနေ့လက်ဆောင် အဖြစ် ပေးလိုက်တော့မယ်..

ဓါတ်ပုံတွေ ပေါ်မှာ ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့် ခုနှစ်က 2009 ဖြစ်နေတာတော့ သည်းခံကြပါလို့ ပြောပါရစေ။

တီလေးရေ.. နောက်ပြီး တီလေး မွေးနေ့မှာ သစ်ပင်ချစ်တဲ့ တီလေးအတွက်.. ဈင်သီလရှင် တစ်ပါး ရေးစပ်ထားတဲ့ သစ်ပင်နဲ့ ပတ်သတ်တဲ့ ကဗျာတစ်ပုဒ်ကိုလည်း မွေးနေ့လက်ဆောင် အဖြစ် ထပ်ပေးလိုက်တယ်နော်.. ဒီကဗျာလေးကိုတော့ သား ဂိုးလ်စတိန်းရဲ့ ကိုယ်တွေ့ဝိပဿနာ စာအုပ်ထဲက ရတာပါ.. တီလေး ကြိုက် မကြိုက်တော့ မသိဘူး.. သားတော့ ဒီကဗျာလေးကို စဖတ်မိကတည်းက တော်တော် သဘောကျမိတယ်..

ချစ်သောတီလေး စိတ်နှလုံး အေးမြပါစေ။



နွေနှောင်းကာလ ပြောင်းလဲသွားသော သဘာဝကို
ဤမျက်လုံးတွေ မြင်ခဲ့ဖူးတာ
လေးဆယ့် (-) ကြိမ် ရှိပါပြီ။
လမင်းသာကြောင်း
ငါပြောပေါင်းလည်း များလှပြီ။

ငါ့ကို နောက်ထပ် မမေးပါနှင့်တော့။
လေမတိုက်တဲ့ အချိန်မှာ
ထင်းရူးနဲ့ ဆီဒါပင်တွေပြောတဲ့စကားသံတွေကို
ကြားအောင်သာ နားစိုက်ပြီးထောင်ပါတော့။


ချစ်ခင်လေးစားစွာဖြင့်
သား
ကိုပြည့်စုံ
Tags: ,

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply