Latest News

*ကြွက်တစ်ကောင်ရဲ့ ရင်ခုန်သံ*


၂၀ ရာစုနှောင်း
ပြက္ခဒိန်တစ်ခုရဲ့ ရက်စွဲဟောင်းတစ်ခု
ဒီလိုနေ့မှာ
အမေ သားကိုမွေးခဲ့တယ်..
ကမ္ဘာမီးလောင်လည်း
သားကောင် ချမနင်းတဲ့ စိတ်နဲ့။

ဘာမှမသိ
အဖြစ်မရှိသေးတဲ့ ဒီကောင်
အမေ့ မေတ္တာတွေကြောင့်
လူလားမြောက်ခဲ့ပေါ့..
အမေ့ သတ္တိတွေနဲ့
ရဲသွေး နီခဲ့ပေါ့..
အမေ့ အနမ်းတွေဆမ်း
အပန်းပြေခဲ့ပေါ့..။

သားဆိုး မဟုတ်ပေမယ့်
အမေပေးတဲ့ ခွန်အားတွေနဲ့
သား..
အားအင်တွေလည်း တိုးခဲ့ပါတယ် အမေ။

သားကြားဖူးတယ်
အဖမဲ့သား ထရံကြားတဲ့
အမေ့ ကရုဏာတွေရံလိုက်တော့
ထရံကြားဆိုတာ ဝေလာဝေး
သားဘ၀ဟာ
ဝတိံဖျားတောင် ရောက်သွားသလိုပါပဲ အမေ။

အမေ သိလား..
သား အဓိဋ္ဌာန်ထားတယ်
ငယ်ငယ်ကသား ကြီးသော်အားတဲ့..
အမေပေးတဲ့ သွေး
ရဲ စေရမယ် အမေ။
အမေပေးတဲ့ မေတ္တာမိုး
မြေကမ္ဘာပေါ်
အသေအချာ ရွာသွန်း ဖြိုး မယ် အမေ။
အမေပေးတဲ့ အသက်
သူ တစ်ကာအတွက်
ဖြစ်စေရမှာပေါ့ အမေရယ်..။

ကျွန်တော့်ရဲ့ ချစ်ဂါဒီယမ် ရဲဖြိုးသူ (စကားဝါမြေ) ရဲ့ ငွေရတုမွေးနေ့ အမှတ်တရ…

လေးစားစွာဖြင့်
ဖိုးသား
8/8/2010, SUN:, 12:26:59 PM

Tags: ,

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. စာလာဖတ်ပါတယ်ခင်ဗျာ..
    အဖြူရောင်မေတ္တာလွှမ်းတဲ့ ကိုရဲအတွက် ကဗျာက အားအင်တွေ အပြည့်ပဲ။

    လေးစားမှုဖြင့်
    ဆန်းဝင်း(ကျောက်ပန်းတောင်း)

Leave a Reply