Latest News

*ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာတွင် ဗျာဓိမပါရခြင်းနှင့် ကမ္မဘ၀ကို ဟ (သို့)လ,အက္ခရာတွင် ထည့်သွင်းမှု*


ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ နံပါတ် (၃) အကွက်မှာ ကမ္မဘ၀ကို ဟ (သို့) လ,အက္ခရာအတွင်း ထည့်သွင်းရခြင်းနှင့် နံပါတ် (၄) အကွက်မှာ ဗျာဓိ မပါရှိရခြင်းကို ကျွန်တော် စိတ်မရှင်း၍ ကိုဝိမုတ္တိသုခမှ တစ်ဆင့် ဆရာတော် အရှင်ဇ၀န (ပူနေး) ထံ မေးလျှောက်ဖြစ်ခဲ့ ပါတယ်..။ ဆရာတော် ဖြေပေးသော အဖြေကို သိသင့်သိထိုက်သည် ထင်၍ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ..။

သို့
ဒကာတော်
ဒကာတော်မေးသော မေးခွန်းများ၏ အဖြေများသည်ကား အောက်ပါအတိုင်း ဖြစ်ပါပေ၏။

(၁) ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတတိယကွက်တွင် ကမ္မဘ၀ကို ထားရာ၌ ဟအက္ခရာ သို့မဟုတ် လအက္ခရာအတွင်း တစ်ဘက်မှ ကမ္မ တစ်ဘက်မှ ဘ၀ သွင်း၍ထားသည်ကို တွေ့ကြရမည်ဖြစ်၏။ အဓိပ္ပါယ် ဖော်ပြလိုသည်ကား ဤတတိယ အကွက်တွင်ရှိသော ဘ၀သည် ဥပတ္တိဘ၀ မဟုတ်၊ ကမ္မဘ၀ဟု သိစေလို၏။ သို့ဖြစ်၍ ကမ္မဟူသော ဂုဏ်ထူးဂုဏ်ပုဒ်ကို ပေါ်အောင် ဟအက္ခရာ သို့မဟုတ် လအက္ခရာ အတွင်း၌ တစ်ဘက်တွင် ကမ္မပြီးမှ အခြားတစ်ဘက်တွင် ဘ၀သွင်း၍ ပြထားသည်။

ထို့သို့မသွင်းဘဲ (တဏှာတို့လို၊ ဥပါဒါန်တို့လို) အကုန်လုံးဝိုင်း၍ ပြခဲ့သော် နောင်လာ နောင်သားများက အထင် မှားသွားနိုင်စရာ ရှိ၏။ ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဟူ၍ ဘုရားဟောတော် မူလေသလောဟု ထင်မှားသွားနိုင်၏။ ထင်မှားသွားလျှင် ဥပါဒါနပစ္စယာ ဘဝေါ ဟူသော မူရင်း ပျောက်သွားမည်။ ထို့ကြောင့် မူရင်းဘ၀လည်း မပျောက်ရအောင် ကမ္မဆိုတဲ့ ဂုဏ်ထူးပုဒ်လည်း ပေါ်လွင်အောင် ကမ္မဘ၀ဟူ၍ ရေးသား ဖေါ်ပြထားကြသည်။ ဟအက္ခရာ၊ သို့မဟုတ် ထဆင်ထူး အက္ခရာတို့၌ လည်းသွင်း၍ပြနိုင်၏။ ထို့အတူ ဥပပတ္တိဘ၀ ကိုလည်း ဂုဏ်ထူးဂုဏ်ပုဒ် ပေါ်အောင် တစ်ဘက်တွင် ဥပပတ္တိ၊ တစ်ဘက်တွင် ဘ၀သွင်း၍ ပြနိုင်ပါ၏။

(၂) ဇရာမရဏ (အိုခြင်းသေခြင်း) ဖြင့်ပင် ဗျာဓိ (နာခြင်း)ပုဒ်ကို သိမ်းယူထားပြီး ဖြစ်သောကြောင့် သို့မဟုတ် ဇရာ(အိုခြင်း) မရဏ(သေခြင်း) အဓိပ္ပာယ်ဖြင့်ပင် ဗျာဓိ(နာခြင်း) အဓိပ္ပါယ် ပါသွားပြီး ဖြစ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းတွင် ဗျာဓိကို မထည့်တော့ပါ။ (သမာဝဟတိ ဗျာဓိဉ္စ၊ ဇရာမရဏ ဘေဒနံ (ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ (ပ)အုပ် စာမျက်နှာ(၁၃၈)

ကျန်းမာချမ်းသာပါစေ ဒကာတော်!

With Infinite Metta
Yours in Dhamma
Ashin Javana
University of Pune, Pune City, India

လေးစားစွာဖြင့်
ဖိုးသား

8/25/2010, WED:, 8:17:42 PM

Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply