Latest News

*ယောကျာ်းတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်*

မင်္ဂလာပါညီလေး...

>>>အစ်ကို ဆရာ တော် အရှင် ဆန္ဒာ ဓိက ရေးသား တဲ့ မိဘ ကျေးဇူး ဆပ်နည်း စာအုပ် ကို ညီလေး တို့ ဆီက ညီလေး မျိုးထွန်း ထွန်း ဆီကို လာတုန်း က ဖတ်လိုက် ရပါ တယ်.. အဲဒီမှာ အကို့ရဲ့ စိတ် ခြေရာ ဦးတည် ချက်က တရား ဓမ္မ ဖက်ကို လှည့်သွား တာပါပဲ။

>>>အစ်ကို စဉ်းစား ခဲ့တာ တစ်ခုကို ပြောပြ ပါ့မယ်.. ဒီ အချိန်မှာ ဒီကနေ ပြည်တန် ပတ္တမြား တစ်လုံး ကို မိဘကို ကျေးဇူး ဆပ်တဲ့ အနေနဲ့ ပို့လိုက် ရင် အဲဒါ ကို ထုရခက်၊ ခွဲရ ခက်နဲ့ ငါ့သား က ပို့လိုက် တဲ့ အဖိုး တန် ပစ္စည်း လို့ လောဘ တက်မယ်။ အဲဒီ ပတ္တ မြား က မိဘ တို့ရဲ့ နှလုံး သားကို လှည့်စား သွေး ဆောင် ပြီးတော့ အပယ်ကို ပို့သွား နိုင်တယ်။ အနှစ် သာရ ရှိတဲ့ တရား တစ်ပုဒ် ပို့လိုက် လို့ မိဘတို့ နာကြား လိုက်ရင် တော့ဖြင့် နာတဲ့ အခိုက် လည်း ငြိမ်းချမ်း မယ်။ အဲဒီ တရား နာမှု အသိ တရားကို နှလုံးသွင်း ဆင်ခြင်၍ သေသည် အထိ မဂ် မဆိုက် အုံးလော့၊ နောင် ဘဝ မှာ တရား ထူး ရနိုင်ပြီး ဒုက္ခမီး ငြိမ်း လိမ့်မယ်။ အခု အချိန်မှာ ကိုယ့်မှာ ငွေ ၁၀၀ မရှိလို့ သူငယ် ချင်း ဆီက ယူပြီး ပို့ပေး လိုက်ရင် လည်း မိဘတို့ သုံးစွဲ အသုံး ပြုနိုင် တဲ့ သဘော ပဲ။ ဒီ လိုဆိုရင် ကိုယ်တိုင် မဟော နိုင်ရင် လည်း ဆရာတော် ဘုရားကြီး တွေ ဟောတဲ့ တရား ကို မိဘ တို့ကို နာဖို့ ပေးပို့ တိုက်တွန်း လို့ မိဘ တို့က နာယူ ပြီးနောက် နှလုံးသွင်း ဆင်ခြင် ရင်တော့ ဖြင့် မိဘကို မိမိ အနေ ဖြင့် မြတ်စွာ ဘုရား ရှင် မှ အစ ပြု၍ အရိယာ သူတော် စင်တို့ မိဘ ကျေးဇူး ဆပ်တဲ့ နည်းနဲ့ ဆပ်ရာ ရောက် တာပဲ ဆိုပြီးတော့ တွေးတော သုံးသပ် ပါတယ်။ ငါ ငယ်ငယ် တုန်း ကတော့ စာ မကျက် ရင် အမေ မဟုတ်ရင် အဖေက ဘေးနားက ထိုင် ပြီးတော့ စာကျက်ဖို့ ခဏ ခဏ တိုက်တွန်း ပေးနေ ခဲ့ရ တယ်။ ဒီစက်က ခဏ ခဏ နှိုးမှ ရတဲ့ စက်လို့ ပြောရတဲ့ သဘော ဖြစ်ခဲ့တယ်။ အခု ကျတော့ မိဘ တို့သည် နေ့စဉ် နဲ့အမျှ မိသားစု တာဝန် တွေပိလို့ ကိလေသာ နွံမှ ရုန်းထွက် ရခက် အကျပ် အတည်း ဖြစ်နေတဲ့ အခါ ရုန်းမှသာ လွတ်မှာ မို့ ရုန်းထွက် ဖို့ အတွက် မိမိက ခဏ ခဏ မိဘ တွေကို သတိပေး နှိုးဆော် ရ တော့မယ့် အခြေ အနေ ကို ရောက်လာ ပြီ။ ဒီတော့ ငါက အမြဲ မပြတ် သတိပေး နှိုးဆော်မှု ပြုရမယ် ဆိုတဲ့ ဆုံးဖြတ် ချက်တွေ ချခဲ့ ပါတယ်။

>>>အဲဒါနဲ့ မိဘ ကို ပို့ပေး မယ့် တရားကို ရှာရင်းဖြင့် မိုးကုတ် ဆရာတော် ဘုရားကြီး ၏ တရားနဲ့ ရင်းနှီး မိတ်ဆက် ခွင့် ရခဲ့တာ ပါပဲ။ မိဘကို ကျေးဇူး ဆပ်မယ် ဆိုတဲ့ စိတ်က အများကြီး ကျေးဇူး ပြုတယ် လို့ အစ်ကို ခံယူပါ တယ်။ ဆရာတော် ဘုရား ကြီး၏ တရား ကို နာတော့ နာရုံ သာ နာရတဲ့ တရား မဟုတ်မှန်း သဘော ပေါက်ခဲ့ ပါတယ်။ နာပြီး ကျင့်မှ သဘော မိတဲ့ အလုပ်မှန်း သဘော ပေါက်တော့ အားထုတ် ဖြစ်ခဲ့ ပါတယ်။ ပိုမို ပြီးတော့ ကြောင်း ကျိုးဆက် ကျေးဇူး များသွား တာပေါ့။

>>>ဒီလို နဲ့ မိဘရဲ့ စရိုက်နဲ့ ကိုက်ညီ မယ့် တရားတွေ ရွေးထုတ် ပြီးတော့ ဓမ္မ အလှူ ဖြင့် ကျေးဇူး ဆပ်နေ ပါတယ်။ အခုက ကိုယ်တိုင် အားပါး တရဖြင့် ပြောပြ ပြီးတော့ အတူ လက်တွဲ အားထုတ် ချင်တဲ့ စိတ်က ထက်သန် နေပါ တယ်။ ပြီးတော့ အမေ ဖက်က အဖိုး အဖွား ကို ကျေးဇူး ဆပ်လိုတဲ့ ဆန္ဒ အားဖြင့် တိုတိုနဲ့ လိုရင်း ထိမိတဲ့ မိုးကုတ် ဆရာ တော် ဘုရား ကြီး၏ တရား တော်တွေ ထဲမှ အဖိုး အဖွားတို့ အတွက် လိုက်ဖက် မည့် တရားကို အစ်ကို ရွေးထုတ် ကျေးဇူး ဆပ်ခွင့် ရပါ တယ် ... အစ်ကို့ မိဘ နဲ့ အဖိုး ကတော့ မိုးကုတ် တရား စခန်း တွေဝင်လို့ ဆရာ တော် ဘုရား ကြီး တရား တွေကို နာပြီးတော့ အားထုတ် ဖူးပါတယ်။ အဖွား ကကျန် တော့ အကို့မှာ စိတ်ပူ ရပါ တယ်။ အဖွား ကိုတော့ တရား နာခွင့် ရအောင် အကို စီဒီ ပို့ပေးပြီး တရား နာဖို့ တိုက်တွန်း ထား ပါတယ်။

>>>ဘိုးဘွား မိဘ တို့သည် ကိုယ့်မြေး ကိုယ့်သား တို့က တိုက်တွန်း နှိုးဆော် မှုကို ရလို့ ရတဲ့ အချိန်မှာ ပီတိ ဖြစ်ရ တယ်။ ကိုယ့်မြေး သား တို့ အပေါ် မှာ စိတ်နှလုံး ဒုန်းဒုန်း ချ၍ ကျေနပ် အားရ ကြရ တယ်။ ကိုယ့်မြေး သား တို့က တိုက်တွန်း တဲ့အတွက် အလေး အနက် ထားပြီး တော့ လုပ်ဆောင် ကြတယ် .. စသည့် ဖြင့် အကြောင်း အကျိုး ကျေးဇူး ဆက်စပ် ၍ ကောင်း မြတ် တဲ့ လက္ခ ဏာ များ အများ ကြီး ဖြစ်သွား နိုင်ပါ တယ်။ အဲဒီ တုန်းက တရား တွေနာ ရရင် မိဘ တွေကို လည်း ကြားနာ ခွင့် ရစေ ချင်လိုက် တာ၊ အဖိုး အဖွား တို့ကို လည်း ကြားနာ ခွင့် ရစေ ချင် လိုက်တာ ဆိုတဲ့ စိတ်တွေ တဖွား ဖွားပဲ ဖြစ်ပြီး တော့ တဖွား ဖွားပဲ ပျက်သွား ရပါ လား ဆိုတာကို တရား နာရင်းဖြင့် သတိဝင် အသိ မြင်ခဲ့ ပါတယ်။ အစ်ကို ဆိုလို တာက ရှုရတဲ့ တရား ကို အသုံး ချတတ် ဖို့ပါ။ ဒါကတော့ အလုပ် ကလေး ကို ပြောလိုက် တာပါ။ အဲဒီ လိုပဲ ညီလေး အစ်ကို ဆရာ တော် အရှင် ဆန္ဒာ ဓိက ရေးသား တဲ့ *မိဘ ကျေးဇူး အကျေ ဆပ်နည်း* စာအုပ်ကို ညီလေး မျိုးထွန်း ထွန်းရဲ့ တိုက်တွန်း မှုဖြင့် ဖတ်လိုက် ရတဲ့ ကျေးဇူး ကြောင့် ပါပဲ ညီလေး။ ဆရာ တော်ရဲ့ ကျေးဇူး၊ ညီလေး မျိုးထွန်း ထွန်းရဲ့ ကျေးဇူး က အများ ကြီး ကျေးဇူး များ ပါတယ်။ အစ်ကို့မှာ တရား ဖြင့်သာ ကျေးဇူး ဆပ်မှ ကျေတော့ မှာမို့ တရား ဖြင့်သာ ကျေးဇူး ဆပ်ဖို့ ကြိုးစား နေပါ တယ်။

>>>အခု ညီလေး ရေးတဲ့ *တတ်သမျှ ဆပ်ကြရအောင်* စာကို ဖတ်ရလို့ အစ်ကို သတိ ရလို့ ဖွင့်ဟ ပြောပြ တာပါ။ သူတော် ဆည်းကပ် ရခြင်း ၏ အကျိုး ကျေးဇူး က အင် မတန် များပြားတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ အစ်ကို့ အတွက် ကတော့ ညီလေး မျိုးထွန်း ထွန်းက သူတော် ကောင်း စင်စစ် နီးစပ် ခွင့် ရခဲ့တဲ့ ညီလေး ပါပဲ။ ညီလေး .. ကြိုးစား ပါလို့ပဲ တိုက်တွန်း ပါတယ် ညီလေး မှာက ဝါး၊ သစ်တို့ ဖြင့် ပြည့်စုံ နေပြီ .. အိမ် ဆောက်ဖို့ ပဲ ကျန်တော့ တယ်။ ညီလေး က ကြိုးစား ပါတယ် ... အောင်မြင် ပါစေ ညီလေး .. ။ ။

လေးစားစွာဖြင့်
ဝင်းမြင့်

>>ဒီ အကြောင်း အရာ လေးက တော့ ကျွန်တော့် ရဲ့ အစ်ကို ကို ၀င်းမြင့် ရဲ့ ဖွင့်ဟ ၀န်ခံ ချက် လေးပါ .. ။ ထူးခြား တာက ကျွန်တော် နဲ့ ကို ၀င်းမြင့် ဒီ နှစ်ဦး စလုံး ကို ဆရာ တော် အရှင် ဆန္ဒာ ဓိက ရဲ့ စာအုပ် တစ်အုပ် တည်းက မိဘ ကျေးဇူး ဆပ်တတ် အောင် ကျေးဇူး ပြုသွား တာပါ။ အားလုံး သော မိတ် ဆွေ တို့လည်း မိဘ ကျေးဇူး အကျေ ဆပ်တတ် ကြပါ စေ၊ ဆပ်နိုင် အောင် လည်း အားထုတ် နိုင်ကြ ပါစေ လို့ ဆန္ဒပြု ဆုတောင်း ရင်း ...

လေးစားစွာဖြင့်
ပြည့်စုံအောင်
29.11.2008, SAT:, 12:58:33 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply