Latest News

စိတ်



စိတ်

>>>လူကို ဦးဆောင်နေတာ စိတ်ပဲ သူငယ်ချင်းရေ…။

>>>စိတ်ကို ချမ်းသာ ပါစေ၊ စိတ်ကို တည်ငြိမ် ပါစေ၊ စိတ်ကို ခိုင်မာ ပါစေ၊ စိတ်အနှောင့် အယှက် မဖြစ် ပါစေနဲ့၊ စိတ်မကုန် ပါစေနဲ့၊ စိတ်ဓါတ် မကျပါစေနဲ့။

>>>စိတ်သွားတိုင်း ကိုယ်ပါ နိုင်ပါစေ၊ ဒါပေမယ့် စိတ်လိုက် မာန်ပါ မလုပ် မိပါစေနဲ့၊ စိတ်ရှည် လက်ရှည် သည်းခံ တတ်ပါစေ၊ စိတ်ရူးပေါက်ပြီး ထင်ရာမစိုင်း ပါနဲ့။

>>>စိတ်ဝင် စားမှု ရှိတဲ့ လမ်းကို ရွေးချယ် လျှောက်ပါ၊ စိတ်လှုပ်ရှား မှုဖြစ်စေတဲ့ ဆွဲဆောင် ဖျားယောင်း မှုတွေကို ရှောင်ပါ၊ စိတ်တိုင်း ကျဘ၀ တစ်ခုကို တည်ဆောက် နိုင်အောင် ကြိုးစားပါ။

>>>စိတ်ပျိုတော့ ကိုယ်နုသတဲ့ ဟေ့ကောင်၊ စိတ်ထောင်း တော့ ကိုယ်ကျေရ သလိုပဲ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်ဖို့ အရေးကြီး လှတယ်။

>>>စိတ် သက်သာ ရာရဖို့ စဉ်းစားပါ၊ စိတ်ပူပန် မှုတွေကို လျော့ပါ၊ စိတ်ပင်ပန်း မခံပါနဲ့။

>>>စိတ်ထက်တာ ကောင်းပါတယ်၊ ဒါပေမယ့် စိတ်ထန် တာတော့ မကောင်းဘူး၊ စိတ် တိုတာ၊ စိတ်ဆတ် တာဟာလည်း မကောင်းတဲ့ စရိုက်တွေပဲ သူငယ်ချင်း၊ စိတ်ပုပ် စိတ်ယုတ် တွေလည်း ၀င်မလာ စေနဲ့ နော်။

>>>သူငယ်ချင်း ရေ… စိတ်ကူး ယဉ်မနေ နဲ့ကွာ၊ စိတ်ဆန္ဒ ရှိတဲ့ အတိုင်း စိတ်ပါ လက်ပါ ကြိုးစား စမ်းပါ၊ စိတ်တိုတာ စိတ်ဆတ် တာဟာလည်း အချိန်ပို အလုပ်ပိုတွေ ဖြစ်တယ် ဆိုတာ မင်းသိပြီး သားပဲ။

>>>စိတ် မလောနဲ့၊ စိတ် မစောနဲ့၊ စိတ် မောရလိမ့် မယ်၊ စိတ် မမြန် နဲ့၊ စိတ် မယိုင် နဲ့၊ စိတ် ထိန်းတတ် ရမယ်။ စိတ်ထား မြင့်မြတ် ရမယ်၊ စိတ်ဓါတ် ဖြူစင် ရမယ်၊ စိတ်သဘော ဖြောင့်မတ် ရမယ်။

***စိတ်ရင်း စေတနာ ထက်သန်ပါစေ။
***မေတ္တာ စိတ် မွေးနိုင် ပါစေ။
***စိတ်ကို လူက နိုင်ပါစေ။
***စိတ်သာ အဓိက ပါပဲ သူငယ်ချင်း ရေ… ။ ။

ဖြိုးသာရရဲ့ သားအတွက် (၂) ထဲကပါ။ အကျိုး များမယ် ထင်လို့ မျှဝေလိုက် ရတာပါခင်ဗျာ။ ဒီ စာအုပ်လေး ကိုတော့ 26.12.2007, WED: နေ့က ကျွန်တော် ဖတ်ဖြစ် ခဲ့ပါတယ်။

လေးစားစွာဖြင့်
ပြည့်စုံအောင်

11/21/2008, WED:, 21:10:16 pm
http://sonesiyar.blogspot.com/
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply