Latest News

*မေတ္တာဖြင့်စီရင်အပ်သော (သို့) မင်္ဂလာရှိသောနေ့*



ဘာလေးတွေလဲ
ဖြူလွလွရောင်စဉ်တန်းလေးတွေ
ကြယ်ကြွေတာလား… မနက်ခင်းကြီး
ငါမြင်ဘူးပါတယ်
အော်…
မသိခြင်းတွေနဲ့ မေ့လျော့နေလိုက်တာ
ချစ်စရာနှင်းပွင့်လေးတွေပါလား
သံသရာ တစ်ကြော့
ပြန်လည်လို့ခေါင်းမော့လာပြန်ပြီ။

ဟော…
စိမ့်ကနဲ စိမ့်ကနဲနဲ့
အေးချမ်းမှုအရသာလေးတွေ
လာပြီးတို့ထိ ဆော့ကစား
ငါ့ကိုကြည်စားနေပြန်ပြီ။

အဲ…
ဘာလိုလိုနဲ့
ငါနဲ့နှင်း
နှင်းနဲ့ငါ
မခွဲမခွါ ပျော်ပါး
သစ္စာတွေထား
မေတ္တာတွေပွား
ကြည်နူး ပျော်ပါး
ရန်ဖြစ်
ပြန်ချစ်
… … …
… … …
နှစ်ဆယ့်ခုနစ်နှစ် ပြည့်ပြီ။

ငါ..ဘာဖတ်နေတာပါလိမ့်
အော်.. မသိခြင်းငါးမျိုး
ဘယ်အရွယ်မှာ သေမှာလဲ…?
ဘာရောဂါနဲ့ သေမှာလဲ…?
ဘယ်အချိန်မှာ သေမလဲ…?
ဘယ်သုဿာန်မှာ စွန့်ပစ်ခံရမလဲ…?
ဘယ်ဘ၀ ရောက်မလဲ…?
မသိ
မသိ
ငါ.. လုံးဝမသိ။

ထား…
ငါဘာသိလဲ
နှင်းပွင့်ကြွေကျ
အေးမြမှု အရသာ
ရောင်ဝါလာရင် ပျက်စီး
ဒါ.. ငါသိပြီးသား။

နောက်
ဘ၀ရေလှိုင်းထဲ
ငါကူးခတ်ခဲ့
စုန်ချည် ဆန်ချည်
မြင့်ချည် နိမ့်ချည်
ကွေ့ချည် ကောက်ချည်
ငါရောက်ခဲ့ဘူးပြီ။

စဉ်းစားစမ်း
နှင်းကျေနပ်အောင်
ငါဘာလုပ်ဖို့ ကျန်သေးလဲ
ဆက်ဖတ်လိုက်တယ်
အနေတတ်ခဲ့
သေတတ်ရန်သာ ကျန်၏။ ။

အစ်ကိုရေ.. အစ်ကိုရဲ့ မွေးနေ့ ပွဲအတွက် ဦးဦးဖျားဖျား မွေးနေ့လက်ဆောင် ပေးချင်လို့ ဒီကဗျာလေးကို မွေးနေ့မတိုင်ခင် ညီပို့လိုက်ရပါတယ်..။ အစ်ကို့ရဲ့ ညီငယ်တစ်ယောက်အနေနဲ့ ကော ဓမ္မမိတ်ဆွေတစ်ယောက် အနေနဲ့ပါသဘောထားပြီးလက်ခံပေးပါ။ အရင်တစ်ခေါက်ကတော့ အမြည်းပေါ့ အစ်ကိုရာ..။
>>ဤမွေးနေ့မှသည် နောင် ၀ိဥာဏ်ချုပ်သည့် တိုင်အောင် တရားနှလုံးသွင်းပြီး အေးမြငြိမ်းချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေကြောင်း၊ ခန္ဓာ့ဝန်၊ သာသနာ့ဝန်ကိုလည်း ကိုလည်း လွယ်လွယ် ကူကူ ဆောင်ရွက်နိုင်စေကြောင်း ဒီကဗျာလေးနဲ့အတူ ဆုတောင်းရင်း မေတ္တာပို့သလိုက်ပါတယ်…။


လေးစားစွာဖြင့်
ပြည့်စုံအောင်
23.11.2008, SUN:, 09:55:45am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply