Latest News

ဧည့်သည်


ကျွန်တော် ဒီ သံဝေဂ ကဗျာ လေးကို ပါးစပ်က အလွတ် ရနေတာ တော်တော် ကြာပါပြီ..။ ခုမှပဲ ကိုအောင်ဦးရဲ့ ဧည့်သည်ကို ဖတ်မိလို့ သတိရပြီး ရေးဖြစ်တာပါ။ တော်တော် များများနဲ့ ရင်းနှီး ပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

လာတုန်းကလည်း ၊ တစ်ယောက်တည်း(ထဲ)နော်
လက်တွဲခေါ်ကာ ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။

ပြန်သွားတော့လည်း ၊ တစ်ယောက်တည်း(ထဲ)နော်
လက်တွဲခေါ်ကာ ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။

လာပြီးတော့နား ၊ မသွားသေးခင်
ချိန်လေးတွင်မှ ၊
ဝန်းကျင်ယှက်နွယ် ၊ နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ၊ ချစ်မုန်းပိုကြ
မလိုဒေါသ ၊ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ၊ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် ၊ လက်တွဲဖြုတ်ကာ
သုတ်သုတ်စောလျင် ၊ ခရီးနှင်သည်
တို့များဧည့်သည်ပါတကား။ ။

လေးစားစွာဖြင့်
ပြည့်စုံအောင်

11/23/2008, SUN:, 16:14:24 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. သာဓု သာဓု သာဓု

Leave a Reply