မင်္ဂလာပါခင်ဗျာ…
ကျွန်တော့်ကို ကျွန်တော့် ဆရာတစ်ယောက် ပြောဘူးတာရှိပါတယ်…။ သူနိုင်ငံခြားကို PhD သွားတက်တုန်းက အကြောင်းအရာလေးပါ..။ ဘာလဲဆိုတော့ တစ်ရက်မှာ ဆရာက သူ့ရဲ့ supervisor ဆီကို စာမေးမလို့သွားတယ်တဲ့..။ အခန်းဝလည်းရောက်ကော… သူ့ဆရာအခန်းထဲမှာ သူ့ဆရာနဲ့အတူ အခြားပုဂ္ဂိုလ်တစ်ယောက် အပြိုင်အဆိုင် အခြေအတင် ငြင်းနေတာ တွေ့တယ်တဲ့…။ တစ်ခါတစ်ခါ ထသတ်တော့မယ့် အတိုင်းပဲတဲ့ .. ငြင်းကြတာပြောပါတယ်..။ အဲဒါနဲ့ ကျွန်တော့ဆရာလည်း ခဏလောက်စောင့်ကြည့်ပြီး အပြင်က ဆိုင်တစ်ဆိုင်ကနေ သူ့ဆရာကို စာမေးဖို့ စောင့်နေတယ်တဲ့..။ အဲ .. နာရီဝက်လောက်လည်းကျရော မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို ကျွန်တော့်ဆရာက သွားတွေ့လိုက်တယ်တဲ့..။ ကျွန်တော့်ဆရာ မြင်လိုက်တာက ခုနက ထသတ်တော့မယ့်အတိုင်း ငြင်းခုံနေကြတဲ့ သူ့ဆရာနဲ့ စောနပုဂ္ဂိုလ်ဟာ လည်ပင်းဖက်ပြီး ရယ်ရယ်မောမောနဲ့ ခုနက ငြင်းခုန်နေကြတာ သူတို့ပဲ မဟုတ်သလို ဆိုင်ကိုလာနေတာ လှမ်းတွေ့လိုက်တယ်တဲ့..။ ကျွန်တော့်ဆရာလည်း တော်တော်လေး အံသြသွားတာပေါ့..။ ဒါနဲ့ ကျွန်တော့် ဆရာလည်း မနေနိုင်တာနဲ့ သူ့ဆရာကို ခုနပုဂ္ဂိုလ်ရှေ့မှာပဲ မေးတယ်တဲ့..။ ခုနကတော့ ထသတ်တော့မလို ငြင်းခုန်နေကြပြီး အခုကျတော့ ဘာဖြစ်လို့ လည်ပင်းဖက်ပြီး ငယ်ပေါင်းကြီးဖော်လို ဖြစ်သွားတာ လဲ ပေါ့..။ အဲဒီအခါ.. ကျွန်တော့်ဆရာရဲ့ ဆရာက ခုလိုပြန်ဖြေတယ်တဲ့..။
>>>ငါတို့က အကြောင်းအရာတစ်ခုကိုပဲ အဖြေထွက်အောင် ငြင်းခုန်တာပါကွာ… ပုဂ္ဂိုလ်စွဲနဲ့ ငြင်းခုန်တာ မဟုတ်ပါဘူး တပည့်ရာ… ဒါမှလည်း အဲဒီ အကြောင်းအရာနဲ့ ဆိုင်တဲ့အရာက တိုးတက်သထက် တိုးတက်မှာပေါ့ ကွာ.. တဲ့…
ဟုတ်ကဲ့ … ရုရှားစကားပုံလေးတစ်ခုနဲ့ပဲ အဆုံးသတ်လိုက်ပါ့မယ်..
**ငြင်းခုန်ခြင်းဖြင့် အဖြေမထွက်နိုင်ပါ..၊ လက်တွေ့လုပ်ကြည့်မှ သိပါမယ်**
လေးစားစွာဖြင့်
ပြည့်စုံအောင်
23.11.2008, SUN:, 07:36:58 pm
pyaesoneaung2007@gmail.com
0 comments