Latest News

စွဲထင်ခဲ့သော သဘောများ


**ဘုရားရှင်ကို ကြည်ညိုမှုတွေနဲ့ အတူ လွမ်းဆွတ် သတိရမိတယ်ဗျာ…။ တကယ်လို့ ဘုရားရှင်သာ ခုချိန်မှာ ရှိနေမယ်ဆိုရင် … ညီ ထင်ပါတယ် အစ်ကိုတို့… ဒီလိုအဖြစ်မျိုးကို ကြိုက်လိမ့်မယ် မဟုတ်ဘူးလို့…။
ရှင်တော်မြတ်ဘုရား ဘာကြိုက်လဲ… သိပြီးသားတွေပါပဲလေ…
>>အကျင့်နဲ့ ပူဇော်တာ အကြိုက်ဆုံးဆိုတာ..<<

**သင်္ခါရေ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော ၀ိပဿတိ - သင်္ခါရေသည် ပျောက်ပျောက်သွားတဲ့တရားသဘောကို -အနိစ္စတော အနိစ္စအားဖြင့်လည်းကောင်း၊ ဒုက္ခတော - ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တတော အနတ္တအားဖြင့်လည်းကောင်း ၀ိပဿတိ-၀ိပဿနာရှု၍ နေ၏။

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသော ( တရားမြင်မှ ဘုရားမြင်တယ် (၀က္ကလိရဟန်း) တရားတော်မှ ကောက်နုတ်ဖော်ပြချက်ပါ။

**ရုပ်နှင့်နာမ်အတူရှိသော တရားတို့ကို မျက်မှေက်ပြုနိုင်ပါစေ။
**ရုပ်ရုပ်ချင်း နာမ်နာမ်ချင်း ထင်ရှားစွာသိနိုင်ပါစေ။
**ရုပ်မှနာမ်သို့ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိနိုင်ပါစေ။
**ရုပ်နာမ်နှစ်ပါးတို့ ၏တည်ရာကို သိနိုင်ပါစေ။
**ရုပ်နှင့်နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံနိုင်ပါစေ။
**သညာသိမှ ပညာသိသို့ လျှောက်လှမ်းနိုင်ပါစေ။

**မနေ့က မှထပ်ဖတ်မိတာလေးပါ..
>>>ငါနှင့်ငါသာ နှိုင်းစရာဟု၊
ပညာမုန်ယို အရွယ်ပျိုက၊
မဆိုစလောက် မာန်ဆောင်မြောက်၏…။

**စကား စကား ပြောဖန်များက စကားထဲက ဇာတိပြ၍ မာနတံခွန်ထူတတ်သည်၊
တရား တရား ဟောဖန်များက တရားထဲက ပါဠိရ၍ ဒါနအလွန် လှူတတ်သည်။
(ဖိုးသူတော် ဦးနု)

**အလှမ်းကျယ်ရင် အလယ်လပ်တတ် သတဲ့

**ကျွန်တော်လည်း ငြင်းခုံတဲ့ အဖြစ်မျိုး ကြုံဖူးပါတယ်… ကျွန်တော့်ဆရာကို ပြောပြတော့ ဘယ်လိုဆုံးမတယ် ထင်သလဲ
>>မိမိစိတ်တစ်ခုကိုပဲ ကောင်းအောင်စောင့်ရှောက်ပါ ညီ….တဲ့။

**မိခင်က တစ်ဦးတည်းသော သားအပေါ်ထားတဲ့ မေတ္တာစိတ်မျိုး ထားနိုင်ကြပါစေ…။

**ဆရာတော်အရှင်ဆန္ဒာဓိ ကရေးတာပါခင်ဗျာ.. ဓမ္မပဒ ထဲကပါ
>>အမိုးကျဲရင် မိုးရွှဲမယ်<<

**As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

**သူများကောင်းတာ မကောင်းတာ ဝေဖန်နေရမဲ့ အချိန်မဟုတ်တော့ပါဘူး၊ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ရောက်နေပါပြီ၊ ဘာလို့လဲဆိုတော့ သေဖို့က တဖြေးဖြေး နီးလာပြီလေ..။
ရဝေနွယ် (အင်းမ)

**ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါစေနဲ့
>>For men may come and men may go, but I go on forever.
ညီ ကိုးတန်းတုန်းက သင်ခဲ့ရတဲ့ The Brook ကဗျာလေးထဲကပါ..။
>>လူတွေ ဟာ မွေးဖွာလိုက် သေဆုံးလိုက် ဖြစ်နေပျက်နေ ကြပေမယ့် ကျွန်တော် မောင်စမ်းချောင်းလေးကတော့ စီးဆင်းမြဲ စီးဆင်းနေဆဲပါတဲ့…။<<

**မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ..


ဒါလေးတွေက အစ်ကိုတို့တစ်တွေ သိပြီးသားတွေချည်း ဖြစ်ကြမှာပါ..။ အစ်ကိုတို့ အပေါ် ဆရာလုပ်လိုစိတ်နဲ့ ပြောလိုခြင်း မဟုတ်ဘူးဆိုတာ ညီ့ကိုယ်ညီ အသိဆုံးပါအစ်ကိုတို့..။ နားလည်ပေးနိုင်မယ်လို့ ညီမျှော်လင့်ပါတယ်..။

လေးစားစွာဖြင့်
ညီ
24.11.2008, MON:, 04:43:25 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply