Latest News

စိတ်ဆင်ရိုင်းချွန်းနဲ့အုပ်


မင်္ဂလာပါ အစ်ကို

ဒီအတော အတွင်း ညီ စာတွေ ရေးချင် နေခဲ့ပါတယ် အစ်ကို။ ဒါပေမယ့် ညီ့စိတ် ကိုညီ ချိုးနှိမ် ထားခဲ့ ပါတယ်။ ဖြစ်ပျက် လည်း ပြန်ရှု ပါတယ်။ ဒါပေမယ့် ဒီမနက် အခြေ အနေ တော်တော် ဆိုးတယ် အစ်ကို။ ဖြစ်ပျက် ကိုတောင် မမြင်နိုင် လောက် အောင် အထိ ဖြစ်သွား တယ်။ အိပ်ယာ စနိုး အတည်းက တအားကို ရေးချင် နေတာ။ မေတ္တာ အကြောင်း လေးပါ။ ဥပေက္ခာ နဲ့ ယှဉ်တဲ့ မေတ္တာ မျိုးပေါ့။ ဒါနဲ့ မျက်နှာသစ် (အဲဒီ အချိန် မှာတော့ ဖြစ်ပျက် မြင်အောင် သစ်ပါတယ်) ၊ သွားတိုက်၊ ကိုယ့်နေရာ ကိုယ် ပြန်လာ၊ အပြင်ကို ငေးပြီး ဘယ်လို ရေးရင် ကောင်းမလဲ အရင်ဆုံး ကြံစည်တယ်။ ဒါနဲ့ ရေးမယ်၊ အစ်ကို့ ကိုလည်း နောက်မှပဲ တောင်းပန် တော့မယ် ဆိုပြီး ကွန် ပျူတာ ဖွင့်ဖို့ ခေါင်းလေး အလှည့် ဖျတ်ခနဲ ဆို အစ်ကို့ စကား တွေကို သွားကြား လိုက်မိ သလို အစ်ကို့ မျက်နှာ ကိုပါ မြင်ယောင် လိုက်မိတယ်။ ရေးချင်တဲ့ စေတနာ နဲ့ ယှဉ်တဲ့ စိတ်ကို ဖြစ်ပျက် ပြန်ရှု ရမယ် ဆိုပြီး တော့လည်း ကိုယ့်ကိုယ်ကို သတိ ပေးမိ လျက်သား ဖြစ်သွား တယ်။ ကျေးဇူး တင်ပါ တယ် အစ်ကို။ သတိ ဆိုတဲ့ အကွပ် မဲ့နေ တဲ့ အချိန်မှာ ညီ့စိတ်လေး ဗရမ်း ဗတာ ဖြစ်သွား တာပါ။ အစ်ကို့ရဲ့ ပြောဆို ဆုံးမ မှုတွေကို ကျေးဇူး တင်ရ ခြင်းပါ။

ရိုသေလေးစားစွာဖြင့်
ညီ

လေးစားစွာဖြင့်
ပြည့်စုံအောင်

25.11.2008, TUE:, 03:11:04 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply