Latest News

*အဝေးဆုံး*

*အဝေးဆုံး*

မောင်စိန်ဝင်း ရဲ့ ဘုရားရှင်ကို ပူဇော်ထားတဲ့ ဒီကဗျာလေးကိုဖတ်မိတိုင်း ညီ ဘုရားရှင်ကို ကြည်ညိုလို့ မ၀ပါဘူးအစ်ကို…။

*အနော်မာ ကမ်းမှာတော့
*ယသော်ဓရာ လွမ်းကျန်ခဲ့မယ်…။

*ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့
*ကဏ္ဍက ဖွားဘက်တော်ရယ်…။

*ချစ်တာသိပေမယ့်
*သစ္စာ ရှိရာ ရှေ့လမ်းပေမို့
*မေ့စတမ်းကွယ် တာရှည်ကြည့်
*ပါရမီဖြည့် ကျန်ပါကွယ်…
*သံသရာနယ်က ရုန်းလို့အထွက်။

*ကြာချည်လှပ် လွမ်းတုန်းမှာပဲ
*ယာယီဇာတ် တစ်ခန်းဆုံးပြီပေါ့
*ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့
*စည်းခြားကျန် မျှော်… မျှော် ကာနဲ့
*ယသော်ဓရာ တစ်သက်လွမ်းစေမယ့်
*အနော်မာ တစ်ဘက်ကမ်းကို
*(ကဏ္ဍကရယ်...)
*လှမ်းတော့ သွက်သွက်။ ။

တဲ့အစ်ကို
ခေါင်းစဉ်လေးက
>အဝေးဆုံး<

ခုစာရိုက်နေရင်းတောင် ညီ .. ကြည်ညိုမှုတွေနဲ့ အတူ ကြက်သီး မွေးညင်း ထမိတယ်အစ်ကို
တကယ်ဖြစ်သွားတာ ပြီးခါနီးမှ

သတ္တ၀ါတွေကို ကယ်တင်ဖို့ စွန့်လွှတ်ခဲ့ရတာ နည်းမှမနည်းတာပဲအစ်ကို…

မျက်ရည်တောင် လည်လာပြီ အစ်ကိုရာ…

ဆရာတော်တွေကို ဖူးမိရင်လည်း ညီဒီလိုပဲ ခံစားရတယ် အစ်ကို.. တကယ်ကြည်ညိုမိတဲ့ ကြည်ညိုထိုက်တဲ့ ဆရာတော် တွေကို တွေ့တဲ့အခါ .. အော် .. ငါသူတို့လို မစွန့်နိုင် သေးပါလား ဆိုပြီးတော့ပါ။

လေးစားစွာဖြင့်
ပြည့်စုံအောင်

26.11.2008, WED:, 07:10:45 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply