ချစ်ခြင်းဟာ`မြစ်´တစ်စင်းဆိုရင်
စီးပါလေ့စေ မဆီးလေနဲ့။
ချစ်ခြင်းဟာ`လ´တစ်စင်းဆိုရင်
လင်းပါလေ့စေ မကွယ်စေနဲ့။
ချစ်ခြင်းဟာ`နေ´တစ်စင်းဆိုရင်
ရောင်လျှံပြင်းပြင်း လင်းပါလေ့စေ
မတားလေနဲ့။
လူ့ရွာမြေမင်း ကမ္ဘာတွင်းမှာ
ကြင်နာမဲ့ကင်း လူခြင်းနိပ်စက်
လှည့်ကွက်မာယာ ဗလာကတိ
မှောင်အတိအခါမို့
ကမ္ဘာမြေမင်း
ဒီချစ်ခြင်းကို ငတ်နေလို့။ ။
ကမ္ဘာပေါ်မှာ…
ချစ်ခြင်းမေတ္တာတွေရှားပါးနေတယ်
အဖြူရောင်မေတ္တာမျိုး…၊
ရှင်းရှင်းပြောရရင်
COLOURLESS LOVE မျိုး၊
ဥပေက္ခာနဲ့ ယှဉ်တဲ့ မေတ္တာမျိုးပေါ့။
အကျိုးမမျှော်တဲ့ မေတ္တာလို့ ပြောလို့လည်း ရမယ်ထင်တယ်။
**ကဲ.. ကိုယ့်လူတို့ ရေ … ဒီလိုမေတ္တာ စိတ်တွေ များများ မွေးနိုင်ပါစေလို့ ဆုတောင်း တိုက်တွန်း လိုက်ပါတယ်။ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။
ဒီကဗျာလေးက ကိုဥပသကာ ရေးစပ် ဖော်ကျူး ထားတာပါ။
လေးစားစွာဖြင့်
ပြည့်စုံအောင်
27.11.2008, THU:, 02:59:30 pm
November 27, 2008 at 7:07 AM
တန်ဖိုးရှိပါပေတယ်။