===ကိလေသာ တို့၏လည်းကောင်း၊ ခန္ဓာတို့၏ လည်းကောင်း၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်း မရှိသော အားဖြင့် အကြွင်းအကျန် မရှိ ပျောက်ကွယ် ချုပ်ငြိမ်းခြင်း သဘောသည် သန္တိ လက္ခဏာလည်း မည်၏။ သန္တိသဘောလည်း မည်၏။
===ချုပ်ဆိုသည်မှာလည်း ဘင်ချုပ်၊ မရဏချုပ်၊ အနိစ္စချုပ် တို့ကို ဆိုလိုသည် မဟုတ်၊ ဖြစ်ပေါ်မှု တူသော *ဥပါဒ် ဇာတိ* ကင်းလွတ်၍ သွားသည်ကို ဆိုသတည်း။ ဘင်ချုပ်၊ မရဏချုပ်နှင့် နိဗ္ဗာန်ချုပ်ကို ခြား၍ ထားရမည်။
===နိဗ္ဗာန်ဟူသည် လောကီအာရုံ တို့ထက် လွန်မြတ်သော လောကုတ္တရာ အာရုံ၊ ခန္ဓာမှ လွတ်သော ခန္ဓ၀ိမုတ္တိ တရား၊ ယုတ်ညံ့သော ရာဂ၊ ဒေါသ၊ မောဟ ကိလေသာ အပေါင်းတို့ ချုပ်ဆုံး ကုန်ပျောက်ရာ တရား၊ သန္တိ (ပကတိ ငြိမ်သက်သော တရား)၊ သုခ (ပူပန် ကြောင့်ကြ တောင့်တမှု ကင်း၍ အလွန်ချမ်းသာသော တရား)၊ ဖြစ်ပျက်မစဲ တသဲသဲသော နိမိတ်အပေါင်း ချုပ်ဆုံးရာ တရား၊ ဆင်းရဲ ဒုက္ခ အပေါင်းမှ ကင်းငြိမ်း လွတ်မြောက်သော တရား၊ ပုဂ္ဂိုလ် သတ္တ၀ါ စသည့် အတ္တတို့မှ ကင်းဆိတ်သော တရားလည်း ဖြစ်သည်။
===ထိုတရားမြတ်တို့သည် ပုထုဇဉ် တို့၏ ဉာဏ်နှင့် မှန်းဆ၍ မရ၊ ခက်ခဲ နက်နဲသော တရား၊ ဂမ္ဘီရဉာဏ်၊ ဇ၀နဉာဏ်၊ ဟာသဉာဏ်၊ တိက္ခပညာ၊ ပုထုပညာ တို့နှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှသာ သိမြင်နိုင်သော၊ အရိယာတို့၏ ဒဿန ဉာဏ်ဖြင့်သာ သိမြင်နိုင်သော တရားလည်း ဖြစ်ပေ၏။
>>လယ်တီဆရာတော် ဘုရားကြီး ရေးသား ပြုစုတော်မူသော *လယ်တီ နိဗ္ဗာန် တရားတော်များ* စာအုပ်မှ ကူးယူဖော်ပြ မျှဝေလိုက်ရပါတယ် ခင်ဗျာ..။
**ကျွန်တော် လူ့ပြည်ကို အလည်အပတ် ရောက်ရှိလာတာ ဒီကနေ့ (30.11.2008) ဆိုရင် နှစ်ဆယ့် သုံးနှစ်နဲ့ ခြောက်လတင်းတင်း ပြည့်ခဲ့ပါပြီ။ ကျွန်တော့်ကို သွန်သင်ဆုံးမ ညွှန်ကြား လမ်းပြခဲ့ကြသော ကျွန်တော့်ရဲ့ လက်ဦးဆရာ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤ *နိဗ္ဗာန် ဟူသည်* စာပိုဒ် အသွားလေးကို ရင်ဝယ်ပိုက်လျက် ဒီနေရာကပဲ ၀ပ်တွားခခ ရှိခိုးဦးချ ကန်တော့ လိုက်ရပါတယ် ဆရာတို့ ခင်ဗျား…။ ။
လေးစားစွာဖြင့်
ပြည့်စုံအောင်
29.11.2008, SAT:, 09:51:25 am
0 comments