အဲ…ခေါင်းစဉ်သာတပ်လိုက်တယ်၊ ဘယ်ကဘယ်လိုစရေးရမှန်း မသိဘူး။ ဒုက္ခပါပဲ၊ ဘာတွေရေးရပါ့..
-စဉ်းစားစမ်း..ပြည့်စုံအောင်၊ ကြောင်တောင်တောင်လုပ်မနေနဲ့။ ဟိုမှာဖတ်မယ့်သူက စဖတ်နေပြီ…
-ဟဲ့ကုတ် အဲလေ..ဟုတ်ကဲ့
-သြော်..သိပြီ.. ဘကုန်း အရေးတော်ပုံဆိုတော့ ဘကုန်းကပဲ စရေးရမှာပေါ့နော်၊ ဟုတ်ပါရဲ့
စိတ်မရှိပါနဲ့ဗျာ ..အပေါ်ကစာသားတွေက စာဖတ်သူပျင်းနေမှာစိုးလို့ သက်သက်နောက်နေတာ..
သွေ့ပချီ ပါနော်။ ကဲ..ဒီနေရာကနေ စပြီးမနောက်တော့ဘူး၊ အတည်ဖြစ်သွားပြီ။ ကျွန်တော်ကလည်း
သေချာရေးမယ်။ စာဖတ်သူကလည်း သေချာလေး စေ့စေ့တွေးပြီး ဖတ်ပေးပါဗျာ..နော်
ဘကုန်း အရေးတော်ပုံ ဤနေရာမှ စတင်ပါပြီ။
…..ဘာမှမဟုတ်တာတွေကို ဘာမှမဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာ ဘာမှမဟုတ်တာတွေကို ဘာမှ
တန်ဖိုးမထားဖြစ်တော့ပါဘူး။ ဘာမှမဟုတ်တာတွေကို ဘာမှမဟုတ်မှန်း မသိသရွေ့တော့ ဘာမှ
မဟုတ်ဘာတွေနောက်ကို တကောက်ကောက်နဲ့ ပင်ပန်းဆင်းရဲစွာလိုက်နေရဦးမှာပါ။ ဘာမှမဟုတ်
ဘာတွေနောက်ကို လိုက်နေသရွေ့တော့ ဘာမှမဟုတ်တဲ့သူပဲဖြစ်နေဦးမှာပါ။ ဆိုင်ရာမဂ်တစ်ခုခုကို ရ
တော့မှပဲ ဘာမှမဟုတ်တဲ့သူအဖြစ်က လွတ်မြောက်ရမှာပါ။
…..ဒါကြောင့် ဘာမှမဟုတ်တာတွေကို ဘာမှမလုပ်မိပါစေနဲ့။ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သိပြီး
သားပဲ၊ ဘာမှဟုတ်တဲ့ကိစ္စတွေနဲ့ ဘာဖြစ်လို့ အချိန်ကုန်ခံနေမှာလဲ။ မိတ်ဆွေ…ဘာတွေလုပ် ဘာ
တွေရှုပ်ပြီး ဘာတွေတွေးနေလဲ။ ဘာမှမဟုတ်တာတွေလုပ်၊ ဘာမှမဟုတ်တာတွေရှုပ်၊ ဘာမှမဟုတ် တာတွေ
တွေးနေရင် ဘာမှမဟုတ်တာတွေပဲ ဖြစ်လာမှာနော်။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ဘာမှ မဟုတ်တဲ့သူ
ဖြစ်မှာစိုးလို့ပါ။ ဒါဆိုရင် ဘာမှမလုပ် ဘာမှမတွေးမကြံဘဲ နေမယ်လို့လည်း တွေးမနေနဲ့ဦး။ ဘာမှမလုပ်
ဘာမှမတွေးမကြံဘဲ နေရင်လည်း ဘာမှဖြစ်မလာဘူးနော်။ တော်ကြာဖတ်နေရင်း တွေးမိနေမှာစိုးလို့။
ကိုယ် ဘာကိုလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘာစားချင်တာလဲ၊ ဘာရချင်တာလဲ၊ ဘယ်လမ်းကို လျှောက်မှာလဲ၊
ဘယ်လိုရွေးချယ်မလဲ၊ ဘာကြောင့်ရွေးရတာလဲ၊ ဘာ….လဲ၊ ဘယ်…လဲ၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်။ နောက်ပြီး
ကိုယ့်ကိုယ်ကို ဘာကောင်လဲ၊ ဘယ်ဘ၀၊ ဘယ်အဆင့် အတန်း ရောက်နေပြီလဲ…ဒါကိုလုံးဝ မမေ့ပါနဲ့။
ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကို သိဖို့နဲ့ သိပြီးကျင့် ဖို့က လောကကြီးမှာ အခက်ဆုံးဗျ။ အဲဒါလေးလည်း
သတိထားဦး..ကိုယ့်လူရေ…။
….ကဲ..ဘာဘာတို့ရေ..အဲလေ ကိုယ့်လူတို့ရေ.. ဒီလောက်နဲ့ပဲကျေနပ်တော့နော်။ ကျွန်တော်တော့
ဒီအရေးတော်ပုံမှာ ပါဝင်ဆင်နွှဲလိုက်တာ တော်တော်ပင်ပန်းသွားပြီဗျာ။ သြော်..စာဖတ်သူရေ တော်
ကြာ ဘာတွေရေးထားတာလဲ၊ ဘာမှလဲ ရေရေရာရာမရှိဘူး၊ ကျွန်တော်/ ကျွန်မတော့ ဘာမှ မမှတ်မိဘူး၊
ဘာဘာ ဘာမှမသိဘူးလို့တော့ မလုပ်နဲ့ဦးနော်။ အပေါ်မှာရေးထားတာတွေက အဓိပ္ပါယ် အများကြီးရှိတယ်။
တွေးတတ်ရင်တွေးတတ်သလောက်၊ တွေးနိုင်ရင် တွေးနိုင်သလောက် သဘာ တရားတွေ အများကြီးပါပါတယ်။
နောက်ဆုံးပြောချင်တာကတော့ဗျာ…သေသေချာချာဖတ်ရင်တော့ ရေရေရာရာ တတ်မှာပါလို့…။

လေးစားစွာဖြင့်
ပြည့်စုံအောင်
29.10.2008, WED:, 08:03 pm
pyaesoneaung2007@gmail.com
0 comments