---ကိုကြီးရေ ကိုကြီး အားရင် ညီမလေးကို တစ်ခုလောက် ရှင်းပြ ပေးပါဦး။
++အားပါတယ် ညီမလေးရ၊ ဘာတွေ လာရှုပ် ပြန်ပြီလဲ.. ဆိုပါဦး။
---ဟာ ကိုကြီးကလည်း လာရှုပ်တာ မဟုတ်ပါဘူး။ ကိုကြီးပဲ သိချင်တာရှိ လာမေး ဆိုပြီးတော့။
++ဟုတ်ပါ ပြီဗျာ၊ စိတ်တော့ မကောက် လိုက်ပါနဲ့၊ ကိုကြီးက ညီမလေး ကောင်လေးလို မချော့ တတ်ဘူး
နော်။
---ကိုကြီး နော်.. ညီမလေး တကယ် စိတ်ကောက် လိုက်မှာ။
++ဟား ဟား ဟား နောက်တာပါ ငါ့ညီမရာ။ ကိုယ့် ညီမလေးကို စတာပါ။ ကဲ..မေးပါဗျာ။ သိချင် တာကို။
---ဟို.. သူများတွေ ပြောကြတဲ့ ပဋိစ္စ သမုပ္ပါဒ် ဆိုလား၊ ဘာလား… အဲဒါလေး သိချင်လို့။
++ဘယ်လို ဖြစ်ရ ပြန်တာ တုန်း… အရင်က ဒါတွေ စိတ်မ၀င် စားဘူးဆို။
---အာ.. ကိုကြီး ကလည်း ရှင်းမှာသာ ရှင်းပြစမ်းပါ။ ကိုကြီးက ဒါမျိုးဆို ကျွမ်း တယ်လေ။ ပြီးရင် မုန့် လိုက်
ဝယ်ကျွေး မယ်လေ.. နော်လို့။
++အင်း.. သိချင် ရင်တော့ ရှင်းပြ ရမှာပေါ့။ ပြီးရင်သာ ကတိ တည်ပါ လေ့စေ။
---အင်းပါဆို
++ညီမလေး သက္ကာယ ဆိုတာကို ကြားဖူးလား။
---အဲ.. ကြားဖူးသလိုပဲ.. ဟို ဒိဋ္ဌိဆိုလား ဘာလား..
++အေးအေး ထားလိုက်ပါ.. ဒါက သိပ် အရေး မကြီး ပါဘူး။ အဓိကက အဲဒီ သက္ကာယရဲ့ သဘော ဂုဏ် သတ္တိကို သိထားရမှာ။
---အင်း..
++သက္ကာယ ဆိုတာ ရှင်းရှင်း ပြောရရင် ခု ကိုကြီးတို့ လက်ရှိ ရထားတဲ့ ဒီ ခန္ဓာ ကိုယ်ကြီးပေါ့။ ဒိဋ္ဌိ ဆိုတာ ကတော့ အယူ မှားတာပေါ့… ဒီအထိ နားလည်လား။
---အင်း နားလည်တယ် ကိုကြီး။ ဆက် ပြောပါဦး။
++အဲ.. ဟုတ်ပြီ.. ဒီနေရာမှာ သက္ကာယ ဒိဋ္ဌိကို အတိုချုံးပြီး ပြောရရင် ညီမလေးတို့ ကိုကြီးတို့ လက်ရှိရ
ထားတဲ့ ဒီကိုယ်ခန္ဓာ အပေါ်မှာ ငါ၊ ငါ့ဟာ၊ ငါ့ဥစ္စာ လို့ထင်တာ၊ ငါပိုင် ငါဆိုင် တယ်လို့ ထင်တာ.. ဒီသ
ဘော ရှိတယ် ညီမ လေးရ။
---အင်.. ဒီခန္ဓာ ကိုယ်ကြီးက ညီမလေးတို့ ပိုင်ထားတာပဲ ဟုတ်ဘူးလား။
++မဟုတ်ဘူး ငါ့ညီမရ.. ကိုကြီး သဘောတစ်ခု ပြောပြမယ်.. သေချာ နားထောင်။
---ဟုတ်
++ဘယ်လိုလဲ ဆိုတော့ ညီမလေး တစ်ခါ တစ်လေ ဟိုဟာ စားချင်တယ်၊ ဒီဟာ စားချင်တယ်၊ ဟိုဟာ ၀တ်ချင်တယ်၊ ဒီဟာ ၀တ်ချင်တယ် ဆိုပြီး ညီမလေးရဲ့ စိတ်ထဲမှာ မဖြစ်ဘူးလား။
---အင်း ဖြစ်တယ်လေ..
++အေး.. အဲဒီတော့ ညီမလေး စားချင်တာ၊ ၀တ်ချင် တာတွေ အကုန်လုံး ရရဲ့လား ..
---အင်း မရဘူး.. အော်.. ဟုတ်ပြီ နည်းနည်း သဘော ပေါက်လာပြီ … ဟုတ်တယ်နော်ကိုကြီး ဒီ ခန္ဓာ ကိုယ်ကြီးက တကယ်တမ်း စဉ်းစား ကြည့်ရင် ကိုယ့်အလိုကို လိုက်မှ မလိုက်ပဲ.. သူ့အလိုကြီးပဲ လိုက်ဖြည့် နေရ သလိုပဲ..
++ဟာ.. ဟုတ်တယ်ဟေ့ .. ငါ့ ညီမကတော့ အရိပ်ပြ တာနဲ့ အကောင်ကို တန်းမြင် တော့တာပဲ.
---ဟဲ.. ဟဲ.. ကိုကြီး ညီမပဲ ဒီလောက်တော့ ရှိမှာပေါ့။
++အေးပါ.. အေးပါ။ ညီမလေး တော်တော် သဘောပေါက် လွယ်တာပဲ။ ဒါကြောင့်လည်း မိုးကုတ် ဆရာ
တော် ဘုရားကြီးက ဒိဋ္ဌိကို အရင်ခွါပါ၊ ဒိဋ္ဌိခွါပြီးမှ တရား အားထုတ်ပါလို့ ဆိုထားတာပေါ့။
---ဒီလို ဆိုတော့လည်း တို့ကိုကြီးက တကယ့် ပညာရှင်ကြီး ကျနေတာပဲ။
++အမလေး တော်တော်တော် နင်မြှောက်ရင် ငါ ကြောက်လွန်းလို့ပါ မိစံပယ်ရယ်။ အရင်တစ်ခါလည်း
အဲဒီလို မြှောက်ပြောပြီး ငါ့ကိုပဲ မုန့်ပြန်ဝယ် ကျွေးခိုင်းသွားတာ နင် မှတ်မိ သေးလား။
---ဟာ ဒီ တစ်ခါတော့ အတည် ၀ယ်ကျွေး မှာပါ ကိုကြီးရ။
++အေးပါ.. အေးပါ အပြောနဲ့ အလုပ် ညီမညီ ကြည့်ကြ သေးတာ ပေါ့.. ကဲကဲ လိုရင်းက ရောက် တော့မှာ
မဟုတ်ဘူး.. ဆက်းပြောမယ် နားထောင်။ သက္ကာယ ကို သိပြီးရင် သက္ကာယ ဖြစ်ကြောင်း ကို ထပ်သိဖို့
လို ပြန်ရော။ ဘာလို့လဲ ဆိုတော့ လောကမှာ.. ဖြစ်ဖြစ်နေသမျှ အရာရာ တိုင်းဟာ အကြောင်း ရှိလို့သာ
အကျိုး ဆိုတာ ဖြစ်လာ တာလေ.. ညီမလေး ဒါကိုတော့ နားလည်မှာပါ။
---အင်း .. သိတယ် ကိုကြီး .. action ရှိလို့ reaction ဆိုတာ ရှိတာပေါ့။
++အေး.. ဒါပေါ့။ ဆက်ပြော မယ်နော်.. သက္ကာယရဲ့ အကြောင်းက ဘာလဲ ဆိုတော့ တဏှာလို့ ဆိုထား
ပြန်တယ်။ တဏှာ ဆိုတာ လိုချင် တပ်မက်မှု သဘော လေးပေါ့ ညီမလေးရ။
---ဆက်ပါဦးကိုကြီး။
++ဒီ တဏှာ ဆိုတဲ့ အကြောင်းက ပဋိစ္စ သမုပ္ပါဒ် နဲ့ပြန်ဆက်ရင် လွန်လေ ပြီးသော အတိတ် ကာလ မှာဖြစ်
ခဲ့တာ၊ သစ္စာ အနေနဲ့ ကတော့ သမုဒယ သစ္စာပေါ့။ ဒီအထိ နား လည်လား ညီမလေး…
---နားလည် တယ်ကိုကြီး။
++နားလည်ရင် နောက် တစ်ဆင့် တက်မယ်။ သေချာ နား ထောင်နော်.. ပြီးရင် ကိုကြီးက ပြန်မေးမှာ။
---နားထောင် နေပါတယ်ကိုကြီးရ..
++အေး ဟုတ်ပြီ… အဲဒီ့ တဏှာဆိုတဲ့ သမုဒယ သစ္စာ ကြောင့် ကိုကြီးတို့ အခုလက်ရှိ ပစ္စုပ္ပါန် ကာလမှာ
ဒုက္ခ သစ္စာ ဆိုတဲ့ ဒီကိုယ် ခန္ဓာကြီး ဖြစ်ပေါ်လာရတယ်။
---အော် အကြောင်း ကြောင့် အကျိုး ဖြစ်လာတာ ပေါ့နော်.. ကိုကြီး ခုနပြောသလို မျိုးလေ..
++ဟုတ်တာပေါ့ ညီမလေးရ.. ဒါကြောင့် လည်း ကိုကြီးတို့ ညီမလေးတို့က ဒီ ဒုက္ခ သစ္စာက လွတ်ကြောင်း တရားကို ရှာဖွေ ကျင့်ကြံ ကြရမှာလေ။ ဒီ ဒုက္ခ လွတ်ကြောင်း တရား ကလည်း တစ်ခုပဲရှိတယ် ညီမလေးရ။
---ဘာလဲဟင်ကိုကြီး..
++၀ိပဿနာ အလုပ်ပေါ့
---အော်… ဒါကြောင့် ကိုကြီး ခုတလော ဒီ အလုပ်ကို အသည်း အသန် လုပ်နေတာကိုး။
++ဟုတ်တယ်ညီမလေး .. ဒီအလုပ် လုပ်မှလည်း သံသရာ ၀ဲဂယက် ကလွတ် မှာလေ..ခုမှ လုပ်ဖြစ်လို့
တောင် ကိုကြီး နောင်တ ရမိသေးတယ်။
---ဘာကို နောင်တ ရတာလဲ ကိုကြီး..
++အော် ကိုကြီးတို့ ညီမလေး တို့ဆိုတာ ကိုယ့်ကိုယ် ကို ဘယ်အချိန် သေမယ်မှန်း ပြောလို့ရ တာမှ
မဟုတ် တာ.. တကယ် လို့သာ ဒီ သစ္စာ ကိုမသိဘဲ ငါသေ သွားခဲ့ရင် အပါယ် ကမ္ဘာ ကတော့ အလည်ရွာ
ဖြစ်တော့ မှာပဲဆိုပြီးတော့ နောင်တ ရတာပါ ညီမလေး..
---အင်း.. ဟုတ်တယ် နော် ကိုကြီး တကယ် တန်း သေချာ ပြန်စဉ်းစား ကြည့်ရင် ကြောက်စရာ ကြီးနော်..
ဟိုလေ ကိုကြီး ညီမလေး လည်း ၀ိပဿနာကို လုပ်ကြည့် ချင်တယ်.. သင်ပေး ပါလား ကိုကြီး..
++ဟာ.. ညီမလေး လုပ်မယ် ဆိုရင် ကိုကြီး ပြောပြပေး မှာပေါ့။ ကောင်းတယ် ညီမလေး.. ကိုကြီး အားပေး
တယ်.. လုပ်ကြည့်ပါ။ မြတ်စွာ ဘုရားရှင် တောင်မှ ဒီ ၀ိပဿနာ အလုပ်ကို လုပ်၊ နောက်ဆုံး ပဋိစ္စ သမုပ္ပါဒ်ကို အနုလုံ၊ ပဋိလုံ ဆင်ခြင် တော့မှ သဗ္ဗညုတ ရွှေဥာဏ် တော်ကို ရတော် မူတာလေ..
---အနုလုံ ပဋိလုံ ဆိုတာ ဘာလဲဟင် ကိုကြီး..
++ အနုလုံ ဆိုတာ သံသရာ လည်ကြောင်း တရား၊ ပဋိလုံ ကတော့ သံသရာ ပြတ်ကြောင်း တရားပေါ့..
လွယ်လွယ် ပြောရ ရင်တော့ ကြောင်းကျိုး ဆက် တရားနဲ့ ကြောင်းကျိုး ပြတ် တရားပေါ့ ညီမလေးရ..
---ဟုတ်ကဲ့ပါ ကိုကြီး.. ဆက်ပြောပြ ပါဦး..
++အော်. အေး.. သမုဒယ သစ္စာ ကြောင့် ဒုက္ခ သစ္စာ ဖြစ်တာ နားလည်ပြီနော်.. သမုဒယ သစ္စာ ဆိုတာ
ဆင်းရဲခြင်း အမှန် ဆိုတဲ့ ဒီ ဒုက္ခ သစ္စာ ဖြစ်ကြောင်း တရား၊ ဒုက္ခ သစ္စာ ကတော့ ဆင်းရဲကြောင်း တရားပေါ့..
---ဟုတ် နားလည်ပြီကိုကြီး..
++အေး.. အဲဒီ ဒုက္ခ လွတ်ကြောင်း တရား၊ တနည်း ပြောရရင် ၀ိပဿနာ တရားကို အားထုတ် တာကျ
တော့ မဂ္ဂ သစ္စာ ဖြစ်ရော။ အဲဒီလို ကျင့်ကြံရင်း.. ကျင့်ကြံရင်းနဲ့ နောက်ဆုံးအဆင့် နိဗ္ဗာန်ကို မျက် မှောက် ပြုသွားနိုင်ပြီ ဆိုရင်တော့ နိရောဓ သစ္စာ ဖြစ်သွား တာပေါ့ ညီမလေး။
---အဓိပ္ပါယ် လေးကော ပြောပြဦးလေ ကိုကြီး..
++အော် ဟုတ်သားပဲ..ဒါကျတော့ ခုနနဲ့ ပြောင်းပြန် ဖြစ်သွားပြီ ညီမလေးရ။ မဂ္ဂ သစ္စာ ဆိုတာ.. ဆင်းရဲ ချုပ်ကြောင်း တရား၊ နိရောဓ သစ္စာကတော့ ဆင်းရဲ ချုပ်ရာ တရားပေါ့.. နားလည်ရဲ့လား..
---နားလည်ပြီ ကိုကြီး..
++အေး အေး ဒါက ပဋစ္စ သမုပ္ပါဒ်ကို အလွယ်ဆုံး နည်းနဲ့ ရှင်းပြတာ။ နောက်ကော ဘာသိချင်သေး
လဲ..
---ဟို.. ဒိဋ္ဌိ အကြောင်းလေး ဆက် ပြောပြပါဦး ကိုကြီး..
++ပြောတော့ ပြောချင်တယ်.. ဒါပေမယ့် ငါ့ဗိုက်က ဆာလာပြီ မိစံပယ်ရ။
---ဟာ.. ကိုကြီး ကလည်း.. ပို့မယ့်ပို့ ကူးတို့ ရောက်အောင် ပို့ပေါ့.. ပြီးရင် လိုက်ဝယ် ကျွေးပါ့မယ်ဆို..
++မယုံဘူး ပိုက်ဆံ ပါလို့လား ငါ့ကိုပြ။ တော်ကြာ ဆိုင်ရောက်မှ မပါဘူးလုပ်လို့ ငါ ထုတ်ရှင်းနေရ
ဦးမယ်။ နင့်အကြောင်း ငါ သိတယ်နော် မိစံပယ်..ဟင်း..ဟင်း..
---ဟာ ပါပါတယ်.. ဒီမှာတွေ့လား နှစ်ထောင်တောင်..
++ဟာ.. တယ်ဟုတ် ပါလား.. အမေ့ ဆီက ဘတ်လာ တာတော့ မဟုတ် ပါဘူးနော်..
---မဟုတ် ပါဘူး ဖေကြီး မုန့်ဖိုး ပေးထားတာ။
++အံမယ်.. ဒီအဖေက သား တစ်ယောက် ရှိသေးတာကို မေ့များ နေသလား မသိပါဘူး..
---ကိုကြီးရယ်.. ဒါကတော့ ဘယ်တတ် နိုင်ပါ့မလဲ.. ကိုကြီး ဟို တစ်ခါ ပြောသလို ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲ
လေ.. ဟဲ.. ဟဲ..
++အေးပါ အေးပါ ထားပါတော့.. ကဲ ကဲ ဒိဋ္ဌိအ ကြောင်းဆက် ရှင်းပြမယ်.. နားထောင်.. ခုန သက္ကာယ ဒိဋ္ဌိကို သဘော ပေါက်ပြီနော်..
---အင်း ပေါက်တယ် ကိုကြီး..
++သက္ကာယ ပြီးရင် နောက်ထပ် အပါယ်ကို ဆွဲချနိုင်တဲ့ ဒိဋ္ဌိ နှစ်မျိုး ကျန်သေးတယ်.. သဿတ ဒိဋ္ဌိနဲ့
ဥစ္ဆေဒ ဒိဋ္ဌိ တဲ့..
---အင်း ရှင်းပါဦး ကိုကြီး..
++သဿတ ဒိဋ္ဌိက ခိုင်တယ်၊ မြဲတယ်၊ ပျက်စီးခြင်း မရှိဘူးလို့ အထင်မှား အယူ မှားတာ.. အဲ ဥစ္ဆေဒ ဒိဋ္ဌိ ကျတော့ အကြောင်း လည်း မရှိ၊ အကျိုးလည်း မရှိ ဒီ ခန္ဓာ ကိုယ်ကြီးကို သေရင် ပြတ်တယ်လို့ အယူ မှားတာ..
---အင်း..
++အဲဒီ ဒိဋ္ဌိ တွေကတော့ ခုန ရှင်းပြတဲ့ ပဋိစ္စ သမုပ္ပါဒ်ကို နားလည်ရင် ဘာမှ ပြဿနာ မရှိဘူး စံပယ်ရ။
---ဘယ်လို နားလည်ရမလဲ ကိုကြီး။
++ဘယ်အရာ ပဲဖြစ်ဖြစ် အကြောင်း ချုပ်ပြီးမှ အကျိုး ဆိုတာ ဖြစ်တာလေ။ တစ်ခု သေပြီးမှ နောက် တစ်ခု
ဖြစ်ခွင့် ရတာ။ ဥပမာ ညီမလေးရာ ခဲတံ တစ်ချောင်းကို ချိုးလိုက် တာသည်.. အကြောင်း၊ ကျိုး သွားတာ
ကျတော့ အကျိုး။ ဒါလေးကို သဘော ပေါက်လား။
---အင်း ပေါက်ပါတယ်။
++အင်း.. အဲလိုပဲ ကျိုးသွားတဲ့ ခဲတံ အပိုင်းလေး နှစ်ခု ဖြစ်ပေါ်ဖို့ အတွက် မူလ ရှိရင်းစွဲ ခဲတံက ပျက်စီး
သွားရ တယ်လေ။ ဒါ အကြောင်း ချုပ်ပြီးမှ အကျိုး ဖြစ်တာပေါ့။ ဒီသဘော လေးကို နားလည်ရင် သဿတ ဒိဋ္ဌိ စင်ရော ညီမလေးရ။
---နားလည် တယ်ကိုကြီး..နောက်ဒိဋ္ဌိ တစ်ခု စင်ဖို့ ကျတော့ကော ..
++ဒါလည်း ခုန ခဲတံ ဥပမာေ လးနဲ့ပဲ ကိုကြီး ရှင်းပြမယ်.. ခုန ခဲတံလေးကို ချိုးလိုက်လို့ ကျိုးသွား တယ်နော်။ ဒါပေမယ့် ကျိုးသွား တာနဲ့တင် ပြီးပြီလား ဆိုတော့ မပြီးသေးဘူး၊ မပြတ် သေးဘူး။
နောက် ဆက်တွဲက ကျိုးသွားတဲ့ ခဲတံ အပိုင်းလေး နှစ်ချောင်း ဖြစ်မလာ ဘူးလား..ကျန်မနေ ခဲ့ဘူးလား..
---အင်း ဖြစ်လာတယ် ကိုကြီး.. အော် သိပြီ.. ဒါကြောင့် လည်း လူ တစ်ယောက် သေသွား ပေမယ့် သူလုပ်ခဲ့
တဲ့ ကုသိုလ်ကံ၊ အကုသိုလ် ကံတွေက ခဲတံ အပိုင်းလေး နှစ်ခု အဖြစ်နဲ့ နောက်ဘ၀ကို ပါသွားတာ ထင်
တယ်နော် ကိုကြီး။
++ဒါပေါ့ ညီမလေးရ။ ဒီလို နားလည် သွားရင် သေရင် ပြတ်တယ်လို့ အယူမှား နေတဲ့ ဥစ္ဆေဒ ဒိဋ္ဌိက စင်
ပါလေရော။ ဒါကြောင့်လည်း မိုးကုတ် ဆရာတော် ဘုရားကြီး က.. ဒကာ ဒကာမတို့ ပဋိစ္စ သမုပ္ပါဒ်ကို နား
လည်အောင် လုပ်ပြီး ဒိဋ္ဌိ ပြုတ်အောင် အရင် ဖြုတ်ကြ၊ ဒိဋ္ဌိ ဖြုတ်ပြီးမှ တရား အားထုတ်ကြ.. လို့ ကရုဏာ
ရှေ့ထားပြီး မှာသွားခဲ့ တာပေါ့..
---ဟုတ် နားလည်ပြီကိုကြီး..
++အေးအေး နင် နားလည် ပါမှပဲ၊ နားမလည် ရင်လည်း ငါ အမြှုပ် ထွက်တော့မယ် .. မောလို့
---ဒါဆို အမောပြေ ရေခဲရေ ၀ယ်တိုက်မယ်လေ..
++မရဘူး ရေခဲရေလည်း သောက်မယ်၊ မုန့် လည်းစားမယ်။ နင့် ကတိ အတိုင်းနော်..
---ကျွေးရမှာပေါ့ ကိုကြီးရ.. ဒီလောက် ရှင်းပြ ထားတာ ကို.. နောက်လည်း သိချင်တာ ရှိရင် မေးဦး မှာနော်..
++မေးပါဗျာ..မေးပါ။
လေးစားစွာဖြင့်
ပြည့်စုံအောင်
13.11.2008, THU:, 06:43 pm
pyaesoneaung2007@gmail.com

0 comments