Latest News

*တရံရောအခါက...*

ဒီ ကဗျာလေး ကိုတော့ ကျွန်တော် ပြင်ဦးလွင်၊ စာပေ -၂ မှာ နေစဉ် 13.10.2007, SAT: တုန်းက ရေးစပ်ခဲ့တာပါ။ ဒီကဗျာလေးကို ရေးစပ် ဖြစ်သွားစေတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့...
...အေးချမ်းတဲ့ ညလေး တစ်ညမှာ ပေါ့ဗျာ.. သူငယ်ချင်း နှစ်ယောက် အရက်မူးပြီး အဆောင်မှာ သောင်းကျန်းတယ်။ သူ့တို့ဟာ သူသောင်း ကျန်းရုံတင် အားမရဘဲ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းကို ကော်ကော် ပြီးဆဲတယ်ဗျာ ..။ ဘာတွေ မကျေနပ် မှန်းလည်း မသိပါဘူး..။ တရားရှု ကြည့်ပေမယ့်လည်း ကျွန်တော့်ရင်ထဲမှာ ဒေါမနဿ တွေနဲ့ တအားကို ပူလောင် ခံစားခဲ့ရပါတယ်။ ဒီကဗျာလေးက အဲဒီ ခံစားချက် လေးကို ရင်ဖွင့် ထားတာပါ။ တရံရော အခါကပေါ့ဗျာ...

လောကဓံ မနှိပ်စက်လည်း
(သူ)လောဘမာန် အဆိပ်တက်လို့
ဒေါသဟန်တွေ ဖိတ်ထွက်ခဲ့...။

အရှုံးပေးခဲ့တာ မဟုတ်ပါ
အမုန်းဝေးစေဖို့
နှလုံးအေးခဲ့တာ...။

သူငယ်ချင်းရေ...
မင်းမခံစားရလည်း
သင်းမာန်ပွားလို့
(ငါ)နပင်းကျန်ချင်ခဲ့သေး...။

ဒါပေမယ့်...
ရန်မပီသစေဖို့
ခန္တီစကို ကျင့်သုံးခဲ့...။

အော်...
ဆူဝေစေတဲ့ အရက်တန်ခိုးကြောင့်
လူတွေပေမယ့် အရှက်တန်ဖိုး နည်းခဲ့တာပါကလား...။ ။

လေးစားစွာဖြင့်
ပြည့်စုံအောင်

13.11.2008, THU:, 07:43 pm
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. "ဒါပေမယ့်...
    ရန်မပီသစေဖို့
    ခန္တီစကို ကျင့်သုံးခဲ့...။

    အော်...
    ဆူဝေစေတဲ့ အရက်တန်ခိုးကြောင့်
    လူတွေပေမယ့် အရှက်တန်ဖိုး နည်းခဲ့တာပါကလား...။ ။"

    သည်းခံခြင်းမရှိဘဲ ကောင်းမွန်
    မြင့်မြတ်တဲ့ အလုပ်တွေကိုမလုပ်နိုင်ဘူး
    ညီရေ။

    ကဗျာကောင်းလေးပါ။
    အမြင်ကောင်းတွေကို
    အနုပညာအားကောင်းကောင်းနဲ့
    ဆက်လက်ဖော်ထုတ်နိုင်ပါစေ။

Leave a Reply