Latest News

*ကိုဥပါသကာနှင့် ဆွေးနွေးမှု*

ကိုဥပါသကာ



4:14 AM M: *ဖြစ်ပျက်မြင်တာနဲ့ အော်တို ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ကသူ့အလိုလို ဖြစ်ပြီးသား အစ်ကို*
4:15 AM သာဓု ဖိုးသားရေ

me: အစ်ကိုရေ..

M: သာဓုသာဓု
ဟုတ်တယ် ညီရေ

me: ညီ့ကို သွန်သင်ပေးပါဦး

4:16 AM M: အနိစ္စ အစစ် ကို မြင် တာနဲ့ မြင်ရင် မြင်ကာမတ္ထ က တန်းဖြစ် တော့တာပဲ
4:17 AM ဒါပေမယ့်နှလုံး သွင်းနေမှနော်

နှလုံး မသွင်းဘဲ သတိလွတ်နေရင် မဖြစ်ပြန်ဘူးဗျ

me: ညီဖြေတာဟုတ်လားအစ်ကို.. ညီလည်း အဲလိုခံစားပြီးဖြေလိုက်တာ

4:18 AM M: ဒီလိုကို ဖြစ်သွားတာ

me: ဟုတ် အစ်ကို
ညီအစ်ကိုရဲ့ သံယောဇဉ်မှာ ကွန်မန့်ပေးထားတယ်အစ်ကို

________________________________________ 6 minutes
4:25 AM M: ညီလေး ဖိုးသားရေ အစ်ကို ဖတ်ပြီးပါပြီ။ ညီလေးလည်း ငါ့ညီအရင်းပါကွာ တကယ် အနိစ္စ အစစ်ကို ကိုယ်တိုင် တွေ့လာတဲ့အခါ ကိုယ့်ရဲ့အားထုတ်မှုတိုင်းဟာ ၊ ကံတိုင်းဟာ ပါရမီ လမ်းကြောင်းကို တိုက်တွန်း နှိုးဆော်မှု မပါဘဲ (ပယောဂမပါဘဲ) ရောက်သွားလိမ့်မယ် တကယ်တရား ကို သိလာတဲ့အခါ လောကကိုလည်း ကျေးဇူးတင်တတ်လာမယ်
ဒီတော့ ဒီအားထုတ်မှု အားလုံးဟာ လောကအတွက် ဦးတည်လာတာသည်
4:26 AM နိယာမ မို့ မဆန်း ဘူးနော်

me: ဟုတ်ကဲ့အစ်ကို

ဖိုးသားဖတ်ပြီးဆင်ခြင်နေပါတယ်

M: တကယ် နှလုံးသားထဲမှာ ဓ္မကိန်းရင် လောကကို ချစ်တတ်ပါပြီဗျာ
4:27 AM me: ဟုတ်ကဲ့အစ်ကို

M: သေချာစဉ်း စားနော် ဖိုးသား
4:28 AM တရား ကိန်းတဲ့နလုံသားမှာ
ကျေးဇူးသိတဲ့စိတ် တကယ်ရှိလာတယ်

me: ဖိုးသားဒီထက် ပိုပြီးလောကကိုချစ်တတ်အောင်ကြိုးစားပါ့မယ်

4:29 AM M: ချမ်းသာ စစ်ကိုတွေ့တာကိုး
ဥပမာလေးပြောမယ်

me: ဟုတ်ကဲ့

M: ဖိုးသားက
တစ်ခုခုကို အသဲသန် လိုချင်နေတယ်

me: ဟုတ်ကဲ့

M: မရှိမဖြစ်ပေါ့နော်
4:30 AM ရှာလို့လည်းမတွေ့ ဖြစ်နေချိန်မှာ
တစ်ယောက်ယောက်က အကူညီပေးရင် ဖိုးသား ဘယ်လိုခံစားရမလဲ

4:31 AM me: ဟာ အစ်ကိုရာဖော်မပြတတ်အောင်ပေါ့.. အစ်ကိုဆိုလိုတာဖိုးသားသဘောပေါက်တယ်။

M: ဟုတ်

4:32 AM me: ဖိုးသား ကျေးဇူးသိတတ်တယ်လို့ ပြောမလို့လား

M: စိတ်ထဲချမ်းသာ သွားတယ်ပေါ့နော်

me: ဟုတ်

M: ဟုတ်ပြီ ဖိုးသားရေ
ဒီထက်မက ချမ်းသာတဲ့ချမ်း သာက
4:33 AM တကယ့်တရားကို တွေ့တဲ့နေ့ပဲ
ဒီတော့
me: ဖိုးသား ကိုဝင်းမြင့်အပေါ် သိတတ်ပါတယ်အစ်ကို။ ဒါတင်မက ကျေးဇူးရှိဖူးတဲ့ လူတိုင်းအပေါ်ကိုကော သိပါတယ်
4:34 AM အစ်ကိုလည်းခုဆိုဖိုးသားကိုသွန်သင်နေတာပဲလေ။

M: ကိုယ့်ကို တရားတွေ့အောင် လုပ်ပေးတဲ့ သက်ရှိ သက်မဲ့ အရာအားလုံး ဟာ ကိုယ့်ကျေးဇူးရှင် တွေဖြစ်လာတော့
ဒီလောကအတွက် အနစ်နာခံဖို့ ခက်ဦးမလား

me: ဖိုးသား ကျေးဇူးးမမေ့ပါဘူး၊ အကျေဆပ်နိုင်အောင်ပဲ ကြိုးစားနေပါတယ်၊
လုံးဝ မခက်ဘူးအစ်ကို။

4:35 AM M: စဉ်းစားနော်

me: ဖိုးသား အနစ်နာခံနိုင်တယ်။

M: ခုနကအကူညီပေးတဲ့ သူကို
ဖိုး သားကျေးဇူး တင်တာသည်

me: ဟုတ်ကဲ့

M: သူများ တိုက်တွန်းလို့လား
အလိုလိုဖြစ်တာလား

4:36 AM me: ဘယ်ကလာ အလိုလိုဖြစ်ရမှာလဲအစ်ကို.. ဖိုးသားစိတ်ထဲကကို တဖွားဖွားပေါ်လာတာပေါ့ အစ်ကိုရ
4:37 AM မြတ်စွဘုရားရှင်အပါအ၀င်
ကျေးဇူးရှိတဲ့သူတိုင်းကို
ကြည်ညိုစိတ်နဲ့ကျေးဇူးတင်တာ
ဘယ်သူ့တိုက်တွန်းချက်မှမပါဘူး


M: ဟုတ်ပြီဒီလိုဆို ဖိုးသားကို အစ်ကိုဦးဆုံး ပြောခဲ့တာလေးကို ပြန်စဉ်းစား

4:38 AM me: ဟုတ်ကဲ့

M: ဒီ ချမ်းသာကို တွေ့ရဖို့က
အမှီမရှိဘဲ ရပါ့မလား
4:40 AM me: မရဘူးအစ်ကို။ အမှီလိုကိုလိုတယ်။ မြတ်စွာဘုရားရှင်တောင် အမှီကြောင့်
ဘုရားအဖြစ်ကို ရောက်တာဆိုတော့ ဖိုးသားတို့အတွက်တော့ ဆိုဖွယ်မရှိတော့ပါဘူးအစ်ကို

M: ဒီတော့ မှီရာတည်ရာ အားလုံးဟာ ကိုယ့်ကျေးဇူးရှင် တွေဖြစ်မလာဘူးလား

me: ဟုတ်ဖြစ်လာတယ်အစ်ကို

4:41 AM M: နောက်ဆုံး ကိုယ်စားနေတဲ့ ထမင်းကအစ ပါတယ်နော်

me: ဟုတ်ကဲ့

M: ဒီအာဟာရဆိုတာမရှိဘဲ ဖိုးသား ရပ်တည်နေနိင်မလား

me: မနေနိုင်ဘူးအစ်ကို။

4:42 AM M: ဒီတော့ ကျေးဇူးကင်းတာ လောကမှာ ရှိသေးလား

me: ဒါကြောင့် တရားတစ်ပါးကို အာဟာရ လို့ဆိုတာပေါ့နော်အစ်ကို
မရှိတော့ဘူး

M: ဟုတ်တယ်လေ
ဒီတော့ အားလုံးဟာ ကိုယ့်ကျေးဇူးရှင် ပေါ့နော်

4:43 AM me: ဟုတ်ကဲ့

M: လူယုတ်မာကော ကျေးဇူးရှင်ပဲလား

me: အစ်ကိုပြောပြတော့မှပဲ
သူလည်းခံယူတတ်ရင် ကျေးဇူးရှင်ပေါ့အစ်ကိုရာ

M: ရဲရဲပြောနော် ဖိုးသား
4:44 AM ဘယ်လို ခံယူမလဲ
အားမနာနဲ့နော် ညီလေး


4:45 AM me: ကိုယ့်ကို သူ့လိုမမိုက်ဖို့ ဆိုဆုံးမနေတဲ့သဘောယူပြီး ကျေးဇူးတင်ရမှာပေါ့
ဟုတ်လားမသိဘူး
M: ဒါပေါ့ သိပ်တော်တဲ့ညီလေး

me: ဟုတ်ကဲ့
4:46 AM ညီမျက်ရည်တွေ ထပ်ဝိုင်းရပြန်ပြီ။ ၀မ်းသာလို့

M: လူယုတ်မှာက အစ်ကိုတို့ကို

me: ဟုတ်

M: သူလိုမလုပ်ဖို့ တရားပြနေတဲ့ ဆရာ

me: ဟုတ်ကဲ့

4:47 AM M: သူတော်ကောင်းကသူ့လို ကျင့်ဖို့ တရားပြနေတဲ့ဆရာ
ဟုတ်လား

me: ဟုတ်ကဲ့

M: ဒါဆို ကျေးဇူးမတင်ရဘူးလား

me: တင်ရတာပေါ့အစ်ကို
4:48 AM အစ်ကိုခုမှညီ့ကို ဒီလိုသွန်သင်တော့တယ်

M: အေးသစ္စာသိလာရင်

me: ဟုတ်

4:49 AM M: လောကမှာ ကျေးဇူး ကန်းစရာမရှိတော့ ဘူးဗျာ…နော

me: ဟုတ်ကဲ့ညီဒီစကားလေးကို အမြဲမှတ်ထားပါ့မယ်အစ်ကို

M: အစ်ကိုသိသလောက် လေးပြောလိုက်တာပါဗျာ

4:50 AM me: အစ်ကို တအားတော်ပါတယ်အစ်ကိုရာ

M: ဖိုးသား မမြှောက် နဲ့လေ
လာခဲ့ လက်ဖက်ရည် ဆိုင်သွားမယ်
me: ဖိုးသားတိုက်မှာပေါ့း ဖိုးသားက ချိုစိမ့်နော်။ မိဘနဲ့ အဝေးရောက်နေတဲ့ခုလို ဖိုးသားတို့ကို ဆိုဆုံးမဖို့က လိုကိုလိုနေတာလေ

M: 4:51 AM တရားထိုင်ပါအခက် တွေ့ရင်ပြောပါ

me: ဟုတ်ကဲ့

4:52 AM M: ဖိုး သားရေ… အစ်ကို တကယ်နေခဲ့တာ လူ့လော ကထက်

me: ဟုတ်

M: ကျောင်းနဲ့ စာသင်ခန်းနဲ့
သစ်ပင်အောက်မှာ ပိုများပါတယ်ကွာ

4:53 AM me: ဒါသည်ပင် ကောင်းမြတ်တဲ့ ဘ၀တစ်ခုပါပဲအစ်ကို

M: ဒိတော့ဖိုးသား မေးပါ

me: ဟုတ်

M: ဒီနေ့ ကစပြီး
အစ် ကိုဖြေ ပေး မယ်
မသိရင် မသိဘူးပေါ့ နော်
4:54 AM ငါနား လည်သလောက် လေးပေါ့နော်

me: ဖိုးသားဘာမေးရမှန်းတောင်မသိတော့ဘူး ။ ဖိုးသားရေးသလိုများ ကိုယ့်မေးခွန်းတွေကို ကိုယ်တိုင်ဖြေလို့ရနေပြီထင်တယ်

4:55 AM M: ဒါပေါ့
ကကိုယ့် အဖြေကို ကိုယ်ရှာရမှာပေါ့ဗျ

4:56 AM me: ဟုတ်တယ်အစ်ကို။ ဖိုးသား ကိုအဲလို ဖြစ်အောင် ကိုဝင်းမြင့်သင်ပေးသွားတာ။ အဲလိုမေးခွန်းတွေဖြေတတ်အောင်လေ

M: အစ်ကို အပြင်ခဏထွက်မယ်ဖိုး သားရေ
နော်

me: ဟုတ်ကဲ့အစ်ကို
လုပ်ပါ

M: ကိုဝင်းမြင့်ကြီးလည်း ပြောပေးပါဗျာ

4:57 AM me: ဟုတ်

M: ၀မ်းမြောက်စွာ သာဓုခေါ်ပါတယ်လို့နော်
ပြန်လာမယ်နော် ညီလေး

me: ဖိုးသားပြောပေးပါ့မယ်
ဟုတ်ကဲ့

me: ဖိုးသားစောင့်နေပါတယ်

________________________________________ 50 minutes
5:48 AM me: ဖိုးသားအိပ်တော့မယ်။ ခုမှအိပ်ရမှာ. အစ်ကို ။ ဒီမှာ ၆ နာရီထိုးတော့မယ်။

လေးစားစွာဖြင့်
ဖိုးသား

10.12.2008, WED:, 08:20:45 pm
pyesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကိုဥပါသကာ နှင့် ဆွေးနွေးမှုကို ဖတ်ရတဲ့အတွက်အကျိုးများပါတယ်ခင်ဗျား။ ပြီးတော့ ကိုဥပါသကာနှင့် ပိုပြီးရင်းနှီးခွင့်ရပြီးတော့ အကိုရဲ့ ဓမ္မနှလုံးသားကိုပါ ကျွန်တော်အကျဉ်းမျှဖြင့် သိခွင့်ကြုံ၍ အကျယ်ချဲ့၍ မှန်းဆသိပါပြီ။ လေးစားဂုဏ်ယူပါတယ်ခင်ဗျား။ ကျွန်တော့်ကိုလည်း ကိုယ့်ညီတစ်ယောက်လို သဘောထား ဆုံးမဖို့ တောင်းပန်ပါတယ်။
    လေးစားစွာဖြင့်
    ဝင်းမြင့်
    winmyint817@gmail.com

Leave a Reply