Latest News

*အရှင်နာယကာ လင်္ကာရနှင့် ဆွေးနွေးမှု (၂)* (ဗုဒ္ဓခြေတော်ရာ ပါဖူးကြရအောင်)

ဗုဒ္ဓခြေတော်ရာ





အရှင်နာယကာ လင်္ကာရ



အဖြူရောင် နှင်းပွင့်များကြားမှ အဖြူရောင်မေတ္တာ



7:37 AM me: မင်္ဂလာပါ ဘုန်းဘုန်း
7:38 AM ဖိုးသားမေးစရာလေး ရှိလို့ ။ ဘုန်းဘုန်းအားလား မသိဘူး။

အရှင်နာယကာလင်္ကာရ: အေး ခဏစောင့်

me: တင်ပါ့

________________________________________ 9 minutes
7:47 AM အရှင်နာယကာလင်္ကာရ: မေးဗျာ
7:48 AM ရပြီ

me: ဖိုးသားကို ခုအောက်မှာရေးမယ့် ဂါထာလေးက ဦးကြီးတစ်ယောက် သင်ပေးသွားတာဘုန်းဘုန်း။ စာလုံးပေါင်းအမှန်ကိုတော့ ဖိုးသားမသိဘူး။ အဲဒီ ဂါထာလေးရဲ့ အဓပ္ပါယ်လေး ဘုန်းဘုန်းသိရင်ပြောပြပေးပါဦးနော်။
*စိတ္တယမနပဿာမိ၊ စိတ္တယမန သုနာမိ၊ အရဟံ ၀ိဇ္ဇာ ဇယံမေဒေဟိ*

အရှင်နာယကာလင်္ကာရ: ဒီဂါထာတော့ကြာဘူးဘူး

7:49 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဘုရားဟော ဂါထာမဟုတ်တာတော့ သေချာတယ်

me: ဖိုးသားလည်း အဲလိုပဲထင်တယ်ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဘိုးတော်တွေ စီထားတာဖြစ်မယ်
ကို့ယိုကားယားနဲ့

7:50 AM me: အဲဒါဆိုဖိုးသားမရွတ်တော့ဘူး

အရှင်နာယကာလင်္ကာရ: မရွတ်နဲ့

me: ဘုရားဟောအောက်မေ့လို့

အရှင်နာယကာလင်္ကာရ: ဘုန်းဘုန်းပေးတဲ့ ဘုရားရှိခိုးပဲ ရွတ်

me: တင်ပါ့
7:53 AM နောက်တစ်ခုက ဖိုးသားကိုညက သူငယ်ချင်းတစ်ယောာက်ကမေးတယ်။ ကံငါးပါးမှာ ဘယ်ကံက အပြစ်အကြီးဆုံးလဲတဲ့. ဖိုးသားကတော့ *အဲဒါ အစဉ်အတိုင်းပဲ။ သူ့အသက်သတ်တာ အပြစ်အကြီးဆုံးလို့။ မင်းရဲ့ စိတ်ပေါ်လည်း မူတည်တယ်* လို့ ဖြေလိုက်တယ်။ အဲဒါလေး ပြောပြပေးပါဦး

အရှင်နာယကာလင်္ကာရ: အကုန်ကြီးတာပဲ

me: တင်ပါ့

7:54 AM အရှင်နာယကာလင်္ကာရ: မကောင်းမှုမှာနည်းတယ်ဆိုအထင်မသေးနဲ့
အဆိပ်ပြင်းတယ်
အဆိပ်ကိုနည်းနည်းစားလည်း သေတယ်မဟုတ်လား
များများစာမှးသေတာမဟုတ်ဘူး

me: တင်ပါ့ ဖိုးသားမှတ်ထားပါ့မယ်

အရှင်နာယကာလင်္ကာရ: အဆိပ်ဆိုတာစာမိတာနဲ့သေသလိုပဲ
7:55 AM မကောင်းမှုဆိုတာနည်းနည်းများများ အပြစ်ဟာအပြစ်ပဲ ခံပေတော့

me: တင်ပါ့ဘုန်းဘုန်း
8:00 AM နောက်ပြီး ကုက္ကစ္စ ဆိုတာ *အမှု ၂ မျိုးထမ်းခြင်း၊ ၁ - ကိုယ်ပြုထားတဲ့ အကုသိုလ်ကိုအောက်မေ့ပြီးနောင်တရတာ၊ ၂ - ကိုယ်မပြုရသေးတဲ့ ကုသိုလ်ကိုတွေးပြီး ပူပန်တာ။ ဒါကြောင့် အဲဒါကို ပယ်သတ်ရမယ်* ဆိုတာကကော .. ဖိုးသားကိုရှင်းပြပေးပါဦး
ကုက္ကုစ္စ ထင်တယ်

အရှင်နာယကာလင်္ကာရ: အင်း
ပယ်သတ်တယ်ဆိုတာ မဂ်ဖိုလ်ရတဲ့သူမှလေ

8:01 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ကိုယ်က အဲလိုမဖြစ်အောင်ကြိုးစားရမှာ
ပြုသင့်တဲ့ကုသိုလ်ရအောင်လုပ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: မလုပ်သင့်တဲ့အကုသိုလ်ကိုရှောင်
ဒါပဲရှိတယ်
ပယ်တယ်ဆိုတာ သောတာပန်အရိယာတွေမှ

me: တင်ပါ့ဘုန်းဘုန်း
8:04 AM နောက်ပြီး *ပရိယုဋ္ဌာန ပြုတ်သွားတယ် နောက် အနုသယပြုတ်သွားတယ်* ဆိုတာလေး ရှင်းပြပါဦး။

8:05 AM အရှင်နာယကာလင်္ကာရ: အနုသယကိလေသာက ရဟန္တာမှ ကုန်တာ

me: တင်ပါ့

8:06 AM အရှင်နာယကာလင်္ကာရ: ပရိယုဋ္ဌာနကတော့ ပုထုဇဉ်လည်း ကောင်းတဲ့အာရုံပြောင်းပြီး ငြိမ်အောင်လုပ်လို့ရပါတယ်
ကိလေသာ သုံးမျိုးပါ
၁- အနုသယကိလေသာ
၂- ပရိယုဋ္ဌာနကိလေသာ
၃- ၀ီတိက္ကမကိလေသာ

8:07 AM me: အဲဒီ သုံးခုက ဘယ်လိုသဘောလေးတွေလည်း ဘုန်းဘုန်း။ မြန်မာလိုဆိုရင်

အရှင်နာယကာလင်္ကာရ: အနုသယဆိုတာ ဖွဲမီးလိုပဲ ပြာပုံထဲမှာကိန်းနေတာ
အပေါ်ကိုမတောက်ဘူး
မီးမရှိသလိုပဲ
8:08 AM ပရိယုဋ္ဌာနကျတော့ အမှိုက်စလေးတစ်ခုရလာတော့ အရှိန်ယူလာတဲ့မီးလိုပဲ မီးတောက်တော့မတောက်သေးဘူး မီးခိုးအူတာနဲကတူတယ်
ဝီတိက္ကကျတော့ ထတောက်လောင်တော့တာပဲ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ကိလေသာ ဒီတိုင်းပဲ မရှိသလိုလေး ဒို့နှလုံးသားမှာကိန်းနေတာ
8:09 AM အဲဒါအနုသယ
မကြိုက်တဲ့အာရုံနဲ့တွေ့တော့ စိတ်ထဲမှာထောင်းကနဲ မျက်ကနဲဖြစ်သွားတာ ပရိယုဋ္ဌာန
8:10 AM မျက်ကနဲ ဖြစ်တာကိုမခံနိုင်လို့ ထပြီးတွယ်လိုက်မယ် ချလိုက်မယ်ဆိုရင် ကာယကံ ၀စီကံပါလာတော့ ၀ိတိက္ကမဖြစ်ရော
ဒါပဲ
အနုသယဆိုတာ ကိန်းနေတာ

me: တင်ပါ့ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ပရိယုဋ္ဌာနဆိုတာ ထကြွသောင်းကျန်းတာ
8:11 AM ၀ီတိက္ကမဆိုတာ လွန်ကျူးတာ
အနုသယကို ရဟန္တာမှသာ ပယ်နိုင်တာ
သောတာပန် ကနေ အနာဂါမ်တောင်မပယ်နိုင်ဘူး
နောက်နှစ်ခုကတော့ ပုထုဇဉ်တွေကတော့ ဘာဝနာပွားပြီးထိန်းရတာပေါ့
8:12 AM ဒါပါ

me: ဖိုးသားနားလည်ပါပြီ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အေးအေး
သာဓု သာဓု သာဓု

8:13 AM me: ဘုန်းဘုန်းလည်းတော်တော်လေး ပင်ပန်းသွားပြီ။ ဖိုးသားလာပြီး မပြုစုနိုင်လို့။ တကယ့်ကို ပြုစုချင်တာပါ။

8:14 AM အရှင်နာယကာလင်္ကာရ: ရပါတယ်
ဒါပြောပေးရတာ အပန်းမကြီးပါဘူး ဖိုးသား

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ခြေတော်ရာ ဖူးပြီးပြီလား

me: ဖူးပြီးပြီ ဘုန်းဘုန်း

လေးစားစွာဖြင့်
ဖိုးသား

11.12.2008, THU:, 08:42:52 am
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply