Latest News

*အရှင်ကောဝိဒနှင့် ဆွေးနွေးမှု (၁)*

အရှင်ကောဝိဒ

me: အရှင်ဘုရား ဘယ်ဆိုက်မှာပါလဲဘုရား တပည့်တော်မေ့သွားလို့

အရှင်ကောဝိဒ: အန်
ဘာကိုလဲ

3:22 AM me: ပို့အသစ်ပါဘုရား

3:23 AM အရှင်ကောဝိဒ: ဦးဇင်းဆိုက်က www.venkawwida.net

3:24 AM me: တင်ပါ့ဘုရား

အရှင်ကောဝိဒ: ပို့စ်အသစ်က မင်းဟာလား

me: မဟုတ်ပါဘူးဘုရား

3:27 AM အရှင်ကောဝိဒ: ဒါဖြင့်ဘာကိုလဲ

me: အရှင်ဘုရားရေးထားတဲ့ မောင်းခတ်ကြေငြာတာကို ပြောတာပါဘုရား

3:28 AM အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် အရှင်ဘုရား

အရှင်ကောဝိဒ: မဖြစ်ပါဘူး

3:29 AM ပြောပါရပါတယ်
ဒါနဲ့ မင်းနဲ့ dream က ဘယ်လိုပတ်သက်လဲ

3:30 AM me: ဘလော့ရေးတဲ့ dream ကိုပြေတာလားဘုရား
ဘာမှမပတ်သတ်ပါဘူး

3:31 AM အရှင်ကောဝိဒ: ဟုတ်တယ်
အော်
နာမည်ဘယ်လိုခေါ်လဲ

3:32 AM me: ပြည့်စုံအောင်ပါဘုရား 30.05.1985 မှာမွေးပါတယ်

အရှင်ကောဝိဒ: နေဦး

3:33 AM အော်
ဒါနဲ့
မောင်းခတ်ကြော်ညာတယ်ဆိုတာက

3:34 AM အော်
3:35 AM ဘလော့ လိပ်စာကြော်ညာတာကို ပြောတာထင်တယ်

me: တင်ပါ့

အရှင်ကောဝိဒ: မကြော်ညာရင်မသိဘူးလေ
ဟီး
________________________________________ 6 minutes
3:41 AM အရှင်ကောဝိဒ: ဘယ်မှာနေတာလဲ

3:43 AM me: တပည့်တော်အခု ရုရှားမှာပါဘုရား
နေတာကတော့ ကွမ်းခြံကုန်းမှာပါ
ရန်ကုန်တိုင်းပဲဘုရား

အရှင်ကောဝိဒ: အော်
အင်း
3:44 AM သိပါတယ်

me: တင်ပါ့

အရှင်ကောဝိဒ: မင်းက စစ်ဗိုလ်ထင်တယ်
ဟား

me: တင်ပါ့ဘုရား
ဘာလို့လဲဘုရား

အရှင်ကောဝိဒ: ဘာမှမဖြစ်ဘူး
ရုရှားကဆိုတော့.........ဟီး

3:45 AM ငါ့ဆီမှာ ရုရှားကစစ်ဗိုလ်တွေအများကြီးလေ
ဆိုက်ထဲဝင်နေတာ

me: ပုံက တပည့်တော့ပုံမဟုတ်ပါဘူးဘုရား တပည့်တော်ကို ၀ိပဿနာလိုင်းး လုပ်နိုင်အောင် သွန်သင်ပေးတဲ့ဆရာ့ပုံပါ

အရှင်ကောဝိဒ: ဒါကြောင့် ခန့်မှန်းမိတာပေါ့

me: တင်ပါ့

3:46 AM ဒီမှာက စိတ်ထွက်ပေါက်အနေနဲ့ပါဘုရား

အရှင်ကောဝိဒ: ကျဉ်းကြပ်လို့လား

3:48 AM me: အဲဒီလိုတော့မဟုတ်ပါဘူး ။ လူနေမှုစရိုက်ကလည်းမတူ နောက်ပြီး ဘာသာစကား အခက်အခဲကလည်းရှိ။ ရာသီဥတုကလည်းဆိုးတော့ အပြင်သိပ်မထွက်ဖြစ်ကြဘူး ဘုရား ဒါကြောင့်ပါ

အရှင်ကောဝိဒ: အော်
အင်းလေ
ဘယ်လွယ်ပါ့မလဲ
မြန်မြန်ကြိုးစားမြန်မြန်ပြီးပေါ့

3:49 AM me: တင်ပါ့ဘုရား
တပည့်တော်ကို သွန်သင်ပါဦးဘုရား

3:51 AM အရှင်ကောဝိဒ: အင်း
မင်းတို့ဆီမှာ အင်တာနက်ကတော့ ရှယ်ပဲထင်တယ်နော်
ဒို့များနဲ့တော့ကွာပ

3:53 AM me: တင်ပါ့ လိုင်းကော မီးကော ပြောစရာမရှိပါဘူးဘုရား ။အရှင်ဘုရားရဲ့ မွေခံထိုက်သူဖြစ်ပါစေ တရားကို နာလိုက်ရလို့ တပည့်တော်ရဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အဖေ့ကို အမျှအတန်းတွေ ပေးဖြစ်သွားပါတယ်ဘုရား မေ့လျော့မှုတွေကို ဖြေဖျောက်ပေးလို့ကျေးဇူးကြီး လှပါတယ်ဘုရား

3:54 AM အရှင်ကောဝိဒ: အင်း ဒါက ဘုန်းကြီးတို့အလုပ်ပဲလေ
ပရဟိတ ကုသိုလ်အလုပ်ပေါ့

me: တင်ပါ့

3:55 AM အရှင်ကောဝိဒ: ဒါနဲ့ ၀င်းမြင့်ဆိုတာက ကော သူနဲ့မင်းတို့နဲ့ အတူတူပဲလား
သူလည်း ရုရှားကပဲ

3:56 AM me: သူက မော်စကိုကဘုရား
တပည့်တော်တို့က စိန့်ပီတာစဘတ်မှာ

အရှင်ကောဝိဒ: မင်းလည်း နောက်မေးစရာရှိ မေးနိုင်တယ် မေးတဲ့အခါ မေးသူရဲ့ လိပ်စာလေးရေးပေးပါ

me: တင်ပါ့ဘုရား

အရှင်ကောဝိဒ: စာအုပ်ထုတ်မှာမို့ပါ

me: တင်ပါ့

3:57 AM အရှင်ကောဝိဒ: အခုလည်း အမေးအဖြေတစ်အုပ်ထုတ်ဖို့စီစဉ်နေတယ်

me: တပည့်တော် တစ်ခုမေးပါရစေ

အရှင်ကောဝိဒ: ဆို

4:01 AM me: သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ ဆရာသမား (လူပုဂ္ဂိုလ်) နဲ့ သစ္စာတရားကို ဟောပြောဆုံးမနိုင်စွမ်းမရှိ တဲ့ မိဘနှစ်ပါးမှာ ဘယ်သူ့ကို ရှေ့တန်းတင် ဦးစားပေးသင့်ပါသလဲ ဘုရား ။ တကယ်လို့ မိဘစကားနားမထောင်ဘဲ အဲဒီ သစ္စာဟောပြနိုင်သူရဲ့ စကားပဲနားထောင်မယ်ဆိုရင် ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲဘုရား

4:03 AM အခုတင်ထားတဲ့ ဓါတ်ပုံက ကိုဝင်းမြင့်ပုံပါဘုရား
4:04 AM တပည့်တော် သူ့ကြောင့် အကျိုးတွေများခဲ့တာပါ

အရှင်ကောဝိဒ: ဟေ့ ငါပြောမယ်

me: သူက 27 နှစ်ပါ

4:05 AM တင်ပါ့ဘုရား

အရှင်ကောဝိဒ: ဥပမာ မင်းဟာ မြတ်ဘုရားနဲ့တွေ့တယ်ဆိုပါစို့ အဲသလိုဖူးမြင်ရပြီဆိုရင် မိဘကိုပစ်ပယ်မှာလား

me: မပစ်ပယ်ပါဘူးဘုရား

4:06 AM အရှင်ကောဝိဒ: အဲဒါပဲ
သစ္စာတရားဟောသူကိုလည်း ဆည်းကပ်ရသလို မိဘရဲ့စကားကိုလည်း ကောင်းတာ အကျုးရှိတာဆိုရင် နာယူသင့်တယ်လေ

me: တင်ပါ့ဘုရား

4:07 AM အရှင်ကောဝိဒ: တစ်ခုတော့ရှိတာပေါ့ အကုသိုလ်အလုပ်တွေလုပ်ခိုင်းမယ်၊ မင်းဒါသွားလုပ်ပြောရင် မလုပ်ဘဲနေရုံပေါ့
နော်

me: တင်ပါ့

အရှင်ကောဝိဒ: မိဘစကားကို လုံးလုံးကြီးမပယ်ကောင်းဘူးပေါ့

me: တင်ပါ့

4:08 AM အရှင်ကောဝိဒ: ဘုရားနဲ့မိဘ ဟာ ဂုဏ်ရည်ချင်းမတူပေမယ့်လို့
ကိုးကွယ်တဲ့နေရာမှာ သူ့နေရာနဲ့သူရှိရတယ်လေ

me: တပည့်တော်နားလည် သဘောပေါက်ပါပြီဘုရား

အရှင်ကောဝိဒ: သစ္စာတရားဟောသူတိုင်းလည်း အမှန်လို့ယူဆလို့မရပါဘူး။

4:09 AM me: တင်ပါ့

အရှင်ကောဝိဒ: တကယ်လို့ ကျမ်းဂန်နဲ့မညီရင် ဘယ်လိုလုပ်မလဲ
ဘုရားလက်ထက်က ဘုရားရယ်လို့ကြွေးကျော်ပြီး တရားဟောနေတာ အများကြီးပဲ

me: တင်ပါ့ဘုရား

အရှင်ကောဝိဒ: အခုလည်း တစ်ချို့တွေမှာ ရှိကြတယ်လေ

4:10 AM ဒါလေးကိုအမေးအဖြေထဲမှာ ရေးချင်တယ်
မင်းရဲ့နာမည်နဲ့လိပ်စာပြောဦး

me: ရ၆
မှားရိုက်မိသွားတာ

အရှင်ကောဝိဒ: နာမည် ကျောင်း မြို့
ဒါပဲ

4:12 AM me: တပည့်တော်နာမည်က ပြည့်စုံအောင်။ ကျောင်းက S.M.T.U ။ စိန့်ပီတာစဘတ်မြို့ ရုရှားဖက်ဒရေးရှင်း
ပါဘုရား

4:13 AM အရှင်ကောဝိဒ: ကျေးဇူး

me: အရှင်ဘုရား က အဲဒီလိုကြီး မသုံးနှုန်းပါနဲ့လား ဘုရား
တပည့်တော် မနေတတ်ဘူးဘုရား

4:14 AM အရှင်ကောဝိဒ: ဘာကိုလဲဟ
ကျေးဇူးဆိုတာလား

me: ကျေးဇူးဆိုတာပါ
တင်ပါ့

အရှင်ကောဝိဒ: ဟား
ဟုတ်ပါ့

me: တပည့်တော်ကတင်ရမှာပါ

အရှင်ကောဝိဒ: အကျင့်ပါနေတယ်လေ

4:15 AM smt university ပေါ့

me: တင်ပါ့


အရှင်ကောဝိဒ: ကြိုးစားဟေ့
4:16 AM me: တင်ပါ့ဘုရား တပည့်တော် အရှင်ဘုရားရဲ့စကားကို နားထောင်ပါ့မယ်

အရှင်ကောဝိဒ: အားရင် လက်တွေ့ကျင့်သုံးမှုလည်းလုပ်ဖို့လိုမယ်
မေတ္တာပွားတာတို့ ဗုဒ္ဓါနုဿတိပွားတာတို့ပေါ့

me: တင်ပါ့ အချိန်ရသလိုတော့ ရှုကြည့်နေပါတယ်ဘုရား

အရှင်ကောဝိဒ: ပုံမှန်လေးလုပ်နိင်ရင် စိတ်သက်သာတယ်

4:17 AM me: တင်ပါ့

အရှင်ကောဝိဒ: ဒါပဲနော်

me: တင်ပါ့ဘုရား

အရှင်ကောဝိဒ: အပြင်သွားရဦးမယ်
ပို့စ်အသစ်တင်တာက မြို့ထဲသွားတင်ရတာလေ

me: ကျန်းမာရေးဂရုစိုက်ပါဘုရား

အရှင်ကောဝိဒ: ကျန်းမာပါစေ

4:18 AM me: အရှင်ဘုရားကိုမှီပြီး သိရမယ့်သူတွေ အများကြီး ရှိနေပါတယ်ဘုရား


4:19 AM အရှင်ကောဝိဒ: အင်း
4:20 AM me: တရားနှလုံးသွင်းပြီး ကောင်းမြတ်အေးချမ်း မွန်မြတ်လှပတဲ့ မနက်ခင်းဖြစ်ပါစေအရှင်ဘုရား
တပည့်တော်လည်းကြိုးစားလျက်ပါဘုရား

အရှင်ကောဝိဒ: ဟုတ်

4:21 AM me: အရှင်ဘုရားလည်း ပျော်တတ်တာပဲ

အရှင်ကောဝိဒ: ပျော်ပျော်နေမှ ကောင်းတယ်

me: တပည့်တော်က ခုမှ အိပ်ရမှာ

အရှင်ကောဝိဒ: ကောင်းတဲ့ပျော်ခြင်းတွေနဲ့ပေါ့
4:22 AM အန်ဟုတ်လား
ဒါဆိုအိပ်တော့ဟ
ငါလည်း သတိလစ်သွားတယ်
ဒါပဲနော်

me: ဒီမှာ လေးခွဲပဲရှိသေးတယ်

အရှင်ကောဝိဒ: အိပ်ပျော်ပါစေ

me: တင်ပါ့ဘုရား
တင်ပါ့

လေးစားစွာဖြင့်
ပြည့်စုံအောင်

05.12.2008, FRI:, 01:58:52 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply