ငါ့မှာ....အနှိုင်းမဲ့အမေ
သိပ်ချစ်ရတဲ့ချစ်သူ
ခင်တွယ်မိတဲ့သူငယ်ချင်း
မတောက်တစ်ခေါက်
အသိဥာဏ်တစ်စုံ
အလုပ်အကိုင်တစ်ခု......
ဆိုတဲ့ပိုင်ဆိုင်မှု..
ငါ့ပိုင်ဆိုင်မှုအစစ်အမှန်ထင်..
ချစ်ခြင်း၊မုန်းခြင်း
ခွင့်လွှတ်ခြင်း၊ခွင့်မလွှတ်ခြင်း
နာကြည်းအမြင်ကတ်ခြင်း
ဝမ်းနည်းပူဆွေးခြင်း
ပျော်ရွှင်ရယ်မောရခြင်း
အိုခြင်း၊နာခြင်း
သေဆုံးခြင်း၊ပြန်လည်မွေးဖွားခြင်း
ရှင်သန်ခြင်း..
ဆိုတဲ့ခံစားမှုအဖြစ်အပျက်တွေကို
နှစ်ခြိုက်စွာစားသုံးရင်း..
လောကဓံ၊ကံကြမ္မာ၊
ဖြစ်ခြင်း၊ပျက်ခြင်း
အကြောင်းတရားကစ
အကျိုးတရားဖြစ်တဲ့
သံသရာစက်ဝိုင်းတစ်ခုကို
ငါလည်ပတ်နေရခဲ့တာ
အကြိမ်ပေါင်းများခဲ့ပြီ.......။
သံသရာဆိုတာကို
ငါမလည်ပတ်ချင်တော့ဘူး...
ငါပင်ပန်းလှပါပြီ....။
ဒါတွေအားလုံးချုပ်ငြိမ်းတဲ့
ဘာဆိုဘာမှမရှိ
ဖြစ်ပျက်မရှိ
အရာအားလုံးပြတ်သွားတဲ့
နိဗ္ဗာန်ဆိုတဲ့
နေရာတစ်ခုကို
မွတ်သိပ်တောင့်တမိတယ်...
အဲဒီနေရာလေးကို
ရောက်ရှိငြိမ်းချမ်းချင်လှပါပြီ...။
အရာအားလုံးမမြဲတဲ့လောကကြီးမှာ
ဒီပြင်းထန်လှတဲ့
စိတ်ဆန္ဒလေးကလည်း
တစ်ကယ်တမ်းတော့
မမြဲပါလား.........နော်............။
ပန်းခရေ(ရင်တွင်းဖြစ်)
Latest News
0 comments