Latest News

*အရှင်နာယကာ လင်္ကာရနှင့် ဆွေးနွေးမှု (၄)*

ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား



9:40 AM me: မြတ်စွာဘုရားရှင်ရဲ့ ထူးခြားတဲ့ လက္ခဏာတော်ကြီး ၃၂ ချက် ဘုရားရှိခိုးပါ။ ဒါပေမယ့် အဲဒီမှာတော့ ၂ ချက်ပဲပြီးပါသေးတယ်။ ဆက်ဖတ်ချင်ရင်တယ်။ ပွားးများချင်ရင်တော့ မနက်ဖြန်မှာ မျှော်... http://manatphyan77.blogspot.com/
ဖိုးသားကုသိုလ်
9:41 AM ဘုန်းဘုန်းနာမည်ကြီးတော့မယ်

9:43 AM အရှင်နာယကာလင်္ကာရ: အေး
________________________________________ 18 minutes
10:02 AM me: ဘုန်းဘုန်း… အယောက် ၁၂၀ ကျော်ကို ကော်ပီပို့ရတာ တယ်လည်း လက်ညောင်းတာကိုး
ဖိုးသားလည်း ကော်ပီတွေနဲ့ နာမည်ကြီးတော့မယ်
10:03 AM အဲဒါပြောတာ ဆင်ဖြူတော်မှီပြီးကြံစုပ်တယ်ဆိုတာ .. သိပ်အရသာရှိ ဟ ဟ

အရှင်နာယကာလင်္ကာရ: ha ha

me: ဘုန်းဘုန်းနာမည်ကြီးရင်မေ့မသွားနဲ့ဦးနော်
10:04 AM ကျောင်းသားလိုက်လုပ်မလို့

အရှင်နာယကာလင်္ကာရ: ကြီးပါဘူး

me: တပ်ကထွက်ရင်
တကယ်ပြောတာ

အရှင်နာယကာလင်္ကာရ: လုပ်စေဗျာ
ဖိတ်ခေါ်ပါတယ်
တံမြက်လှည်းမဲ့လူရှာနေတာ

10:05 AM me: တံမြက်ကတော့ ပြင်ဦးလွင်မှာနေတုန်းက ကျောက်တောင်ဘုရားမှာ သွားလှဲနေကျ
ဖိုးသားတစ်ယောက်တည်း

10:06 AM အရှင်နာယကာလင်္ကာရ: Sardhu

me: တစ်ကြိမ်တည်း ကပ်စေးနဲလိုက်တာ အလကားခေါ်ရတာတောင် ဘုန်းဘုန်းကလည်း

10:08 AM အရှင်နာယကာလင်္ကာရ: အလကားမရဘူး
10:09 AM သာဓုတစ်ကြိမ်ခေါ်ရင် ဗြဟ္မာ့ပြည်ထိရောက်တယ်

10:10 AM me: ဖိုးသားက နိဗ္ဗာန်အထိရောက်ချင်တာလေ

အရှင်နာယကာလင်္ကာရ: ရောက်မှာပါ
မပူနဲ့
များများတော့လုပ်ဖို့လိုတယ်

me: ဘုန်းဘုန်းလမ်းညွှန်ပေးပေါ့
10:11 AM ခဏလေးဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ကောင်းတာအကုန်လုပ်ပေါ့
ဒါပဲလေ

me: တင်ပါ့
ဘုန်းဘုန်းက စကားလည်းကပ်စေးနဲတယ်

10:12 AM အရှင်နာယကာလင်္ကာရ: ဟုတ်ပါဘူး
ကုသဿသမ္ပဒါ-ကိုရည်ရွယ်ပြောတာလေ
ကြားဘူးလား

10:13 AM me: မကြားဖူးဘူး ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဒါတန်ဖိုးအရှိဆုံးပဲလေ

me: မှတ်လိုက်ဦးမယ် ဖိုးသား

အရှင်နာယကာလင်္ကာရ: သဗ္ဗပါပဿ အကရဏံ- မကောင်းမှုဆိုဘာမှမလုပ်ရ
10:14 AM ကုသလဿူပသမ္ပဒါ- ကောင်းတာမှန်သမျှအကုန်လုပ်

me: မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား
အဲဒါမှတ်လား ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: သစိတ္တပရိယောဒါပနံ- စိတ်ကိုဖြူအောင်ထား

me: ပါဠိလို ခုမှသိတာ

အရှင်နာယကာလင်္ကာရ: သေချာတာပေါ့
10:15 AM ဧတံ ဗုဒ္ဓါန သာသနံ- ဒါဟာ ဘုရားအဆူဆူတို့၏ အဆုံးအမစကားပါ
ပဲ ဖိုးသား

me: တင်ပါ့

10:16 AM ဒါပေမယ့် ၀ိပဿနာမပါရင် နိဗ္ဗာန်မရောက်နိုင်ဘူးဆို ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အော်ဖိုးသားရယ်
ဘုန်းဘုန်းဥပမာပြောမယ်

10:17 AM me: တင်ပါ့
စာမူရပြီ ဘလော့မှာတင်ဖို့

အရှင်နာယကာလင်္ကာရ: အိမ်ပေါ်ထပ်ကိုတက်ဖို့ဘာလိုလဲ
ဖြေလေကွာ

me: ကောင်းမှုဆိုတဲ့ လှေကားလိုတာပေါ့

အရှင်နာယကာလင်္ကာရ: အေး
10:18 AM လှေခါးတက်ရင် တစ်ဆင့်ချင်းတက်ရတာမို့လား

me: ဒါပေမယ့် ကိုယ်တိုင်တော့ လျှောက်ရမယ်လေ ဘုန်းဘုန်း
တင်ပါ့ တစ်ဆင့်ချင်းပေါ့

အရှင်နာယကာလင်္ကာရ: ကျော်တက်ရင် ကံမသင့်လို့ချော်ကျရင် အ၀ီစိထိကျသွားမယ်

me: တင်ပါ့ ဟုတ်တယ်နော်

အရှင်နာယကာလင်္ကာရ: ဒါန သီလ ဘာဝနာ
10:19 AM ဘုရားက အဆင့်အလိုက် ပေးထားတယ်

me: မတက်တတ်ရင် ချော်ကျနိုင်သေးတာပဲ
ဖိုးသားကိုပြောပြပါဦး
အယူအဆလေးတွေ မှန်အောင်

အရှင်နာယကာလင်္ကာရ: ပထမ ကိုယ့်ရှိတာကို ပေးကမ်းချင်တဲ့စိတ်ရှိလာအောင် အရင်ကြိုးစားရတယ်
me : လောဘကို ပယ်ရမယ်ပေါ့
10:20 AM တင်ပါ့

အရှင်နာယကာလင်္ကာရ: ကိုယ့်ရှိတာကိုတောင် မျှဝေသုံးစွဲချင်တဲ့စိတ်လေးမှ မရှိတဲ့လူက ၀ိပဿနာ အားထုတ်လို့ ရမယ်အားကြီးကြီး

me: ဘာဇေမ နဲ့လည်းပြည့်စုံရမှာပေါ့နော်
ဟဲ ဟဲ ဒါလည်း ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်လိုက်တာ

အရှင်နာယကာလင်္ကာရ: ဒါပေါ့ဗျာ
10:21 AM အောက်ခြေကနေ ဖြေးဖြေးချင်းလုပ်သွားရင်လေ

အရှင်နာယကာလင်္ကာရ: အောက်ခြေခိုင်တော့ အပေါ်က ဘယ်လောက်ကြီးကြီး ပြိုမှာမကြောက်ရဘူး

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အဲဒီအတိုင်းပဲ
10:22 AM ငါးပါးသီလမှ လုံအောင်မစောင့်နိုင်ပဲ ပိပဿနာလုပ်လို့ကတော့ သေအောင်လုပ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: မရသေး

me: ဖိုးသားနားလည်ပါပြီ

အရှင်နာယကာလင်္ကာရ: အဲဒီတော့ ဒါန သီလကို အင်အားကောင်အောင် လုပ်ထားရင် ပညာအတွက် အင်အားပဲ

me: မေ့လျော့မှုလေးတွေကိုပြောပြလို့

10:23 AM အရှင်နာယကာလင်္ကာရ: သက်သောင့်သက်သာနဲ့ အေးဆေးရတယ်

me: တင်ပါ့
အသာအယာပေါ့
ဒါပေမယ့် ၀ီရိယတော့ လိုမယ်ထင်တယ်

အရှင်နာယကာလင်္ကာရ: ပင်ပင်ပန်းပန်း ဒို့ကတော့ မဂ်ဖိုလ်မလိုချင်ဘူး

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အရှင်မဟာကဿပတို့ အရှင်သာရိပုတ္တရာတို့လို
10:24 AM သက်သောင့်သက်သာနဲ့ပဲ ရချင်တယ်
ဒါကြောင့်ပါရမီများများ ကိုယ်က လုပ်ရတယ်
ဆည်းပူရတယ်

me: ဒါပေမယ့် ကြားကာလမှာ အပါယ်ကျသွားရင်ကော ဘုန်းဘုန်း
ဖိုးသားကို ပြောပြပါဦး
10:25 AM ဘုရားတစ်ဆူနဲ့ တစ်ဆူကြားက အရိုးပုံ ၁၃ မိုင်တက်တယ်ဆိုလို့ပါ

အရှင်နာယကာလင်္ကာရ: အပါယ်ကျတယ်ဆိုတာက အပါယ်ကျအောင် လုပ်မှကျတာကိုး

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: လမ်းဆိုတာ ကိုယ်လျှောက်မှပါ
10:26 AM ကုသိုလ်ချည်းဖြစ်အောင်သာ သတိနဲ့နေ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အပါယ်လမ်းက မရောက်ဘူး

me: တင်ပါ့ ဖိုးသားမှတ်ထားပါ့မယ်

10:28 AM အရှင်နာယကာလင်္ကာရ: ပုထုဇဉ်ဆိုတာ ဂတိမမြဲတာတော့မှန်တယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ကလျာဏပုထုဇဉ်ဖြစ်အောင်လုပ်
အပါယ်လမ်းမရောက်ဘူး

10:29 AM me: ဒါပေမယ့် တစ်ဘ၀ နှစ်ဘ၀ပဲ အပါယ်ကလွတ်တာဆို ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: မဟုတ်ပါဘူးဗျာ

me: အဲလိုလား
10:30 AM သောတာပန်မှ အပါယ်ပိတ်တယ်လို့ဖိုးသားထင်တာ

အရှင်နာယကာလင်္ကာရ: ရတနာသုံးပါးကိုခိုင်မြဲတဲ့လူ ငါးပါးသီလ အပြည့်အစုံလုံတဲ့လူ မကျပါဘူးကွဲ့

me: ဒိဋ္ဌိလေးတွေ ဖယ်ပေးပါဦး ဘုန်းဘုန်း ဖိုးသားကို

အရှင်နာယကာလင်္ကာရ: လူနတ်ပြန်ဖြစ်လည်း သူတော်ကောင်းတွေနဲချည်းသာ ပြန်တွေ့ရခြင်း၏ အထောက်ပံ့ဖြစ်ပါစေလို့ ဦးတည်ပြီး ကုသိုလ်လုပ်

10:31 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: မင်းပြောသလိုဆို အရှင်သာရိပုတ္တရာတို့တောင်ပေါ်လာမှမဟုတ်ဘူး

me: အင်း ဒါလည်းဟုတ်တာပဲနော် ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ကမ္ဘာတစ်သိန်းတိတိပါရမီဖြည့်လာရတာ ပုထုဇဉ်ဘ၀နဲ့
10:32 AM တစ်ကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ရမယ်လေ

10:33 AM me: အော် သိပြီ၊ ဖိုးသားက လက်ရှိဘ၀တစ်ခုတည်း ပါရမီဖြည့်ရုံနဲ့ရောက်နိုင်တယ်ဆိုတဲ့ ဒိဋ္ဌိဖြစ်နေတာ
မေ့သွားတယ်
သိရဲ့သားနဲ့

အရှင်နာယကာလင်္ကာရ: နင့်ဘကြီးရမယ်

me: မရတာကို သိတယ်။ မေ့သွားတာပါဆို ဘုန်းဘုန်းကလည်း
10:34 AM ဘကြီးက ရပြီးပြီ

အရှင်နာယကာလင်္ကာရ: ဟဟ
အဲဒါကိုပြောတာမဟုတ်ဘူးလေ

10:35 AM me: သိပါတယ် ဘုန်းဘုန်းရ။ အိပ်ချင်ယောင်ဆောင်နေတာ
10:36 AM ဘုန်းဘုန်းပြောပါဦး ။

အရှင်နာယကာလင်္ကာရ: ဒီဘ၀မှာ ဒါနလည်းလုပ်
သီလလည်းထိန်း
ဘာဝနာလည်း ပွား
နိဗ္ဗာန်ရပြီဗျား

10:37 AM me: အော် ဒီစကားတွေက လူတိုင်းရင်းနှီးပေမယ့် ဘယ်သူမှ သေသေချာချာ လိုက်မကျင့်ကြပါလားနော်
လိုက်ကျင့်ရင် လွယ်လွယ်လေးကို
10:38 AM ကိုယ့်ကိုယ်ကို မလှိမ့်တပတ်လုပ်နေကြတာ

အရှင်နာယကာလင်္ကာရ: သိရင်ပြီးတာပါပဲဗျာ

10:39 AM me: တင်ပါ့
talking ကျင့်ကြည့်တာ

အရှင်နာယကာလင်္ကာရ: အော်

me: သူများကို တရားဟောမလို့

အရှင်နာယကာလင်္ကာရ: ထားပါတော့
10:40 AM me: ဘုန်းဘုန်း ဒီစကားတွေ အပြစ်မဖြစ်ပါဘူးနော်
ဘုန်းဘုန်းကို ရင်းနှီးလို့ပါ

10:41 AM အရှင်နာယကာလင်္ကာရ: ရပါတယ်ကွ
ညီအကိုတစ်တွေပဲ

me: ဘုန်းဘုန်းအပြစ်မယူပါနဲ့

အရှင်နာယကာလင်္ကာရ: ကိစ္စမရှိပါဘူး

10:42 AM me: ဘုန်းဘုန်း ၂ နာရီထိုးတော့မယ် ။ ဘုန်းဘုန်းတို့ဆီမှာ။
မအိပ်သေးဘူးလား ဘုန်းဘုန်း

10:43 AM အရှင်နာယကာလင်္ကာရ: အိပ်တော့မယ်
ဖိုးသားမေးတာမပြီးသေးလို့

me: အော်

အရှင်နာယကာလင်္ကာရ: ပြီးရင် ကျိန်းပြီ

me: တင်ပါ့
ဖိုးသားပြီးပြီ
ဒီနေ့အဖို့
မနက်ဖြန်တော့ ကျန်သေးတယ်နော်
10:44 AM မနက်ဖြန်..

အရှင်နာယကာလင်္ကာရ: အိုကေ
တာ့တာ

10:45 AM me: ဘုန်းဘုန်း မင်္ဂလာရှိသောညချမ်းမှာ မင်္ဂလာတွေပြည့်ပြည့်၀၀နဲ့ ကျိန်းနိုင်ပါစေ။
ဖိုးသားဦးချလိုက်ပါတယ်

အရှင်နာယကာလင်္ကာရ: ကျန်းမာပါစေ
တရားထူးရပါစေ
တရားအရမထူးပါစေနဲ့

10:46 AM me: ဖိုးသားကြိုးစားနေပါတယ်

အရှင်နာယကာလင်္ကာရ: တရားအရထူးဆိုတာသိလား
me: မသိဘူးဘုန်းဘုန်း
နည်းနည်းလေး
ပြောပြပါဦး

အရှင်နာယကာလင်္ကာရ: တရားအရူးမထနဲ့လို့ပြောတာ

me: ဟား ဟား
တင်ပါ့
10:47 AM သိပြီ ဖိုးသား

အရှင်နာယကာလင်္ကာရ: တရားအရထူး-တရားအရူးထ
သဘောပေါက်ပြီလား
တရားထူး ပဲရအောင်ကြိုးစား

me: ဖိုးသားအခုစာတွေရေးတာ အဲလိုဖြစ်နေလားဘုန်းဘုန်း
10:48 AM ကိုယ်တိုင်လည်းဘာမှမသိဘဲနဲ့ရေးတာဆိုတော့

အရှင်နာယကာလင်္ကာရ: မဖြစ်ပါဘူး

me: အော် တင်ပါ့

အရှင်နာယကာလင်္ကာရ: ဒါက ကိုယ်သိတာမျှဝေတာလေ

me: တင်ပါ့ ဘာဇေမ ပေါ့နော်
ဘုန်းဘုန်းကျိန်းပါတော့ ညဥ့်နက်နေပြီ

အရှင်နာယကာလင်္ကာရ: အင်းပေါ့
10:49 AM တာ့တာဗျာ

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေလို့ ဖိုးသား အဖြူရောင်မေတ္တာများဖြင့် ဆန္ဒပြုရင်း…

လေးစားစွာဖြင့်
ဖိုးသား

14.12.2008, SUN:, 01:51:59 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply