Latest News

*အရှင်နာယကာ လင်္ကာရနှင့် ဆွေးနွေးမှု (၅)*

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား




10:36 PM me: ဘုန်းဘုန်း အားပြီလားမသိဘူး

အရှင်နာယကာလင်္ကာရ: ဟုတ်

me: ဘုန်းဘုန်း ကြာရင်ဟာသမင်းသားဖြစ်သွားဦးမယ်နော်

10:37 PM အရှင်နာယကာလင်္ကာရ: ဘာလို့

me: ဟုတ် လို့ပြောလို့ပါ

အရှင်နာယကာလင်္ကာရ: ထားပါတော့
ကဲပြောဗျာ
ဘာလုပ်ပေးရမလဲ

10:39 PM me: ဘုန်းဘုန်းပုံ တင်ထားတာကြာပြီ ။ ဖိုးသားကို တင်ခ ဘာပေးမှာလဲ
ကြေငြာခ

အရှင်နာယကာလင်္ကာရ: ဘုန်းဘုန်းကတောင်ပြန်ပြီး တောင်းရဦးမယ်
မင်းသားငှားခရယ်
တရားဟောဓမ္မပူဇာဖိုးရယ်

10:40 PM me: လုပ်ပြန်ပြီဘုန်းဘုန်းက ဖိုးသားပြောခဲ့တဲ့စကားလုံးတွေနဲ့

အရှင်နာယကာလင်္ကာရ: ခုမင်းသားက အလကားရုပ်ပြစားခံနေရတာလေ

10:41 PM me: ဘုန်းဘုန်း နာမည်မကြီးခင်တော့ ငှားခဘယ်ရမလဲ။
ဘုန်းဘုန်း ဖိုးသားကို လက္ခဏာတော်ကြီး ပါဠိလေးတွေ ရွတ်ပြပါလား၊ ဖိုးသား အဖြတ်အတောက်တွေ မရလို့

အရှင်နာယကာလင်္ကာရ: အေး
ခေါ်လိုက်ဗျား

me: တင်ပါ့

________________________________________ 26 minutes
11:08 PM အရှင်နာယကာလင်္ကာရ: မအိပ်သေးဘူးလား
11:09 PM me: ဘုန်းဘုန်းအတွက် အကူအညီတောင်းပေးနေလို့
အစ်ကိုတစ်ယောက်ဆီ

အရှင်နာယကာလင်္ကာရ: နေပါစေကွာ

me: ဖလပ်လေ

အရှင်နာယကာလင်္ကာရ: သူတို့အလုပ်နဲ့သူတို့ အလုပ်ရှုပ်နေကြမှာပေါ့

me: ရပါတယ် ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: လောလောဆယ်တော့ မင်းသာ ခုလက္ခဏာတော်ကြီး ဘုရားရှိခိုးကို သူငယ်ချင်းတွေနားလည်အောင် လိုက်ဟောပေတော့
အကုန်နားလည်သွားအောင်
11:10 PM ခြေရာတော်ကြည်ညိုတတ်အောင်

11:12 PM me: ဒီမှာက မရဘူးဘုန်းဘုန်း။ ပုဂ္ဂိုလ်စွဲပြီးတရားလွဲနေကြတာ
ဖိုးသားက ရွယ်တူတွေဆိုတော့ သိပ်ပြောလို့မရဘူး

အရှင်နာယကာလင်္ကာရ: ပုဂ္ဂိုလ်စွဲလို့ဘာလုပ်မှာလဲ

11:13 PM me: အဲဒါက ဖိုးသားသိပေမယ့် သူတို့ကနားမလည်ဘူးလေ
အဝေးက အစ်ကိုတွေကိုပဲပြောပြနေရတယ်
11:14 PM အခုဆို ဆေးကအစ်ကိုတစ်ယောက် ဒီဘုရားရှိခိုးကို ဖိုးသားနည်းတူ ကျက်နေတယ်လေ။
တစ်ယောက်ရလည်း မနည်းပါဘူးနော်
11:15 PM ဒါက ဖိုးသားသိတာ။ မသိတဲ့သူတွေလည်းရှိဦးမှာပါ။

အရှင်နာယကာလင်္ကာရ: အေးပေါ့
11:16 PM အဲဒါလည်းကောင်းတယ်

11:17 PM me: ခုဆို ဖိုးသား မှာ လူချင်းတစ်ခါမှ မတွေ့ဘူးပေမယ့် အွန်လိုင်းကနေ ဘာသာရေးနဲ့ပတ်သတ်ပြီး ရင်းနှီးနေတဲ့ ဆေးကအစ်ကိုတွေ ဆယ်ယောက်လောက်ရှိတယ်။
11:18 PM ဖိုးသားရဲ့စာတွေကို သူတို့ကအားပေးတယ်လေ
အချင်းချင်းလည်း လေးစားမှုရှိတယ်
ဖိုးသားကျေနပ်ပါတယ်

အရှင်နာယကာလင်္ကာရ: ဒါပေါ့
တစ်ကြောင်းနှစ်ကြောင်းသိလည်း ပညာပဲ

me: တင်ပါ့

11:19 PM အရှင်နာယကာလင်္ကာရ: မသိသေးတာ သိနေဖို့ကအရေးကြီးတယ်

11:20 PM me: ဒီနေ့မနက်လည်း ရယ်ရတယ်။ ညက ဘုန်းဘုန်းနဲ့ စကားပြောပြီးတဲ့ အထိ စာမေးပွဲမှာ အလွတ်ဆိုရမယ့်စာက တစ်ဝက်ပဲရသေးတယ်။

11:21 PM အရှင်နာယကာလင်္ကာရ: ဟားဟား

me: ဖိုးသားလည်း စိတ်မပါတာနဲ့ ဆက်မကျက်တော့ဘူး။ မေးချင်တာမေးလို့ လောသမကြီးတော့ဘူးဆိုပြီးတော့

အရှင်နာယကာလင်္ကာရ: လုပ်ဦးကွဲ့
လုပ်ရမဲ့အလုပ်ကို
လုပ်သင့်တာကို မလုပ်ခြင်းသည်လည်း လူမိုက်တဲ့

11:24 PM me: ဒါပေမယ့် ဆုတော့တောင်းလိုက်တယ်။ တပည့်တော် ဒီဘလော့ရေးတာသည် သူတစ်ပါးကိုသိစေချင်တဲ့စေတနာနဲ့လို့။ နောက်ပြီး ဆရာတော်တို့ကိုလည်း တကယ်ကြည်ညိုတာပါလို့။ ဒါကြောင့်မေးခွန်းမေးရင် (ဗိုက်ပါသဘောမျိုးဖြေရတာ ဘုန်းဘုန်း တစ်ယောက်ချင်း) ဖိုးသားရတာတွေချည်းမေးပါစေလို့။ ဆရာမကိုလည်း စိတ်ထဲက စေတနာပါပါနဲ့ မေတ္တာပို့လိုက်သေးတယ်။
11:25 PM အဓိဋ္ဌာန်လိုက်တာ

အရှင်နာယကာလင်္ကာရ: ဟဟ
သာဓု သာဓု သာဓုခေါ်စေသော်

me: အောင်မြင်တယ် ဘုန်းဘုန်း
တကယ်
ရတာတွေချည်းမေးတာ

အရှင်နာယကာလင်္ကာရ: တကယ်သာဓုခေါ်တာပဲလေ

me: တင်ပါ့
11:27 PM ဘုန်းဘုန်းကို အရင်တစ်ခါဖိုးသားပြောဖူးတဲ့ ဘိုးတော်ဂါထာလည်း ကျောင်းတုန်းက ဖိုးသား အခက်အခဲကြုံလာတိုင်း အဲဒါလေးရွတ်ပြီး ဆုတောင်းတာ။ တကယ်အောင်မြင်တယ်။ ဒါတောင် ဘုရားဟော မဟုတ်သေးဘူး

11:28 PM အရှင်နာယကာလင်္ကာရ: ဒါပေါ့

me: ခုမှ ဘုရားဟော ဆို ဒီ့ထက်အောင်မြင်မှာလို့ ဖိုးသားသိလာတယ်
ဘုန်းဘုန်းတို့ ကျေးဇူးတွေလေ
ဖိုးသားမမေ့ပါဘူး

11:29 PM အရှင်နာယကာလင်္ကာရ: သာဓု ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

me: တရားအားထုတ်မှုနဲ့ အကျေဆပ်နိုင်အောင် ဖိုးသားကြိုးစားနေပါတယ်
11:30 PM ကောင်းမွန်အေးချမ်း မွန်မြတ်လှပတဲ့ ညနေချမ်းလေးပါဘုန်းဘုန်း။
ဖိုးသားလုပ်စရာလေးတွေ လုပ်လိုက်ဦးမယ်
ဘုန်းဘုန်းကို ဖိုးသား ဦးညွတ်လိုက်ပါတယ်နော်
11:31 PM ဘုန်းဘုန်းကျန်းမာပါစေ

အရှင်နာယကာလင်္ကာရ: အေးအေး
လုပ်စေဗျာ
ဖိုးသားလည်း ကျန်းမာပျော်ရွှင်ပါစေ
သုခီ ဟောတု
ဒုက္ခာ မုစ္စတု

11:32 PM me: သုခတွေရောက် ဒုက္ခပျေက်စေလို့ ဆိုလိုတာလား ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဟုတ်ပ
11:33 PM ဤသတ္တုဿဒတာလက္ခဏာတော်သည် မြတ်စွာဘုရားရှင်၏ ၃၂-ပါးသောလက္ခဏာတော်တို့တွင် ခြောက်ခုမြောက်လက္ခဏာ တော်ဖြစ်သည်။ ဤလက္ခဏာတော်သည် မြတ်စွာဘုရားရှင်၏ လက်ဖမိုးတော် ခြေဖမိုးတော် ပခုံးတော် လည်ကုတ်တော် အားဖြင့် ၇-ဋ္ဌာနတို့၏ ကြည်ညိုဘွယ်အသွင်တော်ကို ဖေါ်ပြသည့်ဂုဏ်တော်လည်းဖြစ်သည်။ မြတ်စွာဘုရားရှင်၏ ဖူးမျှော်၍မရနိုင်သောကိုယ်တော် သဏ္ဍာန်ပုံဟန်တော်ကို ဂုဏ်တော်မှန်းဆ ပုံတော်တလျက် ရှိခိုးကြရအောင်.......
မနက်ဖြန်မှာ ပူဇော်နိုင်သည်
http://manatphyan77.blogspot.com/

me: တင်ပါ့ဘုန်းဘုန်း

________________________________________ 32 minutes
12:06 AM me: ဘုန်းဘုန်းဖိုးသားတော့ အယောက် ၁၂၀ ကျော်ကို ကော်ပီပို့လိုက်ပြီ။ ဘုန်းဘုန်းနာမည်ကြီးအောင်။ အဲဒါမှ ဖိုးသား ကြံမြန်မြန် စုပ်နိုင်မှာ
12:07 AM လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

>>> အားလုံးသော သူတော်ကောင်းအပေါင်းတို့အား မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေလို့ အဖြူရောင်မေတ္တာများဖြင့် ဆန္ဒပြုဆုတောင်းလျက်…

လေးစားစွဖြင့်
ဖိုးသား

12/16/2008, TUE:, 1:54:03 PM
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply