Latest News

*အရှင်နာယကာ လင်္ကာရနှင့် ဆွေးနွေးမှု (၆)*

သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား



1:35 AM me: မင်္ဂလာပါ ဘုန်းဘုန်း
ဖိုးသား မေးစရာလေးရှိလို့

>>> (၁) မြတ်စွာဘုရားက ၀ိသာခါကို ... ချစ်သမီး ဘယ်အချိန်တွေမှာ ငါဘုရားကို သတိမရဘူးလဲ... လို့မေးတယ်တဲ့။ အဲဒီတော့ ၀ိသာခါက * ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်နဲ့ မေထုန်အမှုပြုတဲ့ အချိန်*.. အဲဒီ နှစ်ချိန်မှာ သတိမရဘူးလို့ ဖြေတယ်တဲ့. .။ အဲဒီတော့ ဘုရားရှင်က * ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်မှာ ငါဘုရားကို သတိရရင် ကျန်းမာမယ်တဲ့။ အဲ.. မေထုန်အမှုပြုတဲ့အချိန် မှာ သတိရရင်တော့ဖြင့် သားကောင်းရတနာ၊ သမီးကောင်းရတနာ ထွန်းကားမယ်* လို့ဖြေတယ်တဲ့။ အဲဒါဟုတ်လား ဘုန်းဘုန်း။ ဖိုးသားဖတ်မိတာကြာပြီ။ ဘယ်သူရေးတာလဲမသိတော့ဘူး။

>>> (၂) လောကနီတိမှာ လာတာတွေအားလုံးကို အမှန်လို့ ယူဆလို့ရပါသလား ဘုန်းဘုန်း။ ဥပမာ.. **လောကတွင် ပညာရှာခြင်း။ ဥစ္စာရှာခြင်း၊ တောင်တက်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ မေထုန်မှီဝဲခြင်းတို့တွင် ဖြေးဖြေးမှန်မှန်သာ ဆောင်ရွက်ရာ၏** တဲ့။ ဒါမျိုးလေးတွေကို ပြောတာပါ။ ဖိုးသားမသိလို့ပါ။ သိသလောက်လေး ရှင်းပြပေးပါဦးနော်။
လေးစားရိုသေစွာဖြင့်
ဖိုးသား
1:39 AM ဘုန်းဘုန်း ခုမအားဘူးထင်တယ်

1:40 AM အရှင်နာယကာလင်္ကာရ: ဟေ
1:41 AM ဖိုးသားမေးခွန်းကိုဘယ်သူ့ဆီကရသလဲ
အဲဒါအရင်အပြော အပေါ်ကမေးခွန်းကို
ဝိသာခါမေးခွန်းကို

me: ဖိုးသားဘာသာမေးတာလေ

အရှင်နာယကာလင်္ကာရ: အော်

me: ဘာလို့လဲဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဘယ်ကကြားဘူးတာလဲ
ဘယ်သူပြောပြလဲ

me: လန့်အောင်မလုပ်ပါနဲ့ ဘုန်းဘုန်း
1:42 AM ဖိုးသားဖတ်ဖူးတာ

အရှင်နာယကာလင်္ကာရ: ဘယ်ကလဲ
မှတ်မိလား

me: မမှတ်မိတော့ဘူးဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဟုတ်ပြီ
1:43 AM ဒါဆိုအဖြေကို ဖြစ်သင့်တာကိုပြောကြရ ဆွေးနွေးကြရအောင်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ၀ိသာခါသည် မည်ကဲ့သိုသော အမျိုးသမီးလဲဆိုတာ အရင်ပြောမယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဗုဗ္ဗာရုံကျောင်းအမဆိုတာ သိတယ်နော်

1:44 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ၂၇-ကုဋေအကုန်ကျခံလှူထားတာ
အဲဒီတော့ ခုနစ် နှစ်သမီးအရွယ်ကတည်းက သောတာပန်ဖြစ်ထားတဲ့အမျိုးသမီး

me: တင်ပါ့ ဘုန်းဘုန်း

1:45 AM အရှင်နာယကာလင်္ကာရ: ရတနာသုံးပါးနဲ့ကင်းပြီးမနေနိုင်တဲ့သဒ္ဓါတရားပိုင်ရှင်

me: တင်ပါ့ ဖိုးသားဆင်ခြင်နေပါတယ်

အရှင်နာယကာလင်္ကာရ: သာဝတ္ထိမြို့တစ်မြို့လုံးမှာဆို အမျိုးသမီးတွေထဲမှာ မျက်နှာဖုံးပေါ့
1:46 AM အဲဒီမြို့မှာ ဘာအလှူပွဲလုပ်လုပ် အဲလိုဂုဏ်သိက္ခာနဲ့ပြည့်စုံ စည်းစိမ်ဥစ္စာ အမျိုးအဆင့်အတန်းအားဖြင့် မြင့်မားတဲ့ ၀ိသာခါတို့ အနာထပိဏ်သူဌေးတို့ကို အထူးတလည် ဖိတ်ကြရတာ
မင်္ဂလာယူကြတာပေါ့
သူတို့မပါရင် ပွဲမစည်ဘူးပေါ့

1:47 AM me: တင်ပါ့ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အဲဒီတော့ အဲလိုကျောင်းအမလည်းဖြစ် သောတာပန်အရိယာလည်းဖြစ်တဲ့ အမျိုးသမီးက အကယ်၍ များဘုရားရှင်က ချစ်သမီး ငါကိုယ်တော်မြတ်ကို ဘယ်နှစ်ကြိမ်လောက်များ သတိရလဲမေးခဲ့ရင်
1:48 AM ဖိုးသားသိထားတဲ့အဖြေနှစ်ခုမျိုးဖြေဆိုပါ့မလား
ဘုရားကိုလျှောက်ဝံ့ပါ့မလား
စဉ်းစားကြည့်ပေါ့

me: မဖြေလောက်ဘူး။

အရှင်နာယကာလင်္ကာရ: ဒါဆိုဖိုးသားကြားထားတဲ့အဲဒီမေးခွန်းသည် မမှန်ဟု
ဖြေမည်
ဘယ်ပါဠိတော်မှလာမည်မထင်
1:49 AM တစ်ခါမှလည်း မဖတ်ဘူးပါ

me: ဖိုးသားလည်းစိတ်ထဲမတင်မကျဖြစ်နေလို့ မေးတာပါဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဘုန်းဘုန်းတော့
မတွေ့ဘူးဘူး

me: တစ်မျိုးမထင်ပါနဲ့နော် ဖိုးသားကို

အရှင်နာယကာလင်္ကာရ: မထင်ပါဘူးကွာ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: မေးလိုက်တော့ရှင်းသွားတာပေါ့
တစ်ယောက်ယောက်က ရေးထားလို့ ဖိုးသားကြားဘူးတာပေါ့
1:50 AM အဲဒီတော့ ကိုယ်သိထားတာ မဖြစ်နိုင်ဘူးဆိုတာကို
ဘုန်းဘုန်းက ဖိုးသားကို အဖြေရှာတတ်ဖို့ သင်ပေးတာလေ

me: တင်ပါ့ ဖိုးသားချင့်ချိန်ဖို့မေ့သွားတယ်

အရှင်နာယကာလင်္ကာရ: အေး သတိထားပေါ့

1:51 AM me: ခုတော့သံသယရှင်းသွားပြီ

အရှင်နာယကာလင်္ကာရ: တစ်ခါတစ်ရံ လူပြက်တွေက ရယ်စရာအဖြစ်ပြောကြတာတွေက နောက်လူငယ်မျိုးဆက်တွေအတွက် တကယ်အဟုတ်အဖြစ် ကျန်ရစ်တတ်တယ်လေ

me: ဟုတ်တယ် ဘုန်းဘုန်း
အဲဒီစာအုပ်တောင် ဖိုးသား သေချာဖတ်လိုက်ရတာ

အရှင်နာယကာလင်္ကာရ: ဖိုးသား ပြောတဲ့မေးခွန်းက ဖြစ်နိုင်တာက လူရွှင်တော် လူပြက်တွေ ရယ်စရာအဖြစ်ပြောတဲ့ စကားလုံး ဟာသတစ်ခုပဲဖြစ်မယ်

1:52 AM me: တင်ပါ့ မမှတ်မိတော့လို့
တော်တော်ဆိုးတဲ့ စာရေးဆရာ

အရှင်နာယကာလင်္ကာရ: ငါလည်း ရှာကြည့်ပါဦးမယ်
ရှိလားလို့ အဋ္ဌကထာတွေထဲမှာ

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အဲဒီမေးခွန်းက ဘုန်းဘုန်းဖြေတာမဟုတ်
ဆရာတော်ကြီးတစ်ပါးကို လှမ်းပြီးဖုန်းဆက်မေးကြည့်လိုက်တာ

1:53 AM me: အော်

အရှင်နာယကာလင်္ကာရ: ဘုန်းဘုန်းဖြေလိုက်ရင် တော်ကြာမှားသွားမှာဆိုးလို့

me: တင်ပါ့ ကျေးဇူးပါ

အရှင်နာယကာလင်္ကာရ: ဆရာတော်ကြီးက မဖြစ်နိုင်ပါဘူးတဲ့

me: အဲဒီလောက်တောင်ကြီးကျယ်သွားလား ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဒီလောက် သိမ်မွေးနုးညံ့ပြီး အရိယာသူတော်စင်က ပြောပါ့မလားတဲ့ ဒီလိုအဖြေမျိုးကိုတဲ့

me: ဖိုးသားကြောက်တယ်

အရှင်နာယကာလင်္ကာရ: ဟ ဟ
မကြောက်နဲ့လေ

1:54 AM me: မသိလို့မေးကြည့်တာကို

အရှင်နာယကာလင်္ကာရ: ဒါမျိုးက အရေးကြီးတယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ရှင်းထားလင်းထားမှ
နောက်မရှုပ်မှာ

me: ဟုတ်ပါတယ်

အရှင်နာယကာလင်္ကာရ: ဖိုးသားလို သိနေတဲ့လူတွေက ဘယ်လောက်များနေမှန်းမသိဘူးလေ

me: တင်ပါ့

1:55 AM အရှင်နာယကာလင်္ကာရ: နောက်မေးခွန်းက
နီတီဆိုလား

me: တင်ပါ့

1:56 AM အရှင်နာယကာလင်္ကာရ: သိနေ သိပ္ပံ သိနေ ဓနံ၊ သိနေ ပဗ္ဗတမာရုဟံ-ဆိုပြီး ကျက်ဘူးတယ်
ပညာရှာ ဖြေးဖြေး

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဥစ္စာရှာ ဖြေးဖြေး
တောင်တက်ဖြေးဖြေးတက်
1:57 AM ဘာညာပေါ့
သူ့နေရာဋ္ဌာနနဲ့သူပေါ့

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: တစ်ခါတစ်ရံ ပညာကို အမြန်ဆုံးနည်းနဲ့ ရှာဖွေသင်ယူရတာလည်း ရှိပါတယ်
နီတိဆိုတာက ပညာရှိတွေရဲ့ အဆိုအမိန့်ပေါ့
လောကထဲမှာဖြစ်တတ်တာလေးတွေကို သိအောင်
ရေးထားတာပေါ့

1:58 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဘုရားဟောတော့မဟုတ်ဘူး
နေရာ ဒေသပေါ်ကြည့်ပြီး တစ်ခါတစ်ရံ အဆင်ပြေတယ်
မှန်တယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: တစ်ခါတစ်ရံကျတော့လည်း မှားတယ်ပေါ့

me: အဲဒါကြောင့်ဖိုးသားမေးတာပါ

1:59 AM အရှင်နာယကာလင်္ကာရ: ပညာရှင်ကလည်း သူရဲ့မျက်မှောက်က အခြေအနေ ကြည့်ပြီးရေး ရ ပြောရတာကို
နောက်ခေတ်နဲ့ကြည့်ရင် မှားချင်လည်းမှားသွားတတ်တာပေါ့

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: တောင်ပေါ်တက်ဖြေးဖြေးတက်ဆိုပေမယ့် ခုလိုခေတ်ကျတော့ ပစ္စည်းကိရိယာစုံတော့
မြန်မြန်တက်လည်းအဆင်ပြေတာပဲလေ
2:00 AM စောစောရောက်တော့စောစောနေရာရတာပေါ့
ဟုတ်ဘူးလား

me: ဟုတ်ပါတယ် ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အဲဒီတော့ နီတိကလာတာလည်း ဗဟုသုတရအောင်ဖတ်
မှတ်သား
လိုအပ်လာရင် ခွင်သင့်ရင် ကျင့်သုံးပေါ့
အလျဉ်းမသင့်ရင်ဖယ်ထားလိုက်ပေါ့
2:01 AM ဘုရားဟောတဲ့ ကောင်းတာမှန်အကုန်လုပ်ဖြစ်အောင်လုပ်
မကောင်းတာဆိုဘာမှမလုပ်နဲ့
စိတ်ကိုဖြူအောင်ထား
ဒါကတော့ ဘယ်ခေတ်ရောက်ရောက်
ဘယ်နေရာရောက်ရောက်
ဘယ်လိုလူမျိုးဖြစ်ဖြစ်
ကျင့်သုံးသင့်တာ

me: တင်ပါ့။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသောသတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေလို့ အဖြူရောင်မေတ္တာများဖြင့် ဆန္ဒပြု ဆုတောင်းလျက်…

လေးစားစွာဖြင့်
ဖိုးသား

17.12.2008, WED:, 03:10:02 am
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ဖတ်သွားပါတယ်..ကိုဖိုးသား။

Leave a Reply