အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား

6:10 PM me: မင်္ဂလာပါ ဘုန်းဘုန်း
ဖိုးသား မေးစရာလေးရှိလို့
>>> (၁) မြတ်စွာဘုရားက ၀ိသာခါကို ... ချစ်သမီး ဘယ်အချိန်တွေမှာ ငါဘုရားကို သတိမရဘူးလဲ... လို့မေးတယ်တဲ့။ အဲဒီတော့ ၀ိသာခါက * ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်နဲ့ မေထုန်အမှုပြုတဲ့ အချိန်*.. အဲဒီ နှစ်ချိန်မှာ သတိမရဘူးလို့ဖြေတယ်တဲ့. .။ အဲဒီတော့ ဘုရားမရှင်က * ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်မှာ ငါဘုရားကို သတိရရင် ကျန်းမာမယ်တဲ့။ အဲ.. မေထုန်အမှုပြုတဲ့အချိန် မှာ သတိရရင်တော့ဖြင့် သားကောင်းရတနာ၊ သမီးကောင်းရတနာ ထွန်းကားမယ်* လို့ဖြေတယ်တဲ့။ အဲဒါဟုတ်လား ဘုန်းဘုန်း။ ဖိုးသားဖတ်မိတာကြာပြီ။ ဘယ်သူရေးတာလဲမသိတော့ဘူး။
>>> (၂) လောကနီတိမှာ လာတာတွေအားလုံးကို အမှန်လို့ ယူဆလို့ရပါသလား ဘုန်းဘုန်း။ ဥပမာ.. **လောကတွင် ပညာရှာခြင်း။ ဥစ္စာရှာခြင်း၊ တောင်တက်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ မေထုန်မှီဝဲခြင်းတို့တွင် ဖြေးဖြေးမှန်မှန်သာ ဆောင်ရွက်ရာ၏** တဲ့။ ဒါမျိုးလေးတွေကို ပြောတာပါ။ ဖိုးသားမသိလို့ပါ။ သိသလောက်လေး ရှင်းပြပေးပါဦးနော်။
လေးစားရိုသေစွာဖြင့်
ဖိုးသား
6:14 PM အရှင်သာဓိန: >>> ၀ိသာခါကို ပြောတဲ့ဘုရားစကားကိုတော့ဖြင့် ဘုန်းဘုန်းလည်း မဖတ်မိဘူးသေးဘူးကွ၊ ဒါပေမယ့် တရားအားထုတ်တဲ့ခါမှာ မြတ်စွာဘုရားပြောထားတဲ့စကား တစ်ခုရှိတယ်၊ အဲဒါလေးနဲ့ တိုက်ကြည့်လေ- ဥစ္စာရ ပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ-တဲ့ ဆိုလိုတာက ကျဉ်ကြီး ကျဉ်ငယ်စွန့်တဲ့အခါမှာတောင် သတိမလွတ်စေ နဲ့၊ ရှုပါ မှတ်ပါတဲ့ တရားရှုတဲ့ ၀ိပဿနာနဲ့စပ်ပြောတာ၊ သတိပဋ္ဌာန သုတ်ထဲမှာပါတယ်
6:16 PM >>> လောကနီတိစကားတွေဟာ ပညာရှိတွေက လောကအတွက် ပြောခဲ့တာလေ၊ လောကအတွက်ဆိုမှန်တာပေါ့၊ ပြောတာကိုက လောကနီတိ = လောကီရေးရာ အဆိုအမိန့်ဆုံးမစာကိုး။ လောကုတ္တရာနဲ့ သွားမရောရင် မှန်တာများတယ်ပေါ့၊ နင်မေးထားတဲ့အမေးလည်း မှန်တာပဲ၊ များများလုပ် လိုက်စားလွန်းရင် အေ့ဖြစ်မယ်လေ
6:17 PM me: တင်ပါ့ကျေးဇူးပါ ဘုန်းဘုန်း
အရှင်သာဓိန: အေးအေး
________________________________________ 9 minutes
6:27 PM me: ဘုန်းဘုန်း ခုတလော ဖိုးသားကျောင်းစာ လုပ်ချင်စိတ်တွေ ပျောက်နေတယ်ဘုန်းဘုန်း။ ပျင်းတာမဟုတ်ဘူး။ အရေးမပါတာတွေ လုပ်နေရတယ်လို့ ခံစားရတယ်။ အရင်တုန်းကဆို ဖိုးသားဒီလိုမဟုတ်ဘူး။ ခုတရားကို အားထည့်သလိုမျိုး အားထည့်တာ။ ကျောင်းစာကိုပြောတာ။ ဒါပေမယ့်ခုတော့ မလုပ်ချင်တော့ဘူး။ မလုပ်ဘဲနေလို့ မရလို့သာလုပ်နေရတာ။ စာကျက်ရမှာ ပျင်းတာလည်း မဟုတ်ဘူး။ ခုဆို ဘုရားစာတွေ ဖိုးသား ကျက်တယ်နော်။ ဖိုးသား အားထည့်တယ်။ ကျက်တယ်။ ဘုရားရှင်ကို ပူဇော်တဲ့သဘောထားပြီး ကျက်တာ။ ပျင်းလည်း မပျင်းဘူး။ တာဝန်အရလုပ်နေတယ်လို့လည်း မခံစားရဘူး။ မနက်ဖြန်လည်း စာမေးပွဲဖြေရဦးမှာ ခုထက်ထိစာ ကျက်ချင်စိတ် ပေါ်မလာသေးဘူး ။ စာကျက်ဖို့ထိုင်လိုက်ရင် စာတွေမမြင်ဘဲ ဖြစ်ပျက်ရှုဖို့ပဲ အားသန်နေတယ်။ ***ဖိုးသားကို ကူပါဦး။
ဘာလုပ်သင့်သလဲလို့ပါ
6:32 PM အရှင်သာဓိန: ညီလေး လောကကြီးထဲမှာ ညီလေးက ရှိနေတုန်း၊ နောက်ပြီး ညီလေးဟာ တကယ့် အစစ်အမှန်ကကျောင်းသားလေ၊ ညီလေး ပညာသင်နေတဲ့ နောက်မှာ ညီလေး မိဘတွေနဲ့အတူ ဆွေမျိုးတွေရယ်၊ နောက်ပြီး ဘုန်းဘုန်းအပါဝင် ညီလေးရဲ့နိုင်ငံသူ နှိုင်ငံသားတွေရှိနေတယ်၊ လောလောဆယ် ညီလေးဆီက ဘုန်းဘုန်းအပါဝင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မျှော်လင့်နေတာက ညီလေးပညာတတ်ကြီးဖြစ်ပြီး နောင်တို့ မြန်မာပြည်ကို အောင်ပန်းနဲ့အတူ ပြန်လာဘို့ပဲ၊ အပိုပစ္စည်းအနေနဲ့ကတော့ ညီလေးဟာ အောင်မြင်မှုနဲ့အတူ မြင့်မြတ်တဲ့ ဘာသာရေးအသိမြင်၊ နားလည်မှုတွေနဲ့ပြည့်နေတဲ့ ဘာသာရေးနှလုံးသား အဲဒါတွေကို လိုချင်တာကွ၊ မျှော်လင့်နေကြတာ၊ ညီလေးဟာ ကျောင်းသားဖြစ်ခြင်းကြောင့် ကျောင်းသားအလုပ်က ညီလေးအတွက် အဓိကပဲ၊ လုပ်ချင်လည်း လုပ်ရမယ်၊ မလုပ်ချင်လည်း လုပ်ရမယ်
6:33 PM အေး လုပ်ရမှာ မလွဲမသွေဖြစ်နေတော့ လုပ်ကိုလုပ်ရမယ်လေ၊ လုပ်ပြီဆိုရင် ညီ့အနေနဲ့ အချိန်ပေးလိုက်ရတော့မယ်၊ အဲဒီအချိန်ထဲမှာ အဲဒီအလုပ်ကို မထည့်ဘဲ ညီလုပ်မိရင် ညီ အောင်မြင်မှာမဟုတ်ဘူး၊ မအောင်မြင်ရင် ညီရှုံး ပြီညီလေး၊
6:34 PM ဒီတော့ ပေးလိုက်ရတဲ့ အချိန်တိုင်းမှာ အချိန်နဲ့ အညီမဟုတ်ရင်တောင်မှ အချိန်ဖြုန်းတီး မှုတွေ နည်းပြီး အမြတ်များများရပါစေ
ဘုန်းဘုန်းတော့ အဲဒါကို ညီတို့အားလုံးအတွက်ပေးချင်တဲ့လက်ဆောင်
*** လုပ်ချင်သည်ဖြစ်စေ
မလုပ်ချင်သည်ဖြစ်စေ
လုပ်ကိုလုပ်ရတော့မယ်ဆိုရင်
6:35 PM အဲဒီအလုပ်အတွက် အကောင်းဆုံးပဲဖြစ်အောင် ၊ အမြတ်တွေ အကျိုးတရားတွေပဲ ရအောင် လုပ်ပါ
ဘာကြောင့်လဲဆိုတော့ ဒို့က အချိန်တွေ ပေးလိုက်ရပြီးပြီလေ***
ဒါပါပဲ
6:37 PM me: **လုပ်ချင်သည်ဖြစ်စေ
မလုပ်ချင်သည်ဖြစ်စေ
လုပ်ကိုလုပ်ရတော့မယ်ဆိုရင်
အဲဒီအလုပ်အတွက် အကောင်းဆုံးပဲဖြစ်အောင် ၊ အမြတ်တွေ အကျိုးတရားတွေပဲ ရအောင် လုပ်ပါ** အဒီစကားလေးကို ဖိုးသား ဆရာတစ်ယောက်ပြောဖူးတယ်။ ဖိုးသား မေ့နေတာ ... ခုလိုပြောပြလို့ကျေးဖူးပါ ဘုန်းဘုန်း
6:36 PM အရှင်သာဓိန: အေး နည်းနည်းလေး ထပ်ပြောရရင်
ဘုန်းဘုန်းကို ခုလိုနိုင်ငံခြားပညာသင်ဘို့ တကယ်ထောက်ပံ့လှူဒါန်းနေတဲ့ အလှူရှင်က လက်ဆယ်ချောင်းမပြည့်ပါဘူး၊ ဒါပေမယ့် - ညီတို့မှာကျတော့ သန်းခြောက်ဆယ်ကျော်တယ်လေ
6:38 PM ဘုန်းဘုန်း ကိုဝင်းမြင့်ကို အဲဒီစကား ပြောပြဘူးတယ်လေ
6:39 PM me: ဟုတ်တာပေါ့ ဘုန်းဘုန်းပြောတာတွေ။ အကုန်လုံးကို မျှတအောင် လုပ်ရတော့မှာပေါ့။ နိုင်ငံတော်နဲ့ ပြည်သူတွေ ရဲ့ ကျေးဇူးကိုလည်း ဖိုးသားဆပ်ရဦးမယ်။ ကိုယ်လုပ်ချင်တာ ချည်းပဲလုပ်လို့ ဘယ်ရပါ့မလဲနော်။
တကယ်ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း
6:40 PM အရှင်သာဓိန: ဟုတ်တယ်ညီ အဲဒါပြောတာပေါ့ ညီလေးရေ အကြွေးဆိုတာ မကျေရင်တောင် ဆပ်နေရတ၊ဲ့ ဆပ်နေရမယ့် အရာလေ
အေးအေး
me: တင်ပါ့
6:41 PM ဘုန်းဘုန်း သာသနာ့ဝန် ခန္ဓာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ။
အရှင်သာဓိန: ညီပေးတဲ့ဆုကို ဘုန်းဘုန်း အမြဲမပြတ် ဆင်ခြင်ဆောင်ရွက်ပါမည်
>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသောသတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေလို့ အဖြူရောင်မေတ္တာများဖြင့် ဆန္ဒပြု ဆုတောင်းလျက်…
လေးစားစွာဖြင့်
ဖိုးသား
12/17/2008, WED:, 02:35:24 PM
0 comments