Latest News

*သစ္စာရှာသူတစ်ဦး၏ ဥပေက္ခာနှင့်ယှဉ်သော မေတ္တာစကားများ*

ကောင်းသောစကား၊ မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား


:18 AM ၄၄: မင်္ဂလာပါညီလေး
အကို အပေါ်ကို ရောက်နေလို့ပါ
1:19 AM me: ဟုတ်အကို ရပါတယ်

________________________________________ 17 minutes
1:36 AM me: အစ်ကို ဆရာတော့်ကို ကိုဆိုဖီတဲလ် ဆွေးနွေးတာနဲ့ ပတ်သတ်ပြီးမေးတာလားအစ်ကို

1:37 AM ၄၄: မဟုတ်ဘူးညီလေး
ကျန်တဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီးဆွေးနွေးတာပါ

me: ဟုတ်ကဲ့ အကို

၄၄: ဆရာတော်က ဓမ္မစေတီဆရာတော်နဲ့ သူငယ်ချင်း
အဲဒီကိစ္စက အကို့ဘက်က သံသယ ရှင်းပါတယ်

me: ဟုတ် ဘယ်ဆရာတော်လဲ အကို
1:38 AM ညီသိလို့ရမလား

၄၄: ဓမ္မစေတီဆရာတော်ပြောတဲ့.. သိရမယ့်တရား နှင့် ပယ်ရမယ့်တရားဆိုတာက ဓမ္မစကြာကို အခြေခံပြောထားတာတဲ့

me: ဟုတ်

၄၄: အဲဒီတရားမှာ တရားအားဖြင့် ခွဲပြသွားတာ... ပယ်ရမယ့်တရားဆိုတာ
1:39 AM ဒါပေမယ့် ပယ်ရမယ့်တရားကို ဒီအတိုင်းပယ်ထားရတာမဟုတ်
အရှိဒုက္ခသစ္စာကို သိတဲ့မဂ္ဂသစ္စာဖြစ်တဲ့အခိုက်မှာ သမုဒယချုပ်နေတယ်
အဲဒါက သမုဒယကို ပယ်လိုက်တာပဲ

me: ဟုတ် အကိုဆွေးနွေးထားတာညီတွေ့ပါတယ်

၄၄: အေးဒါကိုလည်း ဆရာတော်က ဟုတ်ပါတယ်တဲ့

1:40 AM me: ဟုတ်ကဲ့

၄၄: မိုးကုတ်ဆရာတော်လည်းပြောပါတယ်.. မဂ္ဂသစ္စာသည် သမုဒယကို ပယ်၍ ဒုက္ခကိုသိမ်းတဲ့တရား

me: ဟုတ်

၄၄: အကိုပြောတဲ့ဆရာတော်က အရှင်သာဓိနပါ
1:41 AM phd တက်နေတာပေါ့
အခုတော့ ပြီးပါပြီ
မြန်မာကို ပြန်ရတော့မယ်

me: ဟုတ်ကဲ့
၄၄: အကိုတို့အနေနဲ့ စာတတ်တဲ့ဆရာတော်ဘက်က အခိုင်အမာရှိပါတယ်

me: ဟုတ်အကို ညီဂုဏ်ယူပါတယ်

၄၄: အလုပ်ဖက်မှာတော့ မိုးကုတ်ဆရာတော်ဘုရားကြီး နဲ့ ကိုယ်တိုင်အလုပ်နဲ့က
1:42 AM ခိုင်မာပြီးသားပါ

me: ဟုတ်

၄၄: သူတို့က ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို နားမလည်သေးဘူး
နားမလည်တော့ ပြောရတာခက်တယ်
1:43 AM နားမလည်တဲ့အသိနဲ့ ပြောတော့ နားမလည်နေတာက ဟာကွက်ဖြစ်နေတာပေါ့
ကိုတင်ဦးက မိုးကုတ်ဆရာတော်ဘုရားကြီးကိုတောင် ကျမ်းဂန်လွတ်တယ်ပြောသွားသေးတယ်

me: စာတအားသိသွားရင်လည်း တော်တော် တော့ပြောရခက်မယ်နော်အကို
1:44 AM သိတာတွေများပြီးတော့လေ

၄၄: အကိုက မိုးကုတ်ဆရာတော်ဘုရားကြီးတရားကို နားထားတာ သဘောဝနေပြီ.. ဒါတွေ ဆရာတော်ပြောထားပြီးသားတွေပါ.. ခင်ဗျားထင်ထားတာနဲ့ တလွဲတွေ.. ဒါတွေပြောရင် အငြင်းများနေလိမ့်မယ်..ဆိုတာ ဆရာတော်က ရန်ကုန်မှာပြောသွားဖူးတယ်
စာသိ - အလုပ်သိ နှစ်သိရှိတယ်

me: ဟုတ်အကို

1:45 AM ၄၄: အဲဒီ နှစ်သိကို ဉာဏ် နဲ့ ညှိနှိုင်းပြီး သိတဲ့အသိဆိုတာ ရှိသေးတယ်

me: ဟုတ်

၄၄: အဲဒီဉာဏ်က လူတိုင်းမှာ ရှိအပ်တဲ့တရား မဟုတ်ဘူး
မိုးကုတ်ဆရာတော်ဘုရားကြီးမှာ အဲဒါရှိတယ်
အခု ဖိုရမ်မှာ ဆွေးနွေးနေတဲ့ လူက ကိုယ့်တရားအဆင့်ကို ကိုယ်သိထားပြီးသားပါ..
1:46 AM တည့်တော့ ပြောလို့ မကောင်းဘူးပေါ့
အကို စာမျှဝေတယ်ဆိုတာက ကဗျာကလေး ရေးထားတာရှိတယ်
ညီလေး မှတ်ပေါ့

** ခံယူတတ်သူ
ဝေမျှယူစေ
ပေးဝေငှ၏
ဤအသိဖြင့်
ဉာဏ်ဖိန့်တောက်တောက်
1:47 AM ခန္ဓာဉာဏ်ရောက်က
ဝဋ်ကျွတ်ရသည်တကား။ **

ဒါပဲညီလေး
ခံယူတတ်သူ ဝေမျှယူစေ လို့ပြောထားတယ်

me: သချာင်္တစ်ပုဒ်တွက်သလိုပေါ့နော် အကို။ အဖြေရဖို့ နည်းတွေ အများကြီးရှိတယ် ကြိုက်တဲ့နည်းနဲ့တွက် အဖြေရဖို့အေရေးကြီးတယ်

၄၄: မခံယူတတ်သူ ဝေမျှမယူဘူး

me: ဟုတ်

၄၄: ဒါပေါ့ ညီရာ

1:48 AM me: ဟုတ်အကို

၄၄: တရားစစ်သူကြီးဆိုတာ အရှင်သာရိပုတ္တရာပေါ့
1:49 AM တရားကို စစ်သူကြီးသဖွယ် တိုက်ရတာပေါ့
ဒေါသ နဲ့ တိုက်တာမဟုတ်ဘူး
ပညာနဲ့ တိုက်တာ
အခုလည်း အကိုတို့ ဆွေးနွေးနေတာက ပညာနဲ့ ငြင်းနေကြတာပါ
1:50 AM သူတို့တွေ လွဲသွားမှာစိုးလို့
အဲဒီအလွဲက သေးသေးလေးမဟုတ်ဘူး
မဂ်မဆိုက်တဲ့ အလွဲ
မဂ်ကို တားမယ့် အလွဲဖြစ်နေတယ်
1:51 AM တရားတော့ အားထုတ်တာတော့ ဟုတ်တာပေါ့
သူ့အဆင့်နဲ့ သူရှိတယ်

me: ဟုတ်ကဲ့

၄၄: ကိုယ့်အဆင့်ကို ကိုယ်သိရင်တော့ ပိုကောင်းတာပေါ့
အခု ကိုဆိုဖီတဲလ်က စာလွဲနဲ့ ကန့်လန့်ကန့်လန့်ဖြစ်နေတယ်

1:52 AM me: နည်းနည်းတော့ စိတ်တိုဖို့ ကောင်းတာပေါ့အကို

၄၄: အဲဒါက သူ့အလုပ်ကို ခရီးပေါက်မှာမဟုတ်ဘူး.. ဒါကို မြင်လို့ အကိုက ဆွဲခေါ်တဲ့သဘောပါ
စိတ်ကတော့ မတိုပါဘူး...

me: ဟုတ်

၄၄: ဥပေက္ခာမပြုတတ်ခင်တုန်းက စိတ်တိုတာတွေရှိတယ်
1:53 AM ဥပေက္ခာပြုတတ်ပြီဆိုရင် စိတ်တိုတာတွေ တော်တော်ကင်းသွားတယ်..
ဥပေက္ခာပြုတယ်ဆိုတာမှာလဲ ဉာဏ်နဲ့ သုံးသပ်ပြီးတော့ အခြေအနေကို ကြည့်ရတယ်
ဆွဲခေါ်တဲ့သဘောပါ..

1:54 AM me: ဟုတ်ညီကဘေးက ပွဲကြည့်ပရိသတ်ဆိုတော့ တမျိုးကြီးပဲအကို

၄၄: ဝိပဿနာလုပ်နေတဲ့သူတွေပဲ ညီလေးရေ..

me: ဟုတ်ကဲ့ပါ

၄၄: အားလုံးက အရှုခံဖြစ်သွားတာပေါ့

1:55 AM me: နားလည်ပါတယ်အကို ညီ

၄၄: ညီက အလုပ်ကို အလေးပေးလုပ်
စာရေးတာ နောက်ထား
မှတ်တမ်းက နောက်
ငွေပေးတာ အရင်
ငွေးပေးပြီးမှ မှတ်တမ်းက နောက်က လိုက်မှတ်ရတာ

1:56 AM me: ဟုတ်ကဲ့အကို ညီအကို့စကားနားထောင်ပါ့မယ်

၄၄: ငွေပေးတာ မှားရင် မှတ်တမ်းမှားသည်ပဲ
ညီလေး စာရေးတယ်ဆိုတာသည် မှတ်တမ်း
အလုပ်သည် ငွေးပေးတာ

me: ဟုတ်

၄၄: အလုပ်မှားရင် မှတ်တမ်းမှားသည်ပဲ
1:57 AM အဲဒီမှတ်တမ်းက ကျန်တဲ့လူတွေကိုပါဆက်မှားစေတယ်..
အပြစ်ပိုကြီးတယ်
ဒီနေရာမှာ အပြစ်ကို ဝေဖန်တာမဟုတ်ဘူးညီလေး
အလုပ်ကိုပဲ ဝေဖန်လိုတယ်
အလုပ်ကိုပဲ အလေးထားလုပ်ပါ

me: ဟုတ်ကဲ့အကို ဟုတ်ကဲ့ပါ

၄၄: ခန္ဓာ့ဒုက္ခ အကြောင်း ကောင်းကောင်းသိအောင် ဉာဏ်နဲ့ပွားပါ
1:58 AM မသိလို့ကတော့ စာအုပ်နဲ့ ကိုင်ပေါက်ရင် လန့်သွားပြီ အသွားတတ်တယ်..
အမှန်က စာလာပြတဲ့သူတွေကလည်း စာအသိနဲ့ အလုပ်ကို မညှိတတ်ဘူး..

me: ဟုတ်ကဲ့

၄၄: အဲဒီလိုတွေရှိတော့
1:59 AM အလုပ်မှ မလုပ်တဲ့သူက လူများလိမ်တာ ခံပဲ
အကိုတို့က ခံခဲ့ရပေါင်းများလှပေါ့
ကိုယ့်ကိုယ်ကိုလိမ်တာရော.. သူများကလိမ်တာရော..
လိမ်တာတော့မဟုတ်ဘူးပေါ့
လွဲမှားနေတာပေါ့

2:00 AM me: ဟုတ်ကဲ့ပါအကို ညီပြင်ပါ့မယ်

၄၄: စားရေးကို နောက်ထား
အလုပ်ကို ရှေ့ထား

me: ဟုတ်

2:01 AM ၄၄: အကို ဝိပဿနာအလုပ်ကို ၇ လလောက်လုပ်ပြီးမှ မြန်မာလက်ကွက် စရိုက်တာ
ဥစ္ဆေဒဒိဋ္ဌိကိုတောင် မှန်အောင် မရေးတတ်ဘူး

me: ဟုတ်

၄၄: ဒါပေမယ့် သူ့သဘောကိုတော့ ဉာဏ်သိသိတယ်
အဲဒီ ၇ လထဲမှာလည်း... ဘယ်စာအုပ်ကိုမှ မဖတ်ဘူး
ဘယ်ဖိုရမ်မှလဲ မဝင်ဘူး
2:02 AM မိုးကုတ်ဆရာတော်ဘုရားကြီးတရားနဲ့ ခန္ဓာကဟောတဲ့တရားပဲနာတယ်
ဆရာတော်ဟောတဲ့တရားကို နာရင်း ခန္ဓာကိုဉာဏ်လှည့်တယ်
ထိုင်ရင်းနာတယ်....
နာရင်းနှလုံးသွင်းတယ်...
2:03 AM ထိုင်ပြီးရင် လမ်းလျှောက်ပြီးနာတယ်
နားရင် ရှုတယ်
လမ်းလျှောက်ပြီးရင် ပြန်ထိုင်တယ်
ဒါတွေပဲလုပ်နေတာ

me: ဟုတ်

၄၄: ပွင့်ပွင့်လင်းလင်းပြောရရင် စာတောင်မလုပ်ဘူး..နည်းနည်းတော့လုပ်တာပေါ့
2:04 AM ရှေးကလုပ်ထားတဲ့ အဟုန်ကရှိနေ၊ ကုသိုလ်ကံကလည်းကောင်နေးတော့ စာကလည်း သိပ်လုပ်စရာမလိုတဲ့ ကာလဖြစ်နေတယ်
ဒါပဲလုပ်တာ.. တရားနာတာနဲ့ ခန္ဓာက တရားကိုနာတာ
ခန္ဓာကတရားကို နာတာဆိုတာက နှလုံးသွင်းတာ
သူငယ်ချင်းနဲ့ စကားပြောတာ လျှော့တယ်
အမူကိစ္စလျှော့တယ်
2:05 AM အစားကို ပုံမှန်သင့်တင့်လျောက်ပတ်အောင်စားတယ်
အအိပ်ကို လျှော့တယ်
ဒါတွေကို လျှော့ချလို့ ပိုတဲ့ အချိန်တွေမှာ တရားနာတယ်
အွန်လိုင်းမတက်ဘူး
2:06 AM ရည်းစားကို ဖြတ်ထားတယ်.. သူ့ကိုပြောထားတယ်.. အလုပ်လုပ်နေတယ်လို့

****ကလေးနို့တိုက်ပြီး ဖဲမရိုက်ချင်ဘူး****

လို့ပြောပြီး ရပ်ထားတယ်

me: ညီလည်း ဒီနေ့ကစပြီး အစ်ကို့လိုပဲ လုပ်တော့မယ်အကို ညီသေချာ ဆုံးဖြတ်လိုက်ပြီ.. ဟုတ်တယ်.. ညီဆုံးဖြတ်လိုက်ပြီ အကို သေချာပါတယ်

2:07 AM ၄၄: တစ်နေ့တရားတွေ ၃ ၄ ပုဒ်လောက်နာတယ်
နာရင်းဆင်ခြင်တယ်
ဆင်ခြင်ရင်း သိတာပေါ့
ကျောင်းသွားလည်း နှလုံးသွင်းတာပဲ
အချိန်တိုင်းပဲ
အိမ်မက် မက်ရင်တောင် နှလုံးသွင်းမှုက လိုက်တယ်

2:08 AM me: မြန်ပေမယ့် တကယ်ပဲ ဆုံးဖြတ်လိုက်တာပါ

၄၄: အေးအေး ညီ့ကို ခံယူတတ်အောင် ပြောပြတာ

****ကလေးလိုချင်ရင် အပျိုဘဝကို စွန့်ရတယ်****

မစွန့်ရင် မရဘူး
တရားနှလုံးသွင်းချင်ရင် မတရားတာလုပ်တာ စွန့်ရတယ်
2:09 AM အခု အကိုစာရေးတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် နားနေတာပဲ
ဒါမကောင်းဘူး

me: တကယ့်ကို ကျေးဇူးကြီးပါတယ်အကို..တကယ်ပါ

၄၄: သို့သော် ကိုယ့်ရဲ့အခြေအနေတစ်ခုနဲ့ အပြီးပြတ်မလုပ်နိုင်ဘူး
2:10 AM ဒါကြောင့် မျှဝေတယ်.. ဆင်ခြင်တယ်.. အချိန်အားတိုင်း နှလုံးသွင်းတယ်..
နဂိုကလုပ်ထားတော့ အခုက အသားကျနေပြီ..
အရင်လောက် အားထည့်စရာမလိုတော့ဘူး..
ပုံမှန်လေးနဲ့ လုပ်လို့ရသွားပြီ
အခုညီလေးက ပုံမှန်နဲ့ နေလို့မရသေးဘူး
2:11 AM အားထည့်လုပ်ရမယ်
အဲ.. ကလေးလိုချင်ရင် အပျိုဘဝ ကို စွန့်ရတယ်
ညီလည်း အားထုတ်ပါ..
ဘေးပြောကို နားယောင်မနေနဲ့

me: ဟုတ်ကဲ့ပါအကို..ညီစွန့်ပါ့မယ်

၄၄: အေးအေး ညီ...
2:12 AM ညီဉာဏ်တက်ရင် ထူးခြားရင် အကို့ကို ဆွေးနွေးပါ
ညီအနေနဲ့ မတင်မကျဖြစ်နေရင် အကို့ကို လာပြောပါ
အကိုမပြောဘဲ ညီကိုယ်တိုင်ဖြေသွားတဲ့နည်းနဲ့ အကိုဖြေပြမယ်
2:13 AM ဒါက ညီမို့လို့ ပွင့်ပွင့်လင်းလင်းပြောတာပါ
စကားကြီးတယ်လို့ မယူပါနဲ့
အလုပ်သဘောက ကြီးကျယ်နေတဲ့အတွက်ပါ..

2:14 AM me: ဟုတ်ကဲ့ပါအကို

၄၄: အေးအေးညီလေး
မနက်ထထပြီးတော့ အလေးပေးလုပ်
မထချင်ရင် မထချင်တဲ့စိတ်ကို ရှု
2:15 AM ညီ့အခြေအနေကိုကြည့်ပြီး အကိုပြောပေးပါ့မယ်.. ဘာလုပ်တော့ ညာလုပ်တော့ဆိုတာ
2:16 AM ဒီအချိန်မှာ တရားဆိုတဲ့ အာရုံ နှင့် စာဆိုတဲ့ အာရုံ နှစ်ခုကို ပဲ နှလုံးသွင်းပါ
ကျောင်းစာကိုလည်း မပျက်စေနဲ့
ကျောင်းစာမှာ အလုပ်သွင်းလို့ရတယ်..
2:17 AM လွှတ်ထားစရာမလိုပါဘူး

me: ဟုတ်ကဲ့ တကယ့်ကို လေးစားပါတယ်အကို ကျေးဇူးလည်းကြီးပါတယ်

၄၄: ညီလေးကို ပြောပြရတာသည် ဘာနဲ့တူသလဲဆိုတော့
2:18 AM မြေဩဇာဓာတ်ခံကောင်းတဲ့လယ်မှာ စပါးကြဲရသလိုပဲ..
ကြဲရတာ အားရဖို့ကောင်းတယ်

me: ဟုတ်ကဲ့ပါ

2:19 AM ၄၄: မြေခံကောင်းတော့ စပါးထွက်မယ်ဆိုတာ ကြဲတဲ့သူက အကဲခတ်သိတယ်
ညီက မြေခံကောင်းတယ်
ခံယူတတ်တယ်
နှလုံးလွယ်တတ်တယ်
ဝီရိယရှိတယ်
သဒ္ဓါရှိတယ်
ပညာလည်းရှိတယ်
သတိလည်းရှိနေပြီ
သမာဓိလည်း ရှိနေပြီ
ပြည့်စုံနေပြီ

2:20 AM တစ်ခုပဲပြောမယ်... သတိထားပါ

** မလောနဲ့ **

me: ဟုတ်ပြောပါအကို

၄၄: ခန္ဓာကပေါ်လာတဲ့တရားကို စောင့်ပြီး အဖန်ဖန် သူ့သဘောအတိုင်းသာ ကြည့်နေ

***စောင့်***

ဆိုတဲ့စကားအရေးကြီးတယ်
2:21 AM မစောင့်ရင် လောမယ်
တရားဆိုတာက ဟိုနားဒီနားမှာ ရှာစရာမလိုဘူး
စောင့်ပြီး ရှုရတဲ့အလုပ်

2:22 AM me: ဟုတ်ကဲ့အကို

၄၄: ***ပေါင်က.. ခေါင်းက.. ရင်ထဲက.. နှလုံးက.. တရွရွနဲ့ ရုပ်ဓမ္မနာမ်ဓမ္မတွေ ဖြိုင်ဖြိုင်ကြီးပြလိမ့်မယ်
ပေါ်တာကို ဉာဏ်လှည့်ကြည့်
စောင့်နေ
2:23 AM ပေါ်တာကို ဉာဏ်ဦးတည့်ပြီး သဘောကို ဆင်ခြင်..
အစိုးမရတဲ့သဘောကို မြင်ရင် မဆင်ခြင်တော့ဘဲ သူ့သဘောအတိုင်းထားပြီးတော့ ကြည့်သာနေတော့
ကြည့်ရင်းနဲ့ အဲဒီကြည့်နေတဲ့တရားက ချုပ်ငြိမ်းသွားလိမ့်မယ်
2:24 AM အဲဒါဆိုရင် ငြိမ်းသွားတာကို ငြိမ်းတယ်.. ငြိမ်းတယ်လို့ သိနေ..
ပြီးတော့ ပြန်ပြီးတော့ ဖြစ်ပျက်တွေ ဗြောင်းဆန်လာလိမ့်မယ်
ငြိမ်းတယ်ကို သိတာက နေရာကျတာပဲ***

2:25 AM me: ဟုတ်ကဲ့အကို

၄၄: လေးစားပါတယ် ညီလေး
အောင်မြင်ပါစေ..

2:26 AM me: ဟုတ်ကဲ့ပါ ညီလုပ်ပါတော့မယ်
ရိုသေလေးစားလျက်ပါ အစ်ကို

၄၄: အေးအေးညီ

ကဲမိတ်ဆွေတို့ကော ဘာတွေ လုပ်နေကြလဲဗျာ။ ကျွန်တော့လိုတော့ ဇော်ကန့်လန့် မလုပ်ကြနဲ့နော်။ သတိပေးတာပါဗျာ။ ဒီသတိပေးစကားလေးတွေပဲ ကျွန်တော့မှာ ချမ်းသာလို့ပါ။ အားလုံးပဲမမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလျက်...

လေးစားစွာဖြင့်
ဖိုးသား

17.12.2008, WED:, 09:49:58 pm
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply