Latest News

*ပန်းကောက်ချိန်ကဗျာ၏ နောက်ကွယ်* (ကိုဝင်းမြင့်နှင့် ဆွေးနွေးမှု)

၄၄: ဟုတ်ပါ့
ကဗျာက ကောင်းလှချည်လားလို့ ဖတ်ပြီး သဘောကျနေတာ

me: အစ်ကို
ဟုတ်ကဲ့

၄၄: အချိန်အခါ မလင့်စေဖို့ နှိုးဆောင်လို့နေတဲ့ ကဗျာလေးတစ်ပုဒ်ပဲ

2:19 AM me: ဟုတ်ကဲ့အစ်ကို
တရားသဘောနဲ့ကြည့်ရင် တော်တော်လေးကောင်းတယ်
အစ်ကို

၄၄: တရားရှိတဲ့သူက တရားနဲ့ကြည့်တယ်

me: ဟုတ်

၄၄: တရားရှိတဲ့သူက တရားနဲ့သွားတယ်

me: ဟုတ်ကဲ့

2:20 AM ၄၄: တရားရှိတဲ့သူက တရားနဲ့စားတယ်
တရားနဲ့ကြည့်တာက တရားက မျက်မှန်သဖွယ်ကျေးဇူးပြုတယ်

me: ဟုတ်

၄၄: တရားနဲ့သွားတာက တရားက ယာဉ်သဖွယ်ကျေးဇူးပြုတယ်

me: ဟုတ်

2:21 AM ၄၄: တရားနဲ့စားတာက ကိလေသာအဆာဓာတ်တွေကို ပယ်ဖျောက်ပြီး တရားကဓမ္မက အာဟာရသဖွယ်ကျေးဇူးပြုတယ်

me: ဟုတ်


2:22 AM ၄၄: တရားနဲ့ နေတာက ကိလေသာ သဘာဝအန္တာရယ်တွေကို လုံခြုံအောင် တရားက အိမ်သဖွယ်ကျေးဇူးပြုတယ်

2:23 AM တရားနဲ့အိပ်တာက ကိလေသာအပူဓာတ် အလောင်ဓာတ် မီးတွေ ငြိမ်းပြီးသကာလ တရားကအေးမြမှုနဲ့ ကျေးဇူးပြုတယ်

me: ဟုတ်ကဲ့အစ်ကို

2:24 AM ၄၄: တရားနဲ့ကြားဆိုတာက ကိလေသာ ဆူညံသံတွေကို ကာကွယ် တားဆီးပြီးတော့ တရားဓမ္မသံက လွှမ်းမိုးမှုဖြင့် ကျေးဇူးပြုတယ်
အဲဒါကြောင့် တရားရှိအောင် လုပ်ရမယ်
”တရားကို သိတာနဲ့ ရှိတာ” နှစ်မျိုးရှိတယ်
စာဖတ်သိ နဲ့တော့ မရပါ။
2:25 AM တရားက ရှိနေမှ ရပါမယ်။
ဥပမာနဲ့ပြောရလျင်
ဘဏ်မှာ ငွေကျပ်ပေါင်း သိန်းသန်းရှိတယ်ဆိုတာကို ”သိလို့” ကိုယ့်အတွက် ထမင်းတစ်နပ် မစားရပါ။

2:26 AM me: ဟုတ်ကဲ့။

၄၄: ကိုယ့်လုပ်အားနဲ့ လုံ့လစိုက်ပြီး အလုပ်လုပ်မှ ငွေ လေးငါးခြောက်ရာလောက်ပဲ ရပြီဆိုရင် ထမင်းစားလို့ရတယ်။

me: ညီသဘောပေါက်ပါတယ် အစ်ကို

၄၄: ဒါကြောင့် လုပ်မှ ငွေက ရပြီး မိမိအိပ်မှာ ရှိလာတာ။
ဒါကြောင့် သိရုံနဲ့ မရပါ။
ရှိမှသာ ရပါမယ်။

me: ဟုတ်

၄၄: ရှိအောင် အလုပ်လုပ်ရမယ်
2:27 AM စာဖတ် သိနဲ့ မရပါ။
ခန္ဓာကို သတိထား၊ ဝီရိယစိုက်၊ ပညာဖြင့် ဆင်ခြင်သုံးသပ်မှသာ
တရားတွေက အကာလိကော နဲ့ ဖြစ်လာပြီးတော့
2:28 AM ဩပနေယိကောသဖွယ်နဲ့ ရှိလာမှာ

me: ဟုတ်ကဲ့

၄၄: အဲဒီလို ရှိလာတဲ့အခါမှ အဲဒီသူကို တရားက ယာဉ်သဖွယ်၊ မျက်မှန်သဖွယ်၊ အိမ်သဖွယ် စသည့်ဖြင့် ကျေးဇူးပြုနိုင်တယ်
အဲဒါ ထိုသူက တရားကို ခိုကိုးရာ အားထားရာအဖြစ်ရသွားပြီ။
2:29 AM ဘာလို့ရသွားတာလဲဆိုတော့
လုပ်လို့။ အားထုတ်လို့ ရသွားတာ

me: ညီဆင်ခြင်နေတယ်အစ်ကို

၄၄: ရသွားတော့ တရားက မိမိသန္တာန်မှာ ကိန်းဝပ်တည်တယ်
ဪ...ဒါကြောင့် သိရုံမျှဖြင့်တော့ ကိစ္စမပြီးမြောက်ဘူး။
2:30 AM ရှိအောင် လုပ်ပါ

me: ဟုတ်ကဲ့ပါ

၄၄: ခန္ဓာငါးပါးကို စာဖတ်သိတော့ စာဖတ်တတ်တဲ့သူက သိတာပဲ

me: ဟုတ်

၄၄: ကလေးတွေတောင် ညအခါ လသာသာ ကို သိတယ်
2:31 AM ညအခါမှာ လသာတာကိုတော့ စာဖတ်သိတယ်
ကောင်းကင်ကိုတော့ မော့ကြည့်မှ လသာတာကို ပိုပြီးသဘောကျတော့မှာပေါ့

me: ကောင်းလိုက်တဲ့ ဥပမာလေးအစ်ကို
ထင်းနေတာပဲ

2:32 AM ၄၄: ညအခါမှ လသာတယ်လို့ စာသိသာသိထားရင်- တိမ်တွေဖုံးနေတဲ့ညအခါမှာလည်း သူက လသာနိုင်တယ်လို့ ယူထားမှာပဲ

me: အော် ဟုတ်တာပေါ့

၄၄: လမိုက်ညမှာလည်း လသာတယ်လို့ ယူမှာပဲ

me: ဟုတ်

၄၄: ဒါကြောင့် စာသိနဲ့တော့ မရပါဘူး
လသာ မသာ သိခြင်ရင် ညအခါ လသာသာ လောက်နဲ့ မရဘူး

2:33 AM me: ဟုတ်ကဲ့

၄၄: ကောင်းကင် ကိုစောင့်ကြည့် အကဲခတ်မှပဲ သိတော့မှာပေါ့
ဒီလိုပါပဲ

me: ညီနားလည်ပါတယ်အစ်ကို

၄၄: ခန္ဓာ ရုပ်နာမ် - အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော အရှိကို

me: ဟုတ်

၄၄: စာသိနဲ့တော့ ဒုက္ခမသိမ်းပါဘူး
2:34 AM ခန္ဓာကိုကြည့်ပြီးတော့ သတိ၊သမာဓိ၊သဒ္ဓါ၊ဝီရိယ၊ပညာတွေအကူနဲ့ စောင့်ကြည့်အကဲခတ်ကြည့်မှသာလျင်
ခန္ဓာ့အကြောင်းကို ကောင်းကောင်းသိတော့မှာပေါ့
ဒါကြောင့် စာသိရင်လည်း ရှိအောင်လုပ်ရမယ်

2:35 AM me: ဟုတ်ကဲ့

2:36 AM ၄၄: အကိုက ညီ့ကို သဘောတရားတွေ သက်သက်၊ သဘော သဘာဝလက္ခဏာတွေ ကိုပဲ အသားတင်ပြီးပြောသွားတာ

me: ဟုတ်

၄၄: သဘောတရားဆိုတာ ကိုယ့်ပိုင်ဉာဏ်ဖြင့် အဆမက ချဲ့ထွင်သုံးသပ်ယူတတ်ရင် ယူလို့ရတယ်

me: ဟုတ်

2:37 AM ၄၄: ဖျော်ရည်ကို ဖျော်တိုက်လိုက်တာတော့ မဟုတ်ဘူး။ ဖျော်ရည်အဆီကို ပေးလိုက်တာ
ဖျော်တိုက်ရင် ညီက တစ်ခွက်ပဲ သောက်ရမယ်။

me: ဒီကဗျာလေးကိုလည်း ခုလိုချဲ့ပြီးတွေးတတ်တာ အစ်ကို့ကျေးဇူးတွေပါ။

၄၄: အဆီတစ်ခွက်လောက်ပေးလိုက်တော့ နောက်ထပ် အခွက်ပေါင်းများစွာ ဖျော်သောက်နိုင်တာပေါ့

me: ဟုတ်ကဲ့အစ်ကို

၄၄: အေးအးညီလေး
2:38 AM အကို့ကျေးဇူးကြီးပဲလဲမဟုတ်ဘူး
ညီလေးရဲ့ခံယူအားထုတ်မှုအကြောင်းကလည်း ရှိနေတယ်
ဥပမာနဲ့ပြောရလျင် -

me: ခုလိုသတိတရားလေးတွေပေးပေးနေလို့လည်း ထပ်ပြီးကျေးဇူးတင်ပါတယ်
ဟုတ်

၄၄: အစ်ကိုက မြေဓာတ်၊ လေဓာတ်သဖွယ် ကြီးပွားလာအောင် ကျေးဇူးပြုတယ်
2:39 AM ညီ၍ခံယူအားထုတ်မှု ဗီဇကလည်း အပင်၍ မျိုးဗီဇအလျောက်ကြီးထွားမှုကို အခြေခံအဖြစ် ကျေးဇူးပြုနေတာကိုး

me: ဟုတ်ကဲ့ပါအစ်ကို

2:40 AM ၄၄: ခရမ်းသီမျိုးစေ့ဗီဇရဲ့ ကြီးထွားမှုက အိမ်လောက်တော့ မကြီးနိုင်ဘူး.. ဘယ်လောက်ပဲ ရေဓာတ်၊ မြေဓာတ်ကောင်းကောင်းပေါ့
2:41 AM ညောင်ပင်လို မျိုးစေ့မျိုးကျပြန်တော့ မျိုးရိုးဗီဇကိုက အကြီးမျိုးဆိုတော့ ရေဓာတ်၊မြေဓာတ်ကလည်းကောင်းဆိုရင် အင်မတန်ကြီးမားစွာ ဖြစ်တည်လာတဲ့သဘောကို ရောက်သွားတယ်
ဒါကြောင့် ညီလေး၍ ကုသိုလ်ကံမျိုးစေ့သည်လည်း အကြောင်းတစ်ခု
အကို့၍လက်ရှိ ပြောပြဆိုပြထောက်ပြမှုတွေက အကြောင်းတစ်ခ

2:42 AM me: ညီ့ကို အဲလောက် အမွှန်းမတင်ပါနဲ့ အစ်ကိုရာ သံပုရာသီးလောက်ဆို တော်တော်လေးဟုတ်ပါပြီ

၄၄: အဲဒီအကြောင်းနှစ်ရပ် ပေါင်းစပ်လိုက်တဲ့ အခါမှာ ညီမှာ ”ဉာဏ်ပညာ” ဆိုတာက ထင်ရှားဖြစ်လာတာ။
အမွှန်းတင်နေတာမဟုတ်ပါ။ သဘောကို ပြောနေတာ
အကြောင်းက တစ်ခုတည်းလို့ ယူရင် အမြင်မှား

me: ဟုတ်ကဲ့
2:43 AM ဟုတ်ကဲ့အစ်ကို ညီမြင်တတ်အောင်ကြည့်ပါ့မယ်

၄၄: နှစ်ခုသော အကြောင်းနဲ့မြင်တတ်ရတယ်

me: ကြိုးစားပါ့မယ် အစ်ကို
ဟုတ်ကဲ့

၄၄: ဥပမာတစ်ခုပြောပြမယ်
အခုလူတွေချမ်းသာနေတာသည် အတိတ်ကံ၍ ထောက်ပံ့မှုကြောင့်ပဲလို့သာ ယူလိုက်ရင် အယူးမှားတယ်
2:44 AM ဘာဖြစ်လို့လဲဆိုတော့ ပစ္စုပ္ပာန်အကြောင်းကို ပယ်ထားလို့

me: ဒါလေးတော့ ညီသိတယ်အစ်ကို

၄၄: ဒီနေရာမှာ အတိတ်ကံဆိုတာက မျိုးစေ့သဖွယ်ကျေးဇူးပြုတာ

me: ဟုတ်ကဲ့

၄၄: လက်ရှိအကြောင်းဆိုတာက ရေ၊မြေသဖွယ်ကျေးဇူးပြုတာ
2:45 AM ဒါကြောင့် အစ်ကိုက ညီလေးလည်း ကိုယ့်အဖြစ်ကို ကိုယ်ကိုယ်တိုင် သုံးသပ် တတ်အောင်လို့ ရှင်းပြတာပါ
အကို့ကျေးဇူးလည်းရှိတယ်။ ညီလေး၍ ကြိုးစားအားထုတ်မှု ကျေးဇူးလည်းရှိတယ်

me: ဟုတ်ကဲ့ပါ

2:46 AM ၄၄: ညီလေး၍ ကြိုးစားအားထုတ်မှုဆိုတဲ့ နေရာမှာလည်း အတိတ် နဲ့ ပစ္စုပ္ပာန် နှစ်ကာလနှင့်လည်း ဆိုင်တယ်
အတိတ်က ယခုကိုကျေးဇူးပြုတယ်။ ယခုက အနာဂတ်ကို ကျေးဇူးပြုတယ်
2:47 AM အစ်ကို့ရဲ့ ကျေးဇူးဆိုတဲ့နေရာမှာလည်း အေးဒီလိုပါပဲ

me: ပဋိစ္စသမုပ္ပါဒ်ထဲပဲ ၀င်သွားတာပေါ့နော်အစ်ကို

၄၄: အတိတ်နဲ့ ပစ္စပ္ပာန် နှစ်ကာလကိုပါ တွက်ရင် ပိုပြီးပြည့်စုံတယ်
ဒါပေါ့

me: ဟုတ်ကဲ့ပါ

၄၄: ပဋ္ဌာန်းဆက်ဆိုတာ
ဒီလို အကြောင်းအကျိုးကို ပြည့်စုံစွာဆက်စပ်သုံးသပ်တာကိုပြောတာပေါ့

2:48 AM me: ဒိဋ္ဌိလည်း ကွာသွားတာပေါ့အစ်ကို
၄၄: ဒါပေါ့

me: ဟုတ်ကဲ့

၄၄: ကဲ နိဂုံးချုပ်အနေနဲ့

me: ဟုတ်

၄၄: ”အသိ” နှင့် ”အရှိ” ကို ခွဲခြားသိပါ။ ဆက်စပ်ပြီးတော့လည်း သိပါ။

2:49 AM me: ခွဲခြားသိ၊ ဆက်စပ်သိ တော်တော်အနှစ်ပါတာပဲအစ်ကို ။။ စိတ်ချပါအစ်ကို
ညီကြိုးစားပါ့မယ်

၄၄: သိရုံမျှဖြင့်မရသည်ကိုသိ၍ အရှိဖြစ်အောင် လုပ်ဆောင်ပါ

2:50 AM me: ဟုတ်ကဲ့


လေးစားစွာဖြင့်
ပြည့်စုံအောင်

06.12.2008, SAT:, 03:29:41 am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply