Latest News

*ကိုသုခရိပ်နှင့် ဆွေးနွေးမှု*

1:49 AM ၄၇: မင်းအားလား
မေးစရာတစ်ခုရှိလို့
း)

me: ခဏလေးအစ်ကို
1:51 AM မေးလေအစ်ကို

၄၇: စိတ်တော့မဆိုးနဲ့ကွာ
အိုကေလား

me: ဟာရပါတယ်
1:52 AM ဘာလို့ဆိုးရမှလဲ

၄၇:း))
အေးပါ
တော်ကြာစိတ်ခုနေမှာစိုးလို့

me: မခုပါဘူးအစ်ကို

၄၇: မင်းကွာ ဘာလို့တရားကိုလိုချင်ရတာလဲ

1:54 AM me: ဘာလို့လဲဆိုတော့ ညီငယ်ငယ်ကတည်းက နိဗ္ဗာန်ဆိုတာဘယ်လိုအရာမျိုးလဲလို့ တွေးခဲ့ဖူးတယ်။ အသက်လေးရလာတော့ တရားလေးတွေ နာဖြစ်တယ်
ခုတော့ သေချာသိသွားပြီလေ
1:55 AM ဒီခန္ဓာကိုယ်ကိုလည်း အမြဲတမ်းမဟုတ်တောင် ငြီးငွေ့တဲ့ စိတ်က၀င်လာပြီ
နောက်
1:56 AM ဘုရားရှင်ကို တအားလေးစားလာတော့ သူ့စကားတွေကို မြေ၀ယ်မကျ နားထောင်ရမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်အစ်ကို

1:57 AM ၄၇: အင်း

1:58 AM me: အကျင့်နဲ့ ပူဇော်တာကို ဘုရားရှင်အကြိုက်ဆုံးဆိုတာကို သိလိုက်ရတော့ အော် ငါ.. ဘုရားကျေးဇူး မိဘကျေးဇူး ဆရာသမားတွေရဲ့ကျေးဇူးကို (ကိုဝင်းမြင့်လည်းပါတာပေါ့။ သူကတော့အဓိကပေါ့) ဒီနည်းနဲ့ အကျေဆပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ဒါ့ကြောင့်ပါအစ်ကို

1:59 AM ရပါတယ် ညီကဘာလို့စိတ်ခုရမှာလဲအစ်ကိုရ

၄၇: အေးအေး
ခန္ဓာကိုဘယ်လိုငြီးငွေ့တာလဲ
ဘာလို့လဲ
ခန္ဓာက ကျေးဇူးပြုတာပဲကို
________________________________________ 6 minutes
2:05 AM me: ညီဒီအတောအတွင်း ခံစားမိတာက မျက်နှာသစ်ရင် ဘယ်လိုပြောရမလဲ ဝေဒနာတွေ ခံစားမိတယ်။ ဒုက္ခဝေဒနာကတော့ ပေါ်လွင်တာပေါ့နော.. တရားရှုရင် ပိုပြီးသိသာတယ် အစိုးမရတဲ့ သဘောတွေကို ပိုပြီးပေါ်လွင်လာတယ်။ ဒါကြောင့် ဒီခန္ဓာလှေကို အသုံးချပြီး နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကို သတိအားလေးထည့်ပြီး ၀ီရိယ လှော်တက်နဲ့ အရောက်လှော်ခတ်ချင်တယ်။ ခန္ဓာက ဒီဘ၀အတွက်ပဲ ကျေးဇူးပြုပါတယ်အစ်ကို ဒါကိုမခင်တွယ်သင့်ဘူးလေ

2:06 AM ၄၇: ညီပြောတာမှန်ပါတယ်
ဒါနဲ့ဝေဒနာကို ခံစားမိတယ်ဆိုတာက ဘယ်လိုမျိုးလဲ

2:07 AM me: ပုထုဇဉ်ဆိုတော့ အဆုံးစွန်တော့ မလုပ်နိုင်သေးဘူးပေါ့အစ်ကိ

၄၇: ဟုတ်တာပေါ့

2:09 AM me: ဟုတ်.. ဆရာတော်ဦးကောသလ္လ တရားမှာပါတယ်လေအစ်ကို ..( လှစ်ခနဲ) 4 နဲ့ အဖြစ်ကလည်း မစဲ အပျက်ကလည်းမစဲနိုင်တာဆိုတာ..
အဲသလိုပေါ့
ခုတောင် ဆင်ခြင်ရင်းနဲ့ ရင်တွင်းမှာ ခံစားနေမိပြီ
2:10 AM သံဝေဂတွေရောပေါ့
၄၇: အင်း
ရဟန္တာဖြစ်မယ်ဆိုရင် ဘယ်လိုရဟန္တာမျိုးဖြစ်ချင်လဲ

2:11 AM me: အဲဒါ တစ်ခါမှ မစဉ်းစားဖူးဘူး စောရီး
အစ်ကိုကတော
ဘယ်လိုဖြစ်ချင်တာလဲ
2:12 AM အလှမ်းဝေးလွန်းပါတယ်
၄၇: အင်း
2:13 AM ဟုတ်ပါတယ်

me: ဒိဋ္ဌိလေးပဲ အရင်ပြုတ်အောင် ဖြုတ်နေတယ်

၄၇: ဒီလိုဆိုရင် ဘယ်လိုရဟန္တာတွေရဲ့ နေထိုင်မှုပုံစံကို ညီလေးသဘောကျလဲ

me: အနီးကပ်ရန်သူပေါ့နော်
ဒါလည်းမစဉ်းစားဘူး

2:14 AM ၄၇: အင်း
ကောင်းပါတယ်
တစ်ချို့က လူဝတ်နဲ့တုန်းက လူဆိုး၊ ရဟန်းဝတ်တဲ့အခါ ရဟန္တာဖြစ်တယ်။ အဲ့လိုဘ၀တွေကို သဘောကျဘူးလား

2:15 AM me: ညီ့ဘ၀မှာဖြစ်ခဲ့တာတွေ တော်တော်များများက ဖြစ်ချင်လို့ ဖြစ်တာတွေရှားတယ် စိတ်ကူးထဲမှာမရှိဘဲ ဖြစ်ဖြစ်သွားတာသာ များတယ်အစ်ကို
2:16 AM သဘောကျရင် တော့ သူတို့လိုကျင့်ရမှာပေါ့ သဘောကျနေရုံနဲ့ မပြီးဘူးလေ
ညီစံထားတာ ဘုရားရှင်ပဲ
၄၇: အင်း
ကောင်းပါတယ်

2:17 AM me: လေးစားမှုတော့ရှိပါတယ်

၄၇: နိဗ္ဗာန်ကိုမြန်မြန်ရောက်ချင်လား၊ နှေးနှေးရောက်ချင်လား
ရောက်ချင်တဲ့အချိန်ရောက်လား

2:18 AM me: ညီတို့ဘုရားရှိခိုးရင် ဆုတောင်းသလိုပေါ့

၄၇: မြန်မြန်ရရပါလို၏ လား

me: ခဏ ကိုဝင်းမြင့်တက်လာလို့နော်

၄၇: အေးအေး

________________________________________ 56 minutes
3:14 AM ၄၇: ညီလေးရေ
3:15 AM အောက်ပြီ

me: ဟုတ်

၄၇: မေးခွန်းတွေ စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးပါပဲ
ဘိုင့်

me: ရပါတယ်

၄၇: စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ

me: ကြိုးစားလျက်ပါ


လေးစားစွာဖြင့်
ပြည့်စုံအောင်

06.12.2008, SAT:, 04:07:45 am
pyaesoneaung2007@gmail.com
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply