Latest News

*ကိုလေလွှင့်သူနှင့် ဆွေးနွေးမှု*

7:35 AM me: မင်္ဂလာပါ အစ်ကို

7:36 AM ညီတစ်ခုမေးမလို့
ဘာဖြစ်လို့ အစ်ကို့နာမည်က လေလွင့်သူ မဟုတ်ဘဲ လေလွှင့်သူ ဆိုပြီး ဟထိုးပါနေတာလဲမသိဘူး
7:37 AM ညီအရင်က စာလုံးပေါင်းမှားနေတယ်ထင်တာလေ
လေလွင့်သူပဲ ညီကြားဖူးလို့ပါ

7:38 AM M: ဟုတ်တယ်ညီ
ဟထိုးပါတယ်
စောင့်စောင့်နင်းနင်း အသံပေါ့
ဟဟ
ဟုတ်တယ်ညီလေး
အဲ့ဒါက မှန်တယ်
အစ်ကိုက ဟထိုးထည့်လိုက်တာ

7:39 AM me: အဓိပ္ပါယ် မတူဘူးလေ အစ်ကိုရ

M: အင်း
အစ်ကို သတိမထားမိဘူး

me: လေလွင့်သူ ဆိုတာက ကိုယ်တိုင်လေလွင့်တာလေ

M: ရှင်းပြပါအုံး

7:41 AM me: လေလွှင့်သူ ကျတော့ လေလှိုင်းထဲကနေ ကိုယ်သိထားတာတွေကို လွှင့်တင် မျှဝေသူ.. ပြောရရင် သူများအတွက် လုပ်တဲ့ အဓိပ္ပါယ် သက်ရောက်တယ်လေ.. တခြား အဓိပ္ပါယ် ဖွင့်ရင်လည်း သူများ အတွက်ဆိုတဲ့ အဓိပ္ပါယ်ပဲ ထွက်တယ်။
7:42 AM လေလွင့်သူကျတော့ ကိုယ်ဘာသာ လွင့်ချင်ရာလွင့် မျောချင်ရာမျော သဘောမျိုးလေ

M: အော်
ညီလေးပြောမှပဲ သိတော့တယ်
ကျေးဇူးပါ ညီလေးရေ
အစ်ကိုက သဘောကျလို့
ပေးလိုက်တာဒီနာမည်ကို

me: ဟာ မလိုပါဘူး အစ်ကိုကလည်း
ကောင်းပါတယ် ဒီလေလွှင့်သူ ဆိုတာလည်း
သူများအတွက်ပေါ့

7:43 AM M: ဟုတ်

7:44 AM me: နောက် တစ်မျိုးက သာသနာ့ အောင်လံ သာသနာ့ ရောင်ဝါကို လေလှိုင်းထဲက လွှင့်တင်ဖြန့်ခင်းရင်း သာသနာပြုမယ့်သူ ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောမယ်ဆိုရင်လည်း ပြောလို့ရတယ်

M: ဟဟ
အဲ့လောက်မရည်ရွယ်ပါဘူးညီရာ
7:45 AM အစ်ကိုက ဘာသာတရားနဲ့ ကိုယ်စိတ်ကိုယ် ဆုံးမဆဲပါ
7:46 AM သူတစ်ပါးကို ဆုံးမနိုင်တဲ့ အရည်အချင်းမရှိသေးပါဘူး
ဒါပေမယ့်
ကိုယ်သိထားသလောက်တော့
ပြန်မျှဝေပေးတဲ့သဘောပါပဲ

7:47 AM me: အစ်ကိုကလည်း ဒီလိုပါပဲ .. သံပုရာသီးကတော့ သူ့ကိုယ်သူ ချဉ်တယ်လို့ ဘယ်ပြောမလဲ ဒါပေမယ့် သူမပြောလည်း နဂိုကတည်းက ချဉ်ပြီးသားပဲလေ
စားသုံးသူတွေကလည်း သိနေတာပဲ
သံပုရာသီးချဉ်တာကို

M: ဟဟဟ
ညီက စကားတတ်တယ်

me: ညီပြောတာမဟုတ်ဘူး

M: ဒီလိုပေါ့လေ

7:48 AM me: ကိုဝင်းမြင့်ပေးတဲ့ ဥပမာလေးပါ

M: ဘာသာတရားကို ကျင့်သုံးရင် ကျင့်သုံးသလောက်အကျိုးများတာကို

me: ဟုတ်

M: သူများတွေလည်း သိအောင်ပါ
တကယ်အေးချမ်းတယ်ညီရေ
7:49 AM နာရရင်အပူငြိမ်ပြီး
ကျင့်ကြံရင် တကယ်ချမ်းသာတယ်
ဗုဒ္ဓတရားက

7:50 AM me: ဟုတ်ကဲ့

7:51 AM M: ညီရေ လက်မလွှတ်သင့်ဘူးနော်
ကြုံတုန်းကြုံခိုက်လေ

me: ဟုတ်ကဲ့ပါ အစ်ကို
ကျေးဇူးတင်ပါတယ်
ခုလိုသတိပေးလို့

M: စိတ်ဆိုတာ အာရုံပဲလေ
7:52 AM ဒီလိုပနိဗ္ဗာန်ဆိုတာလဲ အာရုံပဲ
အကောင်အထည်မရှိဘူး
ခု ကိုယ်တို့ ပုထုဇဉ် စိတ်အစဉ်မှာတော့
တောင့်တမှုတွေ ကြောင့်ကြမှုတွေနဲ့ပဲ နေနေရတယ်
ပင်ပန်းလွန်းပါတယ်

7:53 AM me: ဟုတ်တယ် အစ်ကို.. ဟုတ်ပါတယ်

M: နောက်ပြီး
အတိတ်ဆိုတာလည်း ပြန်လည်အောက်မေ့ရုံ သက်သက်ပဲ
အနာဂတ်ဆိုတာလဲ မျှော်မှန်းတမ်းတရုံ သဘောပဲ ရှိတာ
7:54 AM အရေးကြီးတာက ပစ္စုပ္ပန် တည့်တည့်ကို ကြည့်ဖို့ပဲ
ခဏိက တစ်ခဏလေးပဲ
ဒီခဏလေးကို ကိလေသာ ကြားမခိုရင်
နိဗ္ဗာန် ရေစီးကြောင်းထဲ မျောပါဖို့
7:55 AM ခြေလှမ်းကို စတင်တွေ့ပြေီ ညီရေ

me: ဖြစ်ခိုက်ရုပ်နာမ် ဖြစ်တိုင်းဟန် ဧကန်သိမှတ်ပြု၊ အလုပ်နေရာ ဣရိယာ ချိန်ခါမရွေးရှု... တဲ့။

7:56 AM M: မှန်တာပေါ့ ညီ

me: ဆရာတော် အရှင်ဆန္ဒာဓိက ပြောထားတာလေးပါ

M: ညီ
သီတဂူ ဆရာတော် ဘုရားကြီးက ဆုံးမထားတယ်လေ

me: ဟုတ်

M: နေစဉ် တရား အားမထုတ်နဲ့... တဲ့
နေ့စဉ် အားထုတ်ပါ... တဲ့
အစ်ကိုတို့ ရိပ်သာက
တရားပြဆရာကလည်း ပြောတယ်
7:57 AM အားရင် ရိပ်သာမလာနဲ့
ပျော်ပွဲစားသွားတဲ့
ရိပ်သာဆိုတာ တကူးတက မအားတဲ့ ကြားကလာရတဲ့နေရာတဲ့
သိပ်တန်ဖိုးရှိတဲ့ စကားလေးတွေပဲ

me: ဟုတ်ကဲ့ပါ

7:58 AM M: သဗ္ဗေ သင်္ခါရ အနိစ္စ နော် ညီလေး
အဲ့ဒီ သင်္ခါ ရ သဘောကို ကြည့်တဲ့အခါ
ငါ၊ ငါ့ဟာဆိုပြီး မကြည့်ရဘူး
7:59 AM ငါ့ ဟာ ဆိုပြီးနေရင် သင်္ခါရ တရားတွေ ဖောက်ပြန်ရင် ပူလောင်တယ်
သင်္ခါရ တရားက သူ့ဘာသာ ဖြစ်ပျက်နေတာ
ဒါကို ကိုယ်က မရောပဲ မြင်အောင်ကြည့်ရမယ်
ဥပမာ တရားထိုင်လို့နာတယ်
ငါနာတယ်လို့မမြင်နဲ့

me: ဟုတ်ကဲ့

M: ခန္ဓာက သူ့သဘော သူပြောတာ ပြတာ
ဒါကိုဉာဏ်သဘောက သိရမယ်
8:00 AM ဒါဟာ အခြေခံပဲ ညီ

me: ဟုတ်ကဲ့ အစ်ကို

M: ဒီ သက္ကာယ ဒိဋ္ဌိက အပယ်ရောက်ကြောင်း မဟုတ်ပေမယ့်
နိဗ္ဗာန်ရောက်ကြောင်းလည်း မဟုတ်ဘူး ညီရ

me: ညီဖတ်ရင်း ဆင်ခြင်နေပါတယ်

8:01 AM M: ဒီသက္ကာဒိဋ္ဌိ မရှိရင်လည်း ကမ္မသက္ကတ သမ္မာဒိဋ္ဌိ မဖြစ်ဘူးလေ
ကံ ကံ၏ အကျိုးပေါ့

me: ဟုတ်

M: ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ပေါ့
နိဗ္ဗာန်ကို ရချင်ရင်တော့ သက္ကာယဒိဋ္ဌိ ဖြုတ်ရမယ်
8:02 AM နောက်ပြီး ဗုဒ္ဓဘာသာမှာ ကံကံရဲ့အကျိုးကို မယုံရင် ဗုဒ္ဓဘာသာ စစ်စစ် မဟုတ်ဘူး
ညီရ

me: ဟုတ်ကဲ့ အစ်ကို
8:03 AM ခုလိုရှည်ရှည်ဝေးဝေးပြောပြီး ညီ့ကိုဆုံးမလို့ ထပ်လောင်းကျေးဇူးတင်ပါတယ်..
အစ်ကိုလည်း လုပ်စရာတွေရှိဦးမှာပေါ့
ညီ ဒီဆွေးနွေးတာလေးကို ဘလော့မှာ တင်ချင်တယ် အစ်ကို
အစ်ကိုသဘောတူမှပါ။

8:04 AM M: တင်ပါ ရပါတယ် ညီ
8:05 AM ညီလေး တစ်ခါတည်းပြောအုံးမယ်နော်

me: ဟုတ်ကဲ့ ပြောပါ

M: ကုသိုလ် အကုသိုလ် အလုပ်ကို သိတယ်မလား

8:06 AM me: ဟုတ်

M: အစ်ကိုတို့တစ်တွေဟာ ကာယကံ၊ ၀စီကံ၊ မနောကံ ဒီကံသုံးပါးက လွတ်ပြီး ဘာမှလုပ်လို့မရဘူး
အဲ့မှာ ဒီကံသုံးပါးပြုတိုင်း လောဘ၊ ဒေါသ၊ မောဟ မပါရင် ကုသိုလ်ဖြစ်တယ်

me: ဟုတ်ကဲ့

M: အကုသိုလ်ကတော့ လောဘ၊ ဒေါသ၊ မောဟ ပါရင်ပေါ့
8:07 AM ဒါကြောင့် ကံတစ်ခု ပြုတိုင်း ဆင်ခြင်နော်
ဒါမှ ကုသိုလ်ဖြစ်မှာ ညီလေးရေ

me: ဟုတ်ကဲ့ အစ်ကို
လေးစားပါတယ် အစ်ကိုရာ
8:08 AM M: ကြိုက်သလောက် ကောင်းမှုလုပ် လောဘ၊ ဒေါသ၊ မောဟ ပါရင် အကျိုးမများဘူး ညီလေးရေ
အဖြူကံလေးကို ရအောင်ယူပါ
ညီ

me: ညီမှတ်ထားပါ့မယ်။ ဆင်လည်းဆင်ခြင်ပါ့မယ် အစ်ကို

8:09 AM M: ဟုတ်ပြီးညီလေးရေ
လေးစားပါတယ်ကွာ

me: ဟုတ်ကဲ့

8:10 AM မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံငြိမ်းချမ်း အေးမြတဲ့ နံနက်ခင်းလေးပါပဲ အစ်ကိုရေ..

M: ဟုတ်
8:11 AM ညီလေး ဖိုးသား သုခိနောဝ ခေမိနော ဟောန္တု၊ ဘ၀န္တု သုခိ သတ္တနံ=
ကိုယ်ကျန်းမာ ခြင်းနဲ့ပြည့်စုံ၊ ဘေးရန်ကင်းရှင်း ငြိမ်းချမ်းပြီး စိတ်ချမ်းသာခြင်းနှင့်လည်း ပြည့်စုံပါစေ။

8:12 AM me: အစ်ကိုလည်း သုခီဟောတု ဒုက္ခောမုစ္စတု=သုခတွေရောက် ဒုက္ခငြိမ်းပျောက်ပါစေ။

M: ကျေးဇူးပါ ညီလေး အစ်ကို ကြိုးစားပါ့မယ်

8:13 AM me: ညီလည်းကြိုးစားလျက်ပါ။

M: ဟုတ်တယ်ညီရေ
ကိုယ်တိုင်ကြိုးစားမှ ရမှာနော်

me: ဟုတ်ကဲ့ပါအစ်ကို


လေးစားစွာဖြင့်
ဖိုးသား

11.01.2009, SUN:, 08:42:59 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply