Latest News

*နေကမွေးတဲ့ လ*

အလို…
ဝင်း ၀ါရောင်အဆင်းနဲ့
ဟိုးအ မြင့် ထက်မှာ
လင်းအားကောင်းလှချည်လား
ရှင်နေမင်းရယ်။

အကျွန်ုပ်လေ
အရှင့်ဆီက
အလင်းဓါတ်တွေ
အပူစွမ်းအားတွေ
စတဲ့ စတဲ့
အကျိုးကျေးဇူးတွေ
ရရှိခံစား စံစားနိုင်လို့
အကျွန်ုပ်ကို
ပေးဝေငှ ထွန်းလှစေလို့
ပျက်သုဉ်းမသွားတဲ့
လက်သုံးစကားလေးနဲ့
ရှေးရှုကာ ဖြေရှင်းလိုက်တော့
ကျေးဇူးပါ နေမင်း…။

အို…
ဖိုး ရွှေလမင်း
ငွေ သား အဆင်းနဲ့
ရှင်းသန့်သန့် တင့်လိုက်တာ
အသင်လည်း
ဝင်းဝါနေမင်းလို
ဟိုးအမြင့်မှာပဲနော်။

အသင့်ကိုလည်း
ဘေးမခစေတဲ့
အေးမြဆောင်ကျဉ်း
အလင်းတွေပေးနေလို့
အလေးဂရုပြုကာ ပြနှင်းတော့
ကျေးဇူးပါ လမင်း...။

စိတ်ကူးစေရာသို့
ဝေဒနာ နောက်ကလိုက်ရင်း
(အကျွန်ုပ်) ဖြေရှာတွေးကြည့်ရသော်
အော်…
နေ ကမွေးသည့် ပါလား…။ ။

နေမင်း = လက်ဦးဆရာ မိဘနှစ်ပါးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်း။
လမင်း = အကျွန်ုပ်

>>> ၀ိပဿနာအလင်း ဖြန့်ခင်းပေးခဲ့သော၊ ဖြန့်ခင်းပေးဆဲဖြစ်သော၊ ဖြန့်ခင်းပေးလတ့္တံသော ကိုဝင်းမြင့်၊ မွေးကျေးဇူး၊ ကျွေးကျေးဇူးရှင် လက်ဦးဆရာ မိဘနှစ်ပါး၊ မသိသေးသည်များ သိအောင် သွန်သင်ဆုံးမ နည်းပြပေးခဲ့သော၊ သွန်သင်ဆုံးမ နည်းပြပေးဆဲဖြစ်သော၊ သွန်သင်ဆုံးမ နည်းပြပေးလတ္တံ့သော ဘုန်းဘုန်း ကောဝိဒ၊ ဘုန်းဘုန်း သာဓိန၊ ဘုန်းဘုန်း ကုမာရ၊ ဘုန်းဘုန်း နာယကာလင်္ကာရ၊ ဦးဇင်း ၀ိဇ္ဇောတကိုဥပါသကာကိုလေလွှင့်သူကိုအလှတရား နှင့်တကွ အကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤကဗျာလေးဖြင့် ၀ပ်တွားခယ မာန်ကိုချလို့ တလေးတစား ဦးတင်လျက် ပူဇော်လိုက်ပါရစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

11.01.2009, SUN:, 08:26:17 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

3 comments

  1. နေကမွေးတဲ့လလို ထွန်းလင်းပြီးအေးမြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်..

  2. နေကမွေးတဲ့လ တဲ့
    ကဗျာလေး ကို ကြိုက်တယ်ဗျာ
    ကျေးဇူးရှင်တွေကို တင်စားထားလိုက်တာ ...
    အင်မတန်မွန်မြတ်တဲ့ မွန်မြတ်တယ်ဗျာ........

    သင်ဆရာမြင်ဆရာ ကြားဆရာတွေကို ရည်စူးပြီး
    အမြဲတမ်းဦးညွတ်တဲ့သားလိမ္မာလေး စိတ်၏ချမ်းသာ ခြင်းနဲ့ ပြည့်စုံပါစေ

  3. ကဗျာလေးက အင်မတန်ကိုလေးနက်ပါတယ်...
    နေကမွေးတဲ့လ..အစဉ်ထွန်းလင်းတောက်ပ အေးမြနိုင်ပါစေလို့ ဆုတောင်းပါတယ်

Leave a Reply