Latest News

*ယူတတ်သူများ ရစေသတည်း (၂)*


>>သိလျက်နဲ့ မိုက်နေသူကို သိအောင် ထပ်မပြောဝံ့တော့ဘူး<<
ဒီစကားလေးကို အခြေတည်လို့ ဆွေးနွေးလိုက်တာ ဟိုအကြောင်း ဒီအကြောင်းတွေပါ ပါကုန်တယ်ထင်ပါ့။

:21 PM me: ကိုသု တကယ်ထပ်မပြောတော့ဘူးလား သိသိနဲ့ မိုက်နေသူကို

၄၇: မပြောတာပဲ သူ့အတွက်ကောင်းပါတယ်

1:22 PM me: တစ်ခါတစ်ခါတော့ သတိလွတ်သွားတာလေးကော မဖြစ်နိုင်ဘူးလား.. မိုက်နေတယ်ဆိုတာ ကိုယ့်အမြင်လည်း ဖြစ်နိုင်တာပဲလေ

1:24 PM ၄၇: သိပါလျက်သားနဲ့ မိုက်နေတဲ့သူတွေတကယ်ရှိပါတယ်။ သတိလွတ်သွားပါးလို့ မဟုတ်ပါဘူးညီ။

me: ဟုတ်ကဲ့

1:25 PM ၄၇: မကောင်းဘူးဆိုတာကိုသိပေမယ့် ၀ိနည်းလွတ်လုပ်တတ်ကြတယ်လေ ဟုတ်တယ်မို့လား ပညာလွန်တဲ့သူတွေအတွက်ပြောတာပါ

1:26 PM me: အဲသလိုလုပ်ကတည်းက တကယ်မသိသေးတာပေါ့။ အင်း ဟုတ်တယ် တစ်ချို့ စာတွေတအားသိပြီး ပညာလွန်နေကြတယ်

၄၇: အင်း

1:27 PM me: ဒီလိုမျိုးကျတော့ ပြောရတာ တော်တော်လေး လက်ပေါက်ကပ်တယ်နော်

၄၇: ဟုတ်တယ် အဲ့လိုလူတွေကို ထပ်သိအောင်ပြောရင် ထပ်မိုက်ဖို့ပဲရှိတယ်လေ သိလေ မိုက်လေ

1:28 PM me: ရွယ်တူတွေဆို ပိုဆိုးသေး။ ဒါ့ထက်ဆိုးတာက ဘော်ဒါတွေလေ.. အချင်းချင်း လေးစားမှုမရှိကြတော့ ပြောလို့ကမရဘူး မာနလေးတွေပေါ့နော်

1:29 PM ၄၇: ဟုတ်တယ်

1:30 PM me: အခု အစ်ကိုတို့နဲ့သာ ဒီစကားတွေ ပြောလို့ကောင်းတာ.. ဒီမှာ ညီနဲ့ ပြောလို့ရတဲ့သူက တစ်ယောက်လားပဲရှိတယ်။ ဒါတောင် အမြဲမဟုတ်ဘူး

1:31 PM ၄၇: အစ်ကိုလုပ်တာလေးတစ်ခုပြောပြမယ်

me: ဟုတ်ကဲ့

1:32 PM ၄၇: သူငယ်ချင်းတွေကို တရားနဲ့ပတ်သက်ပြီး ကိုယ်တတ်နိုင်သလောက်လေး ပထမဆုံးအခြေခံကစပြီး ပြောပြတယ်။ လိုချင်တဲ့သူကိုပေါ့လေ ပထမတော့နားထောင်တယ် နောက်တော့ ဝေးဝေးရှောင်ချင်တယ်

me: ဟုတ်ပ အစ်ကိုရာ ဒီမှာလည်း ဒီလိုပဲ
1:33 PM ရူးချင်ယောင်ဆောင်တဲ့ အကျင့်က မပျောက်သေးဘူး

၄၇: အင်း ခုဆိုလာမေးမှပဲပြောပြတော့တယ်။ ဒီအတိုင်းတော့မပြောတော့ပါဘူး

1:34 PM me: ကိုဝင်းမြင့်လည်း အဲလိုပြောဖူးတယ်

1:35 PM ၄၇: VCD တွေတော့ လာလာတောင်းကြပါတယ် တရားVCD ပေါ့

me: ဟုတ်

1:38 PM ၄၇: ဟိုတနေ့က ဗေဒင်ဆရာတစ်ယောက်နဲ့စကားပြောဖြစ်တယ် တော်တော်လက်ပေါက်ကပ်တယ်

me: ပြောပါဦး အစ်ကို

1:39 PM ၄၇: ဗေဒင်ပညာနဲ့ပတ်သက်ပြီး မကောင်းဘူးပေါ့ကွာ။ နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင် ဒါတွေကိုတော့တော့ရှောင်ပေါ့။ အယူလွဲတဲ့သူတွေရဲ့အကျင့်တွေလို့ပြောပြပါတယ်

me: ဟုတ်

၄၇: သူကလည်း ပထမတော့နိဗ္ဗာန်လိုချင်တယ်ပြောလို့ပါ
1:40 PM ဗေဒင်ဟောတာကရတဲ့ငွေနဲ့ အလှူတွေလုပ်ချင်လို့ ဗေဒင်ဟောစားတာပါလို့ သူ့ဘက်ကပြောတယ်ညီ

1:41 PM me: အော် ကောင်းပါ့။ အပြောကတော့ ရွှေမန်းပဲ

1:42 PM ၄၇: ခင်များးအလှူက သန့်ရှင်းမှုမရှိဘူးပြောတော့လက်မခံဘူးကွ လှူတာပဲကုသိုလ်ရတာပေါ့တဲ့

me: အဖြူအမဲရောသွားတာပေါ့၊ ကုသိုလ်နဲ့ အကုသိုလ်။

၄၇: မကောင်းတဲ့အလုပ်ကနေရတာနဲ့လှူလို့ မသန့်ဘူးပြောတာတောင် လက်ခံချင်စိတ်မရှိဘူးညီရာ

1:43 PM အများကြီးပါပဲ ပြောဖြစ်တာ

me: အော် ဒါကြောင့် အစ်ကိုဒီစာလေးရေးဖြစ်တာလား >>သိလျက်နဲ့ မိုက်နေသူကိုတော့ နောက်ထပ် ထပ်မပြောတော့ဘူး<< ဆိုတာလေ

၄၇: အေး.. နောက်ပိုင်းသူပြောတာလေး တစ်ခုမှတ်မိသေးတယ်
ခုသူ ၀ိပဿနာတွေလုပ်နေတယ်တဲ့

me: ဟုတ်

၄၇: ဖြစ်ပျက်တွေတောင်မြင်လာသလိုပဲဆိုပဲ
1:44 PM ရယ်ချင်တာကွာ။ ဒီလူတော်တော်ဆိုးတဲ့သူပဲ

me: ဒါပေါ့ အစ်ကိုရာ.. မပြည့်တဲ့အိုးဘောင်ဘင်ခတ်တာပေါ့

1:45 PM ၄၇: နောက်တော့အစ်ကိုလည်းမပြောတော့ပါဘူး။ တရားတွေနာပါဦး ပို့ပေးရမလားပြောတော့
ကံ ကံ၏အကျိုးကို ယုံကြည်တဲ့တရားတွေဆို မပို့နဲ့တော့တဲ့
ဝိပဿနာနဲ့ ဆိုင်တာပဲ ပို့ပေးဆိုပဲ

me: ဟ ဟ ဒုက္ခ

1:46 PM ၄၇: အေးကွာ
အဲ့လိုလူက ဖြစ်ပျက်မြင်နေတယ်ပြောတော့ ဘယ်လိုတွေဖြစ်ကုန်ပြီလဲမသိပါဘူးကွာ

1:47 PM me: ဒါပေါ့ အစ်ကိုရာ ဒီလိုလူတွေပဲ သာသနာကို ဖျက်နေကြတာလေ..
ဟိုမရောက် ဒီမရောက်
မျောက်သစ်ကိုင်းလွတ်
ဆိုတာမျိုး

1:48 PM ၄၇: အင်း

me: ညီဒီနေ့ပို့ထားတဲ့ ဖြုးဆရာတော်တရားမှာလည်း အဲဒီအကြောင်းတွေပါတယ်
သွေးနဲ့ ရေးတဲ့သာသနာ ဆိုတာ

၄၇: အင်း

1:49 PM me: ပြောမရတဲ့သူကျတော့လည်း ကိုဝင်းမြင့်ပြောသလို ပြောချင်တဲ့စေတနာနဲ့ ယှဉ်တဲ့စိတ်ကိုပဲ ဖြစ်ပျက်ပြန်ရှုရတော့မယ်ထင်ပါတယ်

၄၇: ဟုတ်တာပေါ့

1:51 PM me: မြတ်စွာဘုရားရှင်တောင် ကျွတ်ထိုက်သူတွေပဲ ချွတ်လို့ရတာပဲ အစ်ကိုရာ.. ညီတို့ အစ်ကိုတို့က ဘာမှမှ မဟုတ်ဘဲ... ဒီလောက်ကတော့ ရှိမှာပေါ့လေ

၄၇: ဟုတ်ပါတယ်ညီ

1:52 PM me: အစ်ကိုရေးထားတာလေးတောင် မဖတ်နိုင်သေးဘူး။ မျက်လုံးတွေ ကိုက်နေလို့။ မျက်စိမကောင်းတော့ နားနားပြီး လုပ်ချင်တာလေးတွေ လုပ်နေရတယ်
အမေ ဆိုတာလေ

၄၇: အော်

1:53 PM မျက်စိကိုလည်း ဂရုစိုက်ဦး

me: ဟုတ်ကဲ့

၄၇: ဒါလေးရှိတော့လည်း တစ်မျိုးအဆင်ပြေပါတယ်

me: ဘာကိုလဲအစ်ကိုရ
ဒါလေးဆိုတာ

၄၇: မျက်လုံးကိုပြောတာ

1:54 PM me: အင်.. အော်တရားသဘောပြောတာကို အစ်ကိုက
ဟုတ်ပါတယ် ကြာကြာသုံးနိုင်ဖို့တော့ နည်းနည်းဂရုစိုက်ရဦးမယ်

1:55 PM မနှောင့်ယှက်တော့ဘူး အစ်ကို။ ညီလည်း ဖြူးဆရာတော်တရားလေး နာနေတာ မပြီးသေးဘူး
1:56 PM ကျေးဇူးပဲ အစ်ကို။

၄၇: အေးအေးညီလေး
လုပ်လုပ်

လေးစားစွာဖြင့်
ဖိုးသား

11.01.2009, SUN:, 01:23:25 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply