Best Asian Blog (အကောင်းဆုံးအာရှ ဘလော့ဂ်ဆု) ၊ မဲရွေးခံ စာရင်းဝင် မြန်မာဆရာတော် အရှင်မေတ္တာစာရ (Ashin Mettacara) သည် ဒုတိယနေရာ မှရှိပြီး ပထမနေရာနှင့် မဲ ၃၀၀ ကျော်ကွာနေပါသည် ။ ဆိုသည့်နာမည်ဘေးရှိ အ၀ိုင်းကို (clickပြီး ) မဲပေးနိုင်ပါသည် ။ ၂၄ နာရီ (တစ်ရက်) တစ်ကြိမ် မဲပေးနိုင်ပြီး မဲသိမ်းရက် နီးကပ်နေပါပြီ ။ မြန်မာ သူငယ်ချင်းများ ကို ဆက်ပြီး လက်ဆင့်ကမ်းပေးပါ ဗျာ ။ သူငယ်ချင်းလည်း မဲပေးပြီး ကုသိုလ်ယူလိုက်ပါဦး။ http://2008.weblogawards.org/polls/best-asian-blog
ညကပေါ့ဗျာ.. ဒီလို နှိုးဆော်စာယောင်ယောင် ဘာယောင်တွေ ကျွန်တော့်ဆီ တက်လာတာ ၁၀ စောင်ထက်မနည်းဘူး။ ဒါလေးကိုတွေ့တော့ ကျွန်တော် တစ်မျိုးလေး ခံစားလိုက်ရတယ်။ ဒါနဲ့ အဲဒီခံစားချက်လေးကို ဘုန်းဘုန်းနာယကာလင်္ကာရကို ဒီလိုလေး ပြောပြလိုက်မိတယ်ဗျာ…။
12:07 AM me: ဘုန်းဘုန်း အားလားမသိဘူး
12:10 AM အရှင်နာယကာလင်္ကာရ: အေး
ပြောဖိုးသား ရေချိုးမလို့လုပ်နေတာ
me: ချိုးလေ ဘုန်းဘုန်း
12:11 AM အရှင်နာယကာလင်္ကာရ: မေးပါ
ဘာမေးမလို့လဲ
me: ဒါလေးနဲ့ ပတ်သတ်ပြီး
Best Asian Blog (အကောင်းဆုံးအာရှ ဘလော့ဂ်ဆု) ၊ မဲရွေးခံ စာရင်းဝင် မြန်မာဆရာတော် အရှင်မေတ္တာစာရ သည် ဒုတိယနေရာ မှရှိပြီး ပထမနေရာနှင့် မဲ ၃၀၀ ကျော်ကွာနေပါသည် ။ Ashin Mettacara ဆိုသည့်နာမည်ဘေးရှိ အ၀ိုင်းကို (clickပြီး ) မဲပေးနိုင်ပါသည် ။ ၂၄ နာရီ (တစ်ရက်) တစ်ကြိမ် မဲပေးနိုင်ပြီး မဲသိမ်းရက် နီးကပ်နေပါပြီ ။ မြန်မာ သူငယ်ချင်းများ ကို ဆက်ပြီး လက်ဆင့်ကမ်းပေးပါ ဗျာ ။ သူငယ်ချင်းလည်း မဲပေးပြီး ကုသိုလ်ယူလိုက်ပါဦး http://2008.weblogawards.org/polls/best-asian-blog
ဘယ်သူလက်ကမြင်းလိုက်တာလဲမသိဘူး
အရှင်နာယကာလင်္ကာရ: အော်
me: ခုဆို ပလူပျံနေတာပဲ
12:12 AM အရှင်နာယကာလင်္ကာရ: ဘုန်းဘုန်း ဆီလည်း ရောက်လာတယ်
me: ဖိုးသားတွေးမိတာလေး ပြောမလို့
နောက်ဆုံးမှာတောင်ရေးထားသေးတယ်
အရှင်နာယကာလင်္ကာရ: အေး
12:13 AM me: ကုသိုလ်ယူလိုက်ပါတဲ့၊ ဒါကုသိုလ်ယူတမှ မဟုတ်ဘဲ
ဖိုးသားတော့ ဒါမျိုးက တစ်ဘက်သားကို မတရားအနိုင်ယူရာ ကျမလားလို့ ။ ဒီဘလော့ရေးတဲ့ ဘုန်းဘုန်းကတော့ ဒီလိုမျိုးမလုပ်ဖူး ဆိုတာ ဖိုးသားယုံတယ်လေ
12:14 AM အရှင်နာယကာလင်္ကာရ: အင်းပေါ့လေ အနိုင်ယူချင်ကြတာကိုး
me: တဘက်လူလည်း အနိုင်လိုချင်မှာပေါ့။
ကိုယ်ချင်းစာကြည့်တာပါ
အရှင်နာယကာလင်္ကာရ: သူ့ကိစ္စနဲ့သူပေါ့
me: တင်ပါ့ တင်ပါ့
ဘုန်းဘုန်းပြောသလို အကုသိုလ်ဖြစ်စေတာမတွေးတော့ဘူး
12:15 AM အရှင်နာယကာလင်္ကာရ: ဘုန်းဘုန်းကတော့ မဲမပေးလိုက်ပါဘူး
me: ဖိုးသားလည်း မပေးဘူး
နောက် တစ်ခါမှလည်း မဖတ်ဖူးဘဲနဲ့လေ
အရှင်နာယကာလင်္ကာရ: အေးပေါ့
me: အင်္ဂလိပ်လိုရေးထားတဲ့ ဘလော့ကို
အရှင်နာယကာလင်္ကာရ: မဲပေးတယ်ဆိုတာ တကယ်သဘောကျမှပေးတာပဲ ကောင်းတယ်
12:16 AM အနိုင်ရစေချင်လို့ပေးတာဆို ဘယ်ကောင်းမလဲ
me: တင်ပါ့ ဟုတ်ပါတယ်
အရှင်နာယကာလင်္ကာရ: အိုကေ ရေချိုးလိုက်ဦးမယ်ဗျာ
me: တင်ပါ့
ဒီလိုပြောနေစဉ်အတွင်းမှာတော့ ထပ်တက်လာတဲ့ အစောင်ရေကမနည်းဘူးဗျာ…။ အဲ.. အဲဒီတက်လာတဲ့ သူတွေထဲမှာမှ သူငယ်ချင်း တစ်ယောက်နဲ့လည်း ခုလိုဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ သူ့ရဲ့ ခံယူချက်လေးကလည်း ကောင်းတယ်ခင်ဗျ။ သူ့ရဲ့ သဘောထားလေး ကိုလည်း ဖတ်ကြည့်လိုက်ပါဦး။
12:16 AM ၉: Best Asian Blog (အကောင်းဆုံးအာရှ ဘလော့ဂ်ဆု) ၊ မဲရွေးခံ စာရင်းဝင် မြန်မာဆရာတော် အရှင်မေတ္တာစာရ သည် ဒုတိယနေရာ မှရှိပြီး ပထမနေရာနှင့် မဲ ၃၀၀ ကျော်ကွာနေပါသည် ။ Ashin Mettacara ဆိုသည့်နာမည်ဘေးရှိ အ၀ိုင်းကို (clickပြီး ) မဲပေးနိုင်ပါသည် ။ ၂၄ နာရီ (တစ်ရက်) တစ်ကြိမ် မဲပေးနိုင်ပြီး မဲသိမ်းရက် နီးကပ်နေပါပြီ ။ မြန်မာ သူငယ်ချင်းများ ကို ဆက်ပြီး လက်ဆင့်ကမ်းပေးပါ ဗျာ ။ သူငယ်ချင်းလည်း မဲပေးပြီး ကုသိုလ်ယူလိုက်ပါဦး http://2008.weblogawards.org/polls/best-asian-blog
ဘယ်လိုသဘောရလဲသူငယ်ချင်း
ဝင်ဖတ်ပြီးပလား
12:17 AM me: ငါကတော့ သဘော မကျဘူး
၉: သူက ဘာအကြောင်းရေးလို့လဲ
me: ကိုယ်လည်း ဒီဘလော့ကို မဖတ်ဖူးဘဲနဲ့၊ ဘာလို့မဲပေးရမှာလဲ သူငယ်ချင်းရ။ တဘက်က ပြိုင်ဘက်ကို အားနာဖို့ကောင်းပါတယ်။
၉: ပြောကြည့်ပါဦး
အေးမင်းလိုပဲ
ငါလည်းခံစားရတယ်
me: နောက် ဟိုဟာက အင်္ဂလိပ်လိုရေးထားတာလေ
12:18 AM ဒီ ရေးတဲ့ ဘုန်းဘုန်းကတော့ ဒီလိုမလုပ်တန်ရာပါဘူး
ဘယ်သူက လက်ကမြင်းလိုက်မှန်းမသိဘူး
၉: အင်း
me: တဘက်လူကလည်း အနိုင်လိုချင်မှာပေါ့
ဟုတ်ဘူးလား
ကိုယ်ချင်းစာတတ်ဖို့ တယ်လေ။
12:19 AM ၉: တရားအကြောင်းကို အင်္ဂလိပ်လိုရေးထားတာ ဆိုရင်တော့ မဲပေးရမှာပေါ့
၉: နိုင်ငံရေးဆိုရင်တော့ မပေးသင့်ဘူး
me: ဒီဘလော့ ၂ ခုကို ယှဉ်ပြီး ဖတ်ကြည့်ဖို့လည်း လိုတာပေါ့
12:20 AM ၉: အင်း.. တရားဆိုတာ ပျံ့နှံ့အောင်လုပ်ပေးနိုင်တဲ့သူကို အားပေးသင့်တာပေါ့
me: ငါနိုင်ဆိုတဲ့ သဘောကြီးနဲ့တော့ မဲမပေးသင့်ဘူးလေ
တရားကပျံ့နှံ့ပြီးသားပဲလေ
၉: ဗုဒ္ဓဘာသာကို ယုံကြည်လာအောင် ရေးပြထားတာဆိုရင် ငါတော့ပေးမှာပဲ
သူများကို မပေးဘူး
အဲဒီ့ဆရာတော်ကို ပေးမယ်
12:21 AM တခြားဟာတွေ မဖတ်ဖြစ်လည်းရပါတယ်
မင်းကော ဘယ်လိုထင်လဲ သူငယ်ချင်း
me: တစ်ဘက်လူကကော ဘာအကြောင်း ရေးလဲဆိုတာ သိလို့လား
၉: သံသရာလွတ်ကြောင်းတရားကတော့ အမြတ်ဆုံးမဟုတ်လား
ဘာပဲပြောပြော
12:22 AM အနိုင်ရစေချင်တာထက်
အဲဒီဘလော့ကို ဖတ်ပြီးရင် ဗုဒ္ဓဘာသာကို ကမ္ဘာကပိုသိလာမယ်ဆို ရင်တော့
ပေးသင့်တယ်
12:23 AM me: အေးပေါ့ အဲဒီရည်ရွယ်ချက်နဲ့ပေးရင်တော့ ကောင်းပါတယ်ကွာ
၉: အေးပါ
me: စိတ်ထားတတ်ရင်ပေါ့
၉: ငါက အဲလိုမျိုးပါ
me: အေးအေး
၉: နိုင်ငံရေးဆိုရင်ပေးစရာမလိုပါဘူးပေါ့
12:24 AM ဘာပဲပြောပြော တရားဆိုရင်တော့ အလှူပေးရာတောင်ရောက်သေးတယ်လေ
me: အေး ဟုတ်ပါတယ်၊ ငါတောင်မင်းလို မတွေးမိဘူး
၉: ဒါကြောင့် ဒီဆရာတော်ရဲ့ဘလော့က ဘာအကြောင်းရေးလဲဆိုတာ မင်းသိမလားလို့မေးကြည့်တာလေ
me: မသိဘူး သူငယ်ချင်းရ
၉: မင်းက ဆရာတော်တွေအကြောင်းသိလို့
12:25 AM အိုကေပါ
တရားအကြောာင်းရေးထားတာဆိုရင်ပြောပါဦး
သူငယ်ချင်း
ဘိုင်ပါ
me: အေးပြောပါ့မယ်။
၉: မင်္ဂလာရှိသော ညချမ်းပါ
me: အေးအေး၊ မင်္ဂလာရှိအောင် နေတတ်သူတွေ အတွက်တော့ မင်္ဂလာ ညချမ်းပါပဲကွာ။
ကောင်းတယ်နော် ကျွန်တော့်သူငယ်ချင်းရဲ့ ခံယူချက်လေးက…။ ဒီမနက်ကျတော့လည်း ဒီအကြောင်းကိုပဲ ကိုမင်းဒင်နဲ့ ခုလို ဆွေးနွေးဖြစ်ခဲ့သေးတယ်…။
ဒါက အစ်ကိုမင်းဒင်နဲ့ တခြား သူ့မိတ်ဆွေတစ်ယောက်နဲ့ ချက်ထားတာလေးပါ။ ဒါလေးကို အစ်ကိုက အရင်ပို့ပေးလို့လည်း ခုလိုဆွေးနွေးဖြစ်သွားတာပါ။ min က ကိုမင်းဒင်ပါ။
နောက်ဆုံးမဲပေးရန် နေ့ ။ အရှင်မေတ္တာစာရနှင့် အိန္ဒိယ ဘလော့ဂါ အကြိတ်အနယ် ဖြစ်နေပြီ။
eternal.player: အရှင်မေတ္တာစာရကို ပေးထားတယ်
min: ၃၀ ပဲကွာတော့တယ်ဗျ။
နီးစပ်ရာဆွယ်ပေးပါ
eternal.player: ဟုတ်ကဲ့ပါ
Sent at 11:26 AM on Monday
eternal.player: တိုးသွားပြီနော်
min: yes
thanks
eternal.player: ဟုတ်
min: နီးစပ်ရာဆွယ်ပေးပါ
eternal.player: ဆွယ်နေပါတယ်အန်ကယ်လ်
Sent at 11:39 AM on Monday
min: ဆရာတော် ဦးဆောင်နေပြီနော်
ကျေးဇူးတင်တယ်
eternal.player: 40 လောက်ပိုများသွားပြီ
ကျွန်တော်နဲ့ ဆွေးနွေးဖြစ်တာကတော့ ဒီလိုလေးခင်ဗျ။ M = ကိုမင်းဒင်
7:53 AM me: ဟိုဘက်က ဦးဆောင်တဲ့သူကကော သူ့ဘလော့က ဘာအကြောင်းရေးတာလဲ အစ်ကို
သိလား မသိဘူး
M: သတင်းဘလော့ပါ
အခု ဆရာတော်ဦးဆောင်နေပြီဗျာ။
ကလစ်ကြည့်ရင်
သိပါတယ်
me: ဆရာတော်ကကော သတင်းဘလော့ပဲလား
7:54 AM M: ဟုတ်ပါတယ်
သွားကြည့်လို့ ရပါတယ်
7:57 AM me: ညီတော့ခုလို ညတွင်းချင်းကြီး အနိုင်ပိုင်းတာ မသင့်လျော်ဘူး ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တဘက်လူလည်း အနိုင်လိုချင်မှာပဲလေ။ ကိုယ့်နိုင်ငံက ဆရာတော်အတွက် မဲပေးတယ်ဆိုပေမယ့် ဒီဘလော့ကို မဖတ်ဖူးပဲနဲ့၊ နောက် ဒီဘလော့ ၂ ခုကို ယှဉ်ပြီး မဖတ်ဖူးဘဲနဲ့ ကိုယ်နိုင်ရင် ပြီးရောဆိုတဲ့ သဘောနဲ့ မဲပေးတဲ့သူတွေအတွက်.. ညီ့အထင်တော့ မေတ္တာတရား ခေါင်းပါးသွားသလို အတ္တတွေ များသွားသလားလို့ ခံစားရတယ်။
7:58 AM ညက လိုနေတဲ့ မဲ 300 ကျော်က ညီတို့တပ်က လူတွေ ပေးတာနဲ့တင် ပြည့်သွားလောက်ပါတယ်လေ
7:59 AM ညကဆို ပလူပျံနေတာပဲ
ညီ့ဆီတက်လာတာ
M: မှန်ပါတယ်
အတင်းအဓမ္မတော့ မဟုတ်ပါ။ မိမိသဘောဆန္ဒအလျောက်လေ့လာပြီးမှ
ဆောင်ရွက်နိုင်ပါသည်။
8:00 AM me: ညီကတော့ ၂ ခုစလုံးကို မဖတ်ဖူးတဲ့အတွက် ကြားနေပါပဲ အစ်ကို
M: ဟုတ်ကဲ့ပါ။
အခင်မင်မပျက်ပါနဲ့ 
me: အာ အစ်ကိုကလည်း
8:01 AM ညီ့ဆန္ဒကိုပြေပြတာ
ဘာလို့ အခင်အမင်ပျက်ရမှာလည်း
8:03 AM ချစ်လျှံဝေေ၀ ချစ်သူတွေနဲ့ ချစ်နေသမျှ ပေါင်းဖော်ရလည်း ... အစရှိတဲ့ လယ်တီဆရာတော်ဘုရားရဲ့ အလင်္ကာလေး အစ်ကို့ဆီမှာရှိလား မသိဘူး
8:07 AM M: မေတ္တာတရား ခေါင်းပါးသွားသလို အတ္တတွေ များသွားသလားလို့ ခံစားရတယ်။
... အဲဒီ စိတ်ထားနဲ့ မြန်မာပြည်ကြီးဖက် ကိုတချက်လောက် လှည့်ကြည့်နိုင်ခဲ့ရင် ဘယ်လောက်များ လူသာဓုခေါ်နတ်သာဓုခေါ် ဖြစ်လိုက်မလဲဗျာ။
me: ညီကြိုးစားနေပါတယ်အစ်ကို။ တစ်ယောက်အားနဲ့တော့ မစွမ်းသာသေးပါဘူးလေ
မြန်မာပြည်တင်မဟုတ်ပါဘူး အစ်ကို.. လူတိုင်းကို ညီချစ်တတ်အောင်၊ လောကကြီးကို ပါ ညီချစ်တတ်အောင် ကြိုးစားနေပါတယ်။
8:08 AM M: ဝမ်းမြောက်ပါတယ်
အဲဒီကို ရောက်နေတဲ့လူငယ်တွေကို
ကိုယ်ချင်းစာတယ်
ကိုယ့်အိမ်ရှေ့ က တစ်ယောက်ဆို
အမေဆုံးတာတောင်
8:09 AM ပြန်မလာနိုင်ဘူး
သူလည်း ကျောင်းဆင်းပြီးခါစ အဲဒီကို သွားဘို့ အရွေးခံရတာ။
8:11 AM တလောကတောင် ပြည်နဝဒေးကြီး ရဲ့ ရှင်နှောင်း ပိုဒ်စုံရတုတပုဒ် ကို ကိုယ့်ညီတို့ အတွက်ရေးမယ်လို့  ပြင်သေးတယ်။
me: ဟုတ်ကဲ့။
M: ကေတုဝင်းထွဋ် သီချင်းရှာမရလို့ ။
8:13 AM me: ညီတို့ဒီကို အလွှတ်ခံရတဲ့ သူတွေက ပြောရရင် ၁၀ တန်းတုန်းက ထိပ်ဆိုတဲ့ အထဲကတွေပဲအစ်ကို။ လူတော်တွေပေါ့။ ဒါပေမယ့် ဒီရောက်တော့ ပညာထက် လုပ်ချင်ရာ လုပ်ကြတာများနေတယ် အစ်ကိုရာ နိုင်ငံအတွက် ရင်လေးစရာပေါ့လေ။
M: ဒို့ ခေတ်တုန်းက ဗိုလ်လောင်းဆိုတာ တကယ့်လူတော်တွေ သေချာတယ်။ ခုတော့ ကိုယ်လည်း သေချာမသိဘူး။
လှဌေးဝင်း ကကိုယ်နဲ့ စက်မှုလုပ်အားပေး ၁၉၇၆ မှာဆုံခဲ့သေးတယ်၊ တကယ့်လူတော်။
me: ဟုတ်ကဲ့
8:15 AM M: အခု ဒုတိယဗိုလ်ချုပ်ကြီးထင်တယ်
လူရည်ချွန် နှစ်ထပ်ကွမ်း
me: ဗိုလ်မှူးချုပ်လှဌေးဝင်း ထင်တယ်
8:16 AM ရန်ကုန်တိုင်းတိုင်းမှူးတောင်လုပ်လိုက်သေးတယ်
M: ရာထူးတိုးတယ် ကြားမိတယ် မသေချာပါ
ဟုတ်တယ်
တကယ့်လူတော် ကိုယ်တို့ တောင် သူ့ ကို အားကျခဲ့ရတယ်
နိုင်ရင်ပြီးရော တို့ ၊
နိုင်တိုင်း ထင်ရာစိုင်းတာတို့ 
ကိုယ်လက်မခံဘူး။
8:18 AM ပြိုင်ဘက် ရန်သူကိုလေးစားတတ်တဲ့ စစ်သည်တော် ကောင်းစိတ်ဓာတ်ကို
အလေးအမြတ်ပြုတယ်
me: ဟုတ်
8:19 AM ညီ ဇာတ်ကားတစ်ခုမှာ မှတ်သားဖူးတယ်။
ရန်သူကို ပြောရရင် ပြိုဘက်ကို အထင်လည်း မသေး အထင်လည်း မကြီးမိပါစေနဲ့တဲ့
M: ဥပမာ မဟာဗန္ဓုလကို
အင်္ဂလိပ်စစ်ဗိုလ်က အလေးပြုတာ
8:23 AM ပြုတဲ့စစ်ဗိုလ်ကိုလည်း လေးစားသင့်တယ်
me: ညီတို့လူမျိုးက သူများအလေးဂရုပြုတာတော့ လိုချင်နေတယ်
M: သူ က စစ်စည်းကမ်းအတိုင်း ဗိုလ်ချုပ်နဲ့ ရိုးရိုးဗိုလ် ကွဲပြားမှုကို သိလို့ ပြုတာ။
me: ကိုယ်တိုင်ကျတော့ သူတစ်ပါးကို အလေးဂရုပြုဖို့ မေ့နေသလား လို့
8:24 AM M: မှန်တာပေါ့။
me: ခုလို ဆွေးနွေးခွင့်ရလို့ ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို
8:25 AM လေးလည်းလေးစားပါတယ်
M: လိုတာရှိရင်ပြောပါ
မိတ်ဆွေရင်းလို သဘောထားပါလေ
me: ဟုတ်ကဲ့ပါ အစ်ကို
M: ဒီအချိန်မှာ ဘဝမတူအယူအဆမတူပေမယ့်
8:26 AM တမြေတရေတည်း ပေါက်လာသူတွေပါ
me: ဟုတ်
ညီအောက်လိုက်ဦးမယ် အစ်ကို
M: ကောင်းပါပြီဗျာ
>>> မိတ်ဆွေတို့ကော ခုအွန်လိုင်း မဲကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လိုမြင်လဲမသိဘူးနော်။ ဘာပဲပြောပြောလေ မေတ္တာတရား ရှေးရှုရင်တော့ အရာရာဟာ ငြိမ်းချမ်းသွားပါလိမ့်မယ်။
လေးစားစွာဖြင့်
ဖိုးသား
12.01.2009, MON:, 10:24:13 AM

January 12, 2009 at 12:05 AM
ကျနော့်ဆီလည်း ဒီစာလေးရောက်လာပါတယ်...
အမှန်အတိုင်းပြောရရင်
ဆရာတော်ဘွဲ့ကိုတောင် ခုမှကြားဖူးတာ..
အနော်မသိတာဖြစ်နိုင်ပါတယ်...
ဘာအကြောင်းတရားကြောင့် ဒီလိုလုပ်ကြတာလဲဆိုတာလည်း
သိပ်တော့ စိတ်မ၀င်စားမိဘူး
အနော့်စိတ်ထဲမှာ အနိုင်ရစေလိုတဲ့ဆန္ဒနဲ့မဲပေးရမှာ မပေးရမှာ ဘာမှကို စိတ်မ၀င်စားမိဘူး
ရောက်လာတဲ့စာတွေကို ဖတ်ပီး ဒီအတိုင်းလေးပဲထားလိုက်တယ်...
ဖိုးသားလည်း စိတ်ထဲမထားပါနဲ့
ဒီအကြောင်းနဲ့ပက်သက်ပီးး
စိတ်ကို မလေးလံစေပါနဲ့...
ဒီအကြောင်းလေးက ဘ၀ရဲ့ အစိတ်အပိုင်းအဖြစ်တောင် နေရာမရတဲ့ မြူမှုန်လေးပါ...
January 12, 2009 at 1:07 AM
နှိုးဆော်ထားတာကို တွေ့တာတော့ ၂ ရက်လားရှိပြီ..။ အဲနေ့တည်းက ဝင်ကြည့်ပြီး မဲတော့ ပေးလိုက်တယ်။ ဆရာတော် ဘလော့ကိုတော့ နောက်မှ ရောက်တယ်..။ ဆရာတော်ဆိုတာ သိတော့ လေးစားကြည်ညိုရင်း အရင်းခံစိတ်ကြောင့် ဖြစ်မယ် ထင်တယ်။ မကောင်းဘူး ဆိုတာတော့ တွေးမိတယ် သူငယ်ချင်း။ ဘက်မလိုက်ပဲ ချိန်မျှကြည့်ရရင်တော့ ဒါဟာ မကောင်းဘူးပေါ့..။ အပေါ်က ပန်းခရေ ပြောထားသလိုပဲ ဒါလေးက ဘဝမှာ အသေးဖွဲ ကိစ္စလေး အဖြစ်ပဲ ရှုမြင်ထားနိုင်ရင် အကောင်းဆုံးပဲ။ ဖြစ်ပြီး ပျက်မယ်.. ပျောက်ပြယ်သွားမယ်။ ဒီသဘောကို မင်းက ပိုသိပါလိမ့်မယ်..။ ခုလို နှိုးဆော်စာ ရောက်လာတော့
ဆရာ ချစ်ဦးညို ရေးထားတဲ့ စာတစ်ပုဒ်ကို အမှတ်ရမိတယ်။ အဂတိတရားလေးပါးဟာ ဆက်တိုက် စွန်းထင်း ငြိတွယ်တတ်တာ လေးပါ။ ဆရာတော်ကို နိုင်စေချင်တဲ့ စိတ်ဓာတ်လေး ငါတို့မှာ စပြီး ငြိတွယ်တယ်။ ဆန္ဒာ အဂတိ..။ မနိုင်ခဲ့ရင် ဆိုတဲ့ အတွေးထိ ဆက်တွေးမိပြီး ကြောက်ရွံ့မိတဲ့ ဘယာ အဂတိ.. ပြိုင်ဘက် တစ်ဘက်က သာနေတာကို အမျက်ပိုမိသွားတာလေးက ဒေါသာ အဂတိ.. နောက်ဆုံး အမှား အမှန်ကို သေချာ ပိုင်းခြား မသိတော့တာက မောဟာ အဂတိ.. ငါတို့ဟာ အမှန်နဲ့ အမှားကို သေချာ မသိတာတော့ အမှန်ပဲ..။ တရားသော ယှဉ်ပြိုင်မှု၊ တရားသော အနိုင်ရခြင်းကို ငါတို့ မရနိုင်ပါဘူး။ မှန်ပါတယ်။ ဆရာတော် နိုင်သွားရင်တောင်မှ ငါတို့ ဝမ်းပန်းတသာ အမြဲ ဖြစ်နေနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ တဖြည်းဖြည်း အမှန်ကို သိမြင်လာလို့ ဖြစ်ချင် ဖြစ်မယ်..။ ဒီကိစ္စလေးကို စိတ်ထဲ အမြဲ မထားလို့ ဖြစ်ချင်ဖြစ်မယ်။ တခြား အာရုံတွေကို စိတ်က ကူးပြောင်းသွားမယ် ထင်မိတာပါ။ ဆန္ဒာ အဂတိလေး စ စွန်းထင်း မိရာက နောက်တော့ အမှား ပြုမိလို့ ပူပန်မိတဲ့ နောင်တ တွေပါ ဆက်တိုက်ရလာတယ်။ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်လေးကို ကိုယ်တိုင်ကိုယ်ကျ အမှန်ကို သိမြင်အောင် မလုပ်နိုင်သေးတာ ငါတို့ လောကီ လူသားတွေပဲ။ ခုကိစ္စလေးမှာ လုပ်နေသူတွေကိုလဲ ဆုံးမဖို့ ငါတို့ မတတ်နိုင်ဘူး။ ငါကိုယ်တိုင်လဲ လုပ်မိတယ်။ အားလုံး အမှန်ကို သိမြင်နိုင်ပါစေပဲ ဆုတောင်းမိပါတယ် သူငယ်ချင်း..။ အဖြစ်အပျက် အစုံကိုပေါ့။
January 12, 2009 at 3:18 AM
အကုန်လိုက်ဖတ်ကြည့်ပေါ့
ကြိုက်တဲ့ ဘလော့ကို မဲပေး။
မကြိုက်ရင်မပေးဘူး။
နိုင်တာထက်
မှန်တာကိုလိုလားတယ်။