
ဆရာဝန်နဲ့ လူနာ
ဆရာနဲ့ သူ့တပည့်။
ရှေ့နေနဲ့ အမှုသည်
လူမမည်နဲ့ အဘွားအို။
တရားလိုနဲ့ တရားခံ
မှန်ကန်သူနဲ့ အကြံအဖန်လူ။
ဦးပဇင်းနဲ့ ဒါယကာ
ဉာတကာနဲ့ သူစိမ်းသူရံ။
ကျွန်နဲ့ အရှင်သခင်
ပိုင်ရှင်နဲ့ အလုပ်သမား။
ထုတ်ကြွားသူနဲ့ နှိမ့်ချသူ
စိတ်လှသူနဲ့ စိတ်မလှလူ။
အမှားဆင်သူနဲ့ အမှားပြင်လူ
လယ်ပိုင်ရှင်နဲ့ သူရင်းငှား။
အော်…
အချင်းများဖွယ်
အသွင်အမျိုးမျိုးနဲ့
အဆင်ဘယ်လို ကွဲနေလည်း
စွဲထင်ကာ စိတ်မှာကြည့်လိုက်တော့
စိတ်နာဖွယ်အတိ
တူညီချက်ကိုတွေ့ရှိ
ငါကိုယ်တော်မြတ် အပါအ၀င်ပေါ့လေ။
ကျယ်ပြန့်တဲ့ စိတ်အစဉ်နဲ့
ရေမြေ့သခင် ပြည့်အရှင်မင်းမြတ်
ရွှေပလ္လင်ပေါ်မှာ ခန့်ခန့်ထိုင်ရင်း
သွေးအေးအေး သံသယလေးနဲ့
ဖြေးဖြေးတွေး ဉာဏ်အလှပြေးလို့
ရေးတေးတေး ကြံဆတွေးတော့
မှန်စွဝန် တဏှာဖို့ထမ်းနေတဲ့
ခန္ဓာ့ကျွန် ငါတို့တွေပါလား။ ။
>>> အားလုံးသော ဓမ္မမိတ်ဆွေများ ခန္ဓာ့ကျွန်သပေါက် အဖြစ်မှ လွတ်မြောက်အောင် ကြိုးစား အားထုတ် နိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
13.01.2009,TUE:, 00:59:20 AM
January 12, 2009 at 7:37 PM
“..မှန်စွဝန် တဏှာဖို့ထမ်းနေတဲ့
ခန္ဓာ့ကျွန် ငါတို့တွေပါလား”
ခန္ဓာငါးပါး အပေါ်မှာ အစွဲတဏှာ မကုန်နိုင်သေးတဲ့ လောကီလူသားတွေ.. ခန္ဓာ့ကျွန်သပေါက် အဖြစ်မှ လွတ်မြောက်နိုင်ပါစေ ငါလဲ ဆုတောင်းပေးပါတယ်.. ကိုယ်တိုင်လဲ လွတ်မြောက်ဖို့ ကြိုးစားရပေမယ်..
January 12, 2009 at 11:09 PM
ကျယ်ပြန့်တဲ့ စိတ်အစဉ်နဲ့
ရေမြေ့သခင် ပြည့်အရှင်မင်းမြတ်
ရွှေပလ္လင်ပေါ်မှာ ခန့်ခန့်ထိုင်ရင်း
သွေးအေးအေး သံသယလေးနဲ့
ဖြေးဖြေးတွေး ဉာဏ်အလှပြေးလို့
ရေးတေးတေး ကြံဆတွေးတော့
မှန်စွဝန် တဏှာဖို့ထမ်းနေတဲ့
ခန္ဓာ့ကျွန် ငါတို့တွေပါလား။ ။
ဒီအပိုဒ်လေးကို တော်တော်သဘောကျမိတယ် ...။ ခန္ဒာ့ကျွန်အဖြစ်နေရတဲ့ဘ၀ကို ဖော်ပြပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်တဲ့အတွက် သဘောကျနှစ်သက်မိပါတယ်..နောက်လည်းဆက်ရေးပါအုံး