Latest News

*Chatting အဘိဓမ္မာသင်ခန်းစာ (၁)*

အရှင်နာယကာလင်္ကာရ: ဖိုးသား
အဘိဓမ္မာသင်ပေးမယ်လေ
မင်းအလှည့်ရောက်ပီ
ခုပဲ ဒီကသင်တန်းပီးတယ်

6:22 AM me: ဘုန်းဘုန်း တကယ်သင်တော့မှာလား

6:23 AM အရှင်နာယကာလင်္ကာရ: အေး

6:24 AM me: သင်ချင်ပါတယ်။ ဆက်တိုက်ကြီးဆိုတော့ ဘုန်းဘုန်း ပင်ပန်းမှာပေါ့

အရှင်နာယကာလင်္ကာရ: ရပါတယ်။

me: တင်ပါ့
သင်မယ်လေ

6:27 AM အရှင်နာယကာလင်္ကာရ: သင်ပေးရမှာပေါ့
အဘိဓမ္မာဆိုတာ ဘာလဲ
အဘိ+ဓမ္မာ လို့ နှစ်ပုဒ်ခွဲ မှတ်ထား

6:28 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အဘိ- ထူးကဲသာလွန်သော
ဓမ္မ-တရားတော်
6:29 AM သုတ္တန် ၀ိနည်းတရားတို့ထက် သာလွန်ခက်ခဲ နက်နဲသိတဲ့အတွက်
ယမိုက် ပဋ္ဌာန်းတွေကို အဘိဓမ္မာလို့ခေါ်တာပေါ့

6:30 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: လိုရင်းပဲ ပြောကြတာပေါ့
အဘိဓမ္မာ လေ့လာတဲ့အခါ
6:31 AM ဦးစွာ ပညတ် ပရမတ်ဆိုတာ အရင်ခွဲခြားသိရမယ်

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ပညတ်ဆိုတာ ကြားဘူးလား

6:32 AM me: ကြားဖူးပါတယ် ဘုန်းဘုန်း
ခုလို လူအမည် ဘုန်းကြီးဘွဲ့ ခေါ်လို့လွယ်အောင် သတ်မှတ်ထားတဲ့ နာမည်တွေလေ

6:33 AM အရှင်နာယကာလင်္ကာရ: ဒါဆို သေချာပီ
ပရမတ်ကရော
ဘာလဲ
ကြားဘူးလား

me: တင်ပါ့ ကြားဖူးပါတယ်

အရှင်နာယကာလင်္ကာရ: ဘာလဲ

6:34 AM me: သစ္စာလေးပါးကို ထိုးထွင်းသိသွားတဲ့ ဥာဏ်တို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတဲ့ ဥာဏ်တို့ ဒါတွေထင်တာပဲ
6:35 AM မှားသွားပြီထင်တယ်
6:36 AM ဒါက မရှိတရားကိုပြောတာ မှတ်လားဘုန်းဘုန်း
ဖိုးသားပြောတာက အရှိတရားကြီးဖြစ်သွားတယ်

6:38 AM အရှင်နာယကာလင်္ကာရ: ခဏလေး

me: တင်ပါ့

6:41 AM အရှင်နာယကာလင်္ကာရ: ပရမတ်ဆိုတာ မဖေါက်ပြန်ပဲ အမြဲတည်ရှိနေတဲ့သဘောပေါ့

6:42 AM me: ဒါဆိုဖိုးသားပြောတာမှန်တာပေါ့

အရှင်နာယကာလင်္ကာရ: (၁) စိတ် (၂) စေတသိက် (၃) ရုပ် (၄) နိဗ္ဗာန်
ဒီလေးမျိုးကို ပရမတ္တတရား လေးပါးခေါ်တယ်

6:43 AM me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ဆိုပါစို့ စိတ် ဆိုတဲ့ထဲမှာ လောဘစိတ်
သူ့သဘောက လိုချင်တဲ့သဘော

6:45 AM ဘုန်းကြီးသန္တာန်မှာ ဖြစ်တဲ့လောဘ၊ လူပုဂ္ဂိုလ်တွေမှာဖြစ်တဲ့ လောဘ၊ အနောက်နိုင်ငံသားတွေမှာဖြစ်တဲ့လောဘ၊ အရှေ့နိုင်ငံသားတွေမှာဖြစ်တဲ့လောဘ လို့စသည်စသည်ကွဲပြားရင်ကွဲပြားမယ် ပုဂ္ဂိုလ်အမျိုးအစားအနေနဲ့
ဘယ်သူ့သန္တာန်မှာပဲဖြစ်ဖြစ် လိုချင်မှုလောဘသဘောကတော့ ပြောင်းမသွားဘူးလေ
6:46 AM အဲဒါကို ပရမတ်ခေါ်တာပေါ့

me: တင်ပါ့

6:47 AM အရှင်နာယကာလင်္ကာရ: ဘုရားမပွင့်ခင်လည်း ဖြစ်တဲ့လောဘ ဟာလိုချင်မှုသဘောပဲ၊ ဘုရားပွင့်တော့လည်း လောဘဟာ လိုချင်မှုသဘောပဲ ဘယ်တော့မှ သူ့သဘောကိုမစွန့်ဘူးပေါ့

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ရုပ်တွေ စေတသိက်တွေလည်း ဒီတိုင်းပေါ့
ဥပမာ နိဗ္ဗာန်သည် သန္တိသဘော
6:48 AM ငြိမ်အေးခြင်းပေါ့

me: တင်ပါ့ ဘုန်းဘုန်း

6:49 AM အရှင်နာယကာလင်္ကာရ: ဘုရားရှင်ရသည့် နိဗ္ဗာန် အရှင်သာရိပုတ္တရာ ရရှိသည့် နိဗ္ဗာန် စသည်ပေါ့ မျက်နှာလိုက်ပြီး ပိုငြိမ်းအေးတယ်ဆိုတာ မရှိပါဘူး၊ ဘယ်သူ မျက်မှောက်ပြုပြု နိဗ္ဗာန်သည် သူ့သဘောအတိုင်း ငြိမ်းအေးတာပါပဲ
မပြောင်းလဲပါဘူး
အဲဒီသဘောတွေကြောင့် အပေါ်လေးခုကို ပရမတ်လို့ခေါ်တာပေါ့

me: ဖိုးသား ဆင်ခြင်နေပါတယ်
6:50 AM တင်ပါ့

အရှင်နာယကာလင်္ကာရ: အဲဒီတော့ ဘယ်တော့မပြောင်းလဲသော ပရမတ်တရားက ဘယ်နှစ်ပါးလဲ

me: လေးပါး

အရှင်နာယကာလင်္ကာရ: ပြောကြည့်

6:51 AM me: စိတ၊် စေသသိက်၊ ရုပ်၊ နိဗ္ဗာန်
ဒီလေးခု

အရှင်နာယကာလင်္ကာရ: သာဓု ၃

me: အော် ဘုန်းဘုန်းကလည်း
ဘုန်းဘုန်း သင်တာတော်လို့ပါ

6:52 AM အရှင်နာယကာလင်္ကာရ: ဘုံလေးမျိုး မှတ်ရအောင်

me: တင်ပါ့

6:53 AM အရှင်နာယကာလင်္ကာရ: (၁) ကာမာဝစရဘုံ (၂) ရူပါဝစရဘုံ (၃) အရူပါဝစရဘုံ (၄) လောကုတ္တရာ (အ၀တ္တာ)ဘုံ

me: တင်ပါ့ ပါဠိလိုက နည်းနည်းခက်တယ်နော်

အရှင်နာယကာလင်္ကာရ: ကာမာဝစရဘုံ ကို ကာမဘုံလို့ အတိုကောက်ခေါ်လိုက်

6:54 AM me: တင်ပါ့
၇ ဘုံထင်တယ်

အရှင်နာယကာလင်္ကာရ: အထွန့်မတက်နဲ့ ဆရာသမားကို
ပြောတာအရင်မှတ်ထား

me: တင်ပါ့
6:55 AM မတက်ဝံ့ပါဘူး ဘုန်းဘုန်းကလည်း

6:59 AM အရှင်နာယကာလင်္ကာရ: ဘုံအလိုက် စိတ်လေးမျိုးကွဲပြားပုံ
(၁) ကာမာဝစရစိတ်
(၂) ရူပါဝစရစိတ်
(၃) အရူပါဝစရစိတ်
(၄) လောကုတ္တရာစိတ်

me: တင်ပါ့ ဘုန်းဘုန်း

7:00 AM ကာမာဝစရစိတ် -၅၄ပါး
7:01 AM ရူပါဝစရစိတ်-၁၅ပါး
အရူပါဝစရစိတ် -၁၂ပါး
လောကုတ္တရာစိတ် (အကျဉ်း) -၈ပါး (အကျယ်)- ၄၀ပါး

အဲဒီတော့..
7:02 AM စိတ်အကျဉ်း -၈၉ပါး
7:03 AM စိတ်အကျယ် -၁၂၁ပါး ဖြစ်ကော

me: တင်ပါ့

7:05 AM ကာမဘုံဖြစ်နိုင်သည့်စိတ် (၅၄)ပါး
7:06 AM ကာမဘုံက ၁၁-ဘုံ ရှိသည်
7:07 AM (၁) နတ်ပြည် -၆
(၂) လူပြည် -၁
(၃) အပါယ် -၎
7:08 AM ဘုံ- ဘူမိ
နေရာ
Location

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: နတ်ပြည် -၆ ထပ်ကတော့
7:09 AM (၁) စတုမဟာရာဇ်
(၂) တာဝတိံသာ
(၃) ယာမာ
(၄) တုသိတာ
(၅) နိမ္မာနရတီ
(၆) ပရနိမ္မိတ၀သ၀တ္တီ

7:10 AM အပါယ်လေးဘုံတော့ သိတယ်မှတ်လား

me: တင်ပါ့ သိပါတယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ နဲ့ အသူရကာယ်

အရှင်နာယကာလင်္ကာရ: အေးအေး ဒီနေ့တော့ စိတ်အကြောင်း ကို ဒီလောက်မှတ်ထား၊ နောက်နေ့ နောက်တစ်မျိုးသွားမယ် ဟုတ်ပလား။

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ကဲ ဒါဆိုဘုန်းဘုန်း နားလိုက်ဦးမယ်

me: တင်ပါ့ ဘုန်းဘုန်း ဖိုးသား ဦးချလိုက်ပါတယ်

အရှင်နာယကာလင်္ကာရ: အေးအေး ကျန်းမာပါစေကွယ်။

လေးစားရိုသေစွာဖြင့်
ဖိုးသား

13.01.2009, TUE:, 07:58:34 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply