Latest News

*မှတ်လော့… အိုအဆွေ*


သာယာဖွယ်ကင်း၊ ညွတ်ဘ၀တွင်းဝယ်
သက်ဆင်းကာရွေ့၊ ခံတွင်းတွေ့ကာ
ပျော်မွေ့နေကြ၊ အို လူလှတို့…
အစမကောင်း၊ ဘ၀င်စောင်းက
နှောင်းမသေချာ၊ ထိုစဉ်လာကို
ရင်မှာစဉ်ပွေ့၊ ခုံမင်မွေ့လျက်
ချစ်၍သာပင်၊ ကျွန်ုပ်သင်မည်
နားဆင်နိုင်ကြ၊ ဘ၀င်ခစေ
အိုအဆွေတို့…။

အဓိကနှင့်၊ ဆန့်ကျင်လင့်သည့်
ပစ်သင့်ခါချ၊ သာမညကို
မူလဦးစွာ၊ ခွဲခြားဖြာ၍
မေတ္တာစိတ်ထား၊ ရင်ဝယ်ပွားကာ
ကျက်စားနိုင်စေ၊ အိုအဆွေ…။

ထိုခြေနေထက်၊ တစ်ဆင့်တက်သော်
အထက်မဂ်သို့၊ ပင့်ဆောင်ပို့သည့်
ငါတို့ ထိုလူ၊ ရွေးချယ်ယူခြင်း
အလျဉ်းကင်းသည့်၊ ရင်တွင်းဘာဝနာ
ဝိပဿနာကို၊ ချိန်ခါမလပ်
အားထုတ်တတ်အောင်၊ ကျင့်အပ်ပါလေ
အိုအဆွေ…။

မှတ်လေနောက်က၊ သင်ပြရသော်
အစအန၊ ရှာမရသည့်
ဘ၀လူ့ဘုံ၊ ငါတို့ဘုံကို
ရရုံသက်သက်၊ တို့ပျော်လျက်သာ
ကျေနပ်ကာလေ၊ တို့မနေဘဲ
အရှည်တံ့စေ၊ တို့တွေမြေမှာ
တို့သာသနာကို၊ တို့စွမ်းရာဖြင့်
ထပ်ကာဆင့်လျက်၊ အားဝံ့စေအံ့
ရေရှည်ခံ့စေ၊ အိုအဆွေ…။ ။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

14.01.2009, WED:, 08:25:53 PM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ကဗျာကောင်းလေးကို လာဖတ်တယ်..

Leave a Reply