၎: ဟဲလို ညီလေး
11:41 PM သစ္စာ မသိဘဲနဲ့ လုပ်တဲ့ကုသိုလ်တွေ၊ ဘုံဘဝမငြီးငွေ့ဘဲနဲ့ ဘုံဘဝကို တောင့်တပြီး လုပ်တဲ့ ကုသိုလ်တွေ၊ ဒိဋ္ဌိတန်းလန်းနဲ့ လုပ်တဲ့ကုသိုလ်တွေ ကတော့ ဒိဋ္ဌိက ပြန်ဆွဲချတာပဲ။
အထက်ကောင်းကင်ပေါ် ပစ်လိုက်တဲ့ ခဲလုံးလိုပဲ။ အရှိန်ကုန်တော့ ပြန်ကျရတယ်၊ ကုသိုလ်အရှိန်ရှိတုန်း (ခဲလုံးလိုပဲ) တက်သွားတယ်၊ ကုသိုလ်အရှိန်ကုန်တော့ ပြန်ကျရတာပဲ၊ ဒိဋ္ဌိက ဆွဲချတာကိုး။
အထက် ကောင်းကင်ပေါ်တက်ပြီး ပျံဝဲနေတဲ့ စွန်ကို ကြိုးလွန်းတောင့် ရစ်ပြီး အောက်မြေပြင်ကို ပြန်ဆွဲချလိုက်သလို ဒိဋ္ဌိက ပြန်ပြီး ဆွဲချတာပဲ။ ဗြဟ္မာ့ပြည်မှာ ကိုယ်ရောင်ကိုယ်ဝါတွေ တဝင်းဝင်းနဲ့ နေခဲ့ရတဲ့သူ၊ နောက်တော့ အရှိန်ကုန်လို့ ဒိဋ္ဌိက ဆွဲချတဲ့အတွက် အပါယ်ဘုံမှာ ဝက်မကလေးအထိ ဖြစ်ရရှာတယ် မဟုတ်လား။
ဤစကားတို့ကား မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မြွက်နေကျဖြစ်၏၊ ဆရာတော်ဘုရားကြီး ဆိုလိုသည်မှာ ဖြစ်ပျက်တွေ မြင်အောင် လုပ်မထားတဲ့အတွက်၊ ဒုက္ခသစ္စာတွေကို သိအောင် လုပ်မထားတဲ့အတွက် အပါယ်ကျရတယ်၊ ဒါကြောင့် "သစ္စာကို သိအောင် မြန်မြန် လုပ်ထားကြ" ဟုဆိုလိုတော်မူ၏။
ဘုရားပွင့်မှ ကြားခွင့်ကြုံလာ၊
နာရ၊ ကြားရ မှားသမျှပယ်ခွာ
ဘုရားဟောပြ မလွဲမှန်စွာ
သစ္စာလေး ပြန့်မွှေးဒေသနာ
သာသနာပတွင် ဘုရားမပွင့်မှီတွင် ကောင်းတာလုပ် ကောင်းကျိုးပေးသည်။ မကောင်းတာလုပ် မကောင်းကျိုးပေးသည် ဟုသိသော ကမ္မဿကတဉာဏ် တစ်ဉာဏ်သာ ရပါသည်။ သာသနာတွင်း ဘုရားပွင့်လတ်သော် ဉာဏ်-၂ ဉာဏ် ရနိုင်ပါသည်။ ၎င်းတို့မှာ ကမ္မဿကတဉာဏ် နှင့် သစ္စာကိုသိသော သစ္စနုလောမိကဉာဏ် တို့ ဖြစ်ပါသည်။
ကျွန်တော့်အနေနဲ့ ဤ သာသနာတွင်း၊ သာသနာပ ၏ ခြားနားချက်နှစ်ခုကို ယှဉ်ထိုးသုံးသပ်သော် သစ္စာမသိရင် ငါသည် သာသနာတွင်းကာလ၌ လူဖြစ်ခွင့်ရလင့်ကစား ကံကံ၏အကျိုးကို ယုံကြည်အားကိုး၍ ဒါန၊သီလ၊သမထ ဖက်၍ နောက်ဇာတိပေါ်ကာ အိုနာသေ ချောက်ကြီးကို ထပ်ကျရမှာပါလား။
မြတ်စွာဘုရားရှင်မှ ဤသို့ဟောကြားတော်မူခဲ့ပါတယ်။ တိုင်မထောင်ဘဲနှင့် အိမ်မှာ ဒိုင်းတင်ထားတယ် ဆိုရင် မယုံပါနဲ့ တဲ့။ သစ္စာမသိဘဲ နိဗ္ဗာန်ရောက်တယ်ဆိုရင်လည်း ထိုနည်းတူပဲ မယုံပါနဲ့တဲ့။ ဒီတော့ သစ္စာတရားက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကို မိမိဉာဏ်ဖြင့်ခွဲခြားဝေဖန်စီစစ်ကြည့်က ထင်ရှားစွာပေါ်လွင်လှပါသည်။
ဒီတော့ မိမိကိုယ်ကို ဆုံးဖြတ်ချက် ချရမယ့် အချိန်ကို ရောက်လာပါပြီ။ သစ္စာတရား ကို ဟောကြားထောက်ပြသည့် ပုဂ္ဂိုလ်ဆီကို ချည်းကပ်ရတော့မယ်။ သစ္စာတရားကို လေးစားစွာနာယူရမယ်။ ၎င်းသစ္စာတရားကို နှလုံးသွင်းရမယ်။ ဒါမှ သစ္စာနှင့်ယှဉ်ထိုးသုံးသပ်ပြီး သိတဲ့ ဉာဏ် သစ္စဉာဏ်ကို အရင်းတည်ပြီး ခန္ဓာ၌ဖြစ်မှုပျက်မှုကိစ္စများကို သိမြင်နေရမည်။ ကိစ္စက ကိစ္စ၊ သိမြင်တာက ဉာဏ်ဆိုတော့ ကိစ္စဉာဏ်။ ဤဉာဏ်ကို ပွားမှုဖြင့်အားထုတ်ကြိုးစာပြီး ဖြစ်မှုပျက်မှု၏ အဆုံးကို မြင်သည့် ကတဉာဏ် ဖြစ်အောင် ကြိုးစားရပေမည် မဟုတ်ပါလား။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားထောက်ပြသည့် သစ္စာတရားများ ဤလင့်ခ်တွင် နာယူနိုင်ပါသည်။ http://thitsartayar.dhammathukha.com/dhamma.html
________________________________________ 6 minutes
11:48 PM me: ကျေးဇူးပဲအစ်ကို...ညီတဖြေးဖြေးနဲ့ နားလည်လာပါပြီ
၄၄: အေး ညီလေး
ဉာဏ်တက်လာတာပဲ
အရပ်စကားနဲ့ပြောရင် နားလည်လာတယ်လို့ ခေါ်တယ်
11:49 PM me: ဟုတ်ကဲ့ပါ အစ်ကို
၄၄: ဉာဏ်ဆိုတဲ့ အသိ ဒီဂရီမြင့်လာရင် မသိမှု၊ ဝေဝါးမှု သံသယဆိုတဲ့ ဒီဂရီက လျော့ကျလာတယ်
သူတို့က အဲဒီလို အချိုးရှိတယ်
11:50 PM ဒါကြောင့် စဉ်းစားသုံးသပ်ကြည့်နေ.. မေးရမှာကို မရှက်နဲ့
ကိုယ်မေးတဲ့မေးခွန်းက ကိုယ့်ရဲ့သံသယတွေကို ချေဖျက်နိုင်တဲ့ မျှားတစ်စင်းဖြစ်သွားနိုင်တယ်
11:51 PM အဲဒီမျှားကို ဖြေတတ်တဲ့သူက ပစ်ပေးလိုက်တာပဲ
ညီ့မှာ အဲဒီမျှားမရှိရင် ဖြေပေးရမယ့်လူက ပစ်ရတာခက်တယ်
အံဝင်ခွင်ကျ မဖြစ်ဘူး
ဒါကြောင့် မျှားတွေ စု
မေး
11:52 PM သဘောပေါက်နားလည်လာတဲ့အခါ မျှားကုန်သွားလိမ့်မယ်
11:55 PM me: အစ်ကိုရဲ့ဥပမာတွေ တော်တော်ကောင်းတယ်အစ်ကို..အရင်ကဘာပဲဖြစ်ဖြစ် မသိရင်မေးရမှာကိုရှက်ခဲ့တယ် အခုတော့အဲဒီမာနတွေ လျော့ပါးလာပါပြီ
11:56 PM ၄၄: အေးညီလေး... အကိုလည်း ကိုယ့်ကိုယ်ကို ဒီလိုဥပမာတွေနဲ့ စဉ်းစားပြီး ဆုံးမခဲ့တယ်
ဒါကြောင့် ညီတို့ကို အကို့မှာ ပေးစရာ ဥပမာတွေက အများကြီးလေ
11:57 PM အကိုက တစ်ခုကို နားလည်ပြီဆိုရင် ဥပမာ- သဘောတရားတွေနဲ့ ချဲ့ပြီး ထပ်ပြီးစဉ်းစားတတ်တယ်
ဒါက ညီလေးတို့ကို လွယ်ကူစွာနားလည်နိုင်အောင် ပြောနိုင်တဲ့ အခွင့်တစ်ခု ဖြစ်သွားတာပေါ့
11:58 PM me: ဟုတ်တာပေါ့ အစ်ကို
၄၄: ညီလေး တစ်ခုနားလည်ထားရမှာက - အကိုနဲ့ ညီလေးတို့က သူ့အချိန် သူ့အခိုက်တန့်ကလေးတွေ အကြောင်းပြုလို့ လာဆုံကြတယ် မှတ်ပါ
ဘာနဲ့တူလဲ ဆိုတော့ -
11:59 PM me: ဟုတ်ညီနားလည်ပါတယ်
၄၄: ဘွဲ့တစ်ခုရနိုင်ဖို့ ပညာတော်သင်အဖြစ်နဲ့ ရုရှားရောက်ဖို့ အခွင့်ပါလို့ ရောက်လာတယ်ဆိုပါတော့.. ထိုသူ့အနေနဲ့ အခွင့်တစ်ခုပေါ့..
ရုရှားလည်းရောက်တော့ စိတ်ဓာတ်တွေပျက်ပြီး စာမေးပွဲတွေ ကျပြီး ..အိမ်ပြန်ရရော
12:00 AM ရုရှားလာခွင့်ရတာက အခွင့်ပါတယ်.. အိမ်ပြန်သွားရတာက အခွင့်ဆုံးရှုံးသွားတာ
12:01 AM အခုလည်း တိုက်တိုက်ဆိုင်ဆိုင် ညီက အခုအရွယ်မှာ အကို့ဆီက ဒီလို စကားတွေကြားပြီးဉာဏ်မျက်စိပွင့်ရတယ်
me: ညီအတွက်တော့ ဒီကိုရောက်လာတာ အကောင်းတွေများပါတယ်
၄၄: ပွင့်တဲ့ဉာဏ်မျက်စိကို ပြူးပြီးတော့ မကြည့်ရင်လည်း
ပွင့်သာပွင့်ခြင်း အကျိုးပဲ ရှိမယ်.. မြင်သိခြင်း အကျိုးရှိမှာ မဟုတ်
12:02 AM ဒါကြောင့် ပွင့်နေတဲ့ ဉာဏ်မျက်စိနဲ့ ခန္ဓာကို ဆင်ခြင်ပါ..ပေါ်လိုက်ပျက်လိုက်နဲ့ ဖြစ်ပျက်သဘောပြနေတဲ့ စိတ်ကို စောင့်ကြည့်အကဲခတ်ပါ
12:03 AM me: အစ်ကို အလုပ်မများပါဘူးနော်..အားနာလို့ပါ
၄၄: ညီစဉ်းစား.. မြတ်စွာဘုရားရှင်က တစ်လှံမျှလောက်သော ခန္ဓာကိုယ်ကြီးကို ဆင်ခြင်သုံးသပ်ပြီးတာ့ အတွင်း ရုပ်နာမ်လောကသဘာဝရဲ့ အနိစ္စ၊ နိစ္စနိဗ္ဗာန်ကိုလည်း တွေ့ရော.. အပြင်လောကဓာတ်တစ်ခွင်ကိုပါ တစ်ပြိုင်နက် သိမြင်သွားတယ်..
12:04 AM အပြင်လောက ကို သုံးသပ်ပြီး အတွင်းလောက ကို မသိတာက ဖီလော်ဆော်ဖာ သမားတွေ
ဘယ်သူက ပိုပြီး သိသလဲ
12:05 AM ဘယ်သူက ပိုပြီး အသိဉာဏ်သာ လဲ?
အတွင်းလောက က ဂဏန်အားဖြင့် = ၁ လို့ ယူ
အပြင်လောက က ဂဏန်းအားဖြင့် = ၁၀၀ ရှိတယ်
၁ ကို သိရင် ၁၀၀ ကိုသိပြီ
12:06 AM ၁ နဲ့ ၁၀၀ က အထည်အားဖြင့်သာ ကွာတာ.. သဘောအားဖြင့် အတူတူပဲ
ဒီတော့ ၁ ကို ကြည့်တာ ပိုမြန်တယ်. သိလွယ်တာပေါ့
12:08 AM ဒါကြောင့် စိတ်တစ်ခုရဲ့ သဘောကို ကြည့်ရင် ကျန်တဲ့ ခန္ဓာ ၄ခုကိုလည်း သိတယ်
me: ဟုတ်..ညီလေ အခုမှမြတ်စွာဘုရားရှင်ကို ပိုပြီးကြည်ညိုလာမိတယ်..အရင်ကတော့ မိရိုးဖလာအဆင့်လောက်ပဲရှိတာ
12:10 AM ၄၄: အဲ.. ဉာဏ်က ကျေးဇူးပြုတာ
ဉာဏ်နဲ့ သဒ္ဓါနဲ့က အာရမ္မနိက .. သဟဇာတပစ္စယော သတ္တိနဲ့ ကျေးဇူးပြုတယ်
ဉာဏ်က မီး - သဒ္ဓါက အလင်းရောင်
သဘော နားလည်လား ညီလေး
12:12 AM me: သြော် ..သိမှုက သဒ္ဓါကို အကျိုးပြုတာပေါ့နော် အစ်ကို
၄၄: အဲညီလေး
12:13 AM တစ်ဦးကို တစ်ဦးကလည်း အပြန်အလှန် ကျေးဇူးပြုတဲ့သဘော
12:16 AM me: နားလည်ပြီ အစ်ကို...ညီ..အစ်ကို့ကို မှီအောင် နည်းနည်းတော့ အားစိုက်ရတယ်
၄၄: အဲ ညီလေး
12:17 AM မှီအောင် မှီအောင် အားစိုက်ရင်းနဲ့ပဲ မှီလာတာပဲ မလား
ကလေးကို လမ်းလျှောက်တာ သင်သလိုပဲ
အကိုက ကြည့်ကြည့်ပေးတာပေါ့
ညီက အားစိုက်ရတာပေါ့
12:18 AM me: ဟုတ်ပါတယ် အားစိုက်ထုတ်မှုမပါရင်တော့ မမှီနိုင်ဘူးပေါ့
12:19 AM ၄၄: အဲ ညီလေး
သတိပညာအားကောင်းလာတဲ့အခါ... မိမိကိုယ်ကိုယ် အကဲခတ်ပြီး ပဲ့ထိန်းလို့ ရလာလိမ့်မယ်
12:20 AM ဝိ ဖြစ်သွားရင် ကိုယ့်အတွက် ဝ မဖြစ်တော့ဘူး
ဝို နဲ့ ဝိုး တို့သာ ဖြစ်တော့မယ်
12:21 AM မိရိုးဖလာ ဗုဒ္ဓဘာသာတို့မှာ ကမ္မဿကတဉာဏ်တောင်မှ အားနည်းတော့.. ဝ တစ်လုံး ကို အပြည့် မတည်ဆောက်နိုင်ဘူး...
လ ပြည့် ည ဆိုတာ သူတို့ သဏ္ဍန်မှာ ပျောက်ကွယ်နေရတယ်
ဝ ဆို တာ လ ကို ပမာပြုတာ
12:22 AM me: ဟုတ်
၄၄: သူတို့မှာ လမိုက်တို့.. လဆန်းတို့ လဆုတ်တို့သာ ရှိတယ်
သဘော ပေါက်တယ် မလား
အခု ဆို ညီ က အကိုနဲ့ စတွေ့ တုံးကလို မဟုတ်တော့ဘူး
အသွားအလာ သွက်လာပြီ
သဘောပေါက်လွယ်လာပြီ..
12:23 AM ကျန်းမာတုန်း ဉာဏ်သွက်တုန်းမှာ လုပ်ရတာ လွယ်တယ် ညီရဲ့
သေချာ သိအောင် လုပ်ပါ.. ဝိ ကနေ ဝို ဝိုးတွေ ဖြစ်အောင်လုပ်ပါ
ညီကို မှီပြီး သိရမယ့် လူတွေကလည်း အသင့်ရှိကြတယ်
12:24 AM me: မမြှောက်ပါနဲ့အစ်ကို ရာ..ကြိုးစားရဦးမှာ
၄၄: ဘယ်သူလဲဆိုတော့ ညီနဲ့ တွေ့ဆုံရတဲ့သူတွေပဲ
သံပုရာသီးကို ချဉ်တယ်မပြောလညး.. ချဉ်တာပါ ပဲ..
ချည်တယ်လို့ပဲ ပြောတော့မှာပေါ့
12:25 AM အခုလည်း ညီက တိုးတက်လာလို့ တိုးတက်လာတယ်လို့ ပြောရတာပါ
မပြောလည်း တိုးတက်မှုက အရှိသားပါ
သံပုရာသီးက ချည်ရာကနေ မပုပ်သွားအောင် သာ သတိထား
12:26 AM အခုလည်း တိုးတက်မှုကနေ မဆုတ်ယုတ်အောင် သတိရှိရမယ်
ပိုပြီး တော့ သဘော မြင်လား
12:27 AM me: မပုပ်သွားအောင် ..ကောင်းလိုက်တဲ့စကားလုံး အကို..ညီသတိထားပါ့မယ်
12:28 AM ၄၄: အေးအေး.. စကားလုံး တစ်လုံးက လူတို့ရဲ့ဘဝ ကို အများကြီး ပြောင်းလဲပေးနိုင်တယ်
သေချာ မှတ်ပြီး စဉ်းစားဆင်ခြင်ပြီးတော့ ဆောင်ယူပါ
12:29 AM သညာ အမှတ်နဲ့ တင် မတင်းတိမ်ပါနဲ့
ပညာ အမြင်နဲ့ ချဲ့ပြီး စဉ်းစား ဆင်ခြင်ပြီး ယူပါ
12:30 AM me: ညီကြိုးစားလျက်ပါအစ်ကို
၄၄: အေးညီလေး
ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်
12:31 AM ဒီထက်ပိုပြီး ကြိုးစားလို့ အောင်မြင်ရင် ပိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှာပါ
ညီရဲ့ ကြိုးစားမှုက အကို့အပေါ်မှာ ညီရဲ့ ကျေးဇူးဆပ်မှုပဲ
အကိုက ကျေးဇူးတွေ ရှိအောင် ပြောတာ မဟုတ်ဘူး..
12:32 AM ကျေးဇူးဆိုတာကတော့ ရှိသွားတာပဲ
ဓမ္မကျေးဇူးကို ဓမ္မနဲ့ပဲ ပြန်ဆပ်ရတယ်
12:33 AM ဓမ္မကျေးဇူးသည် အမြင့်မြတ်ဆုံး ဖြစ်တယ်.. ဓမ္မ မှ အပ ကျန်တဲ့ အရာနဲ့ ပေးဆပ်လို့ မရဘူး
me: ညီ သိပါတယ် အကို..အကျေဆပ်နိုင်အောင် ကြိုးစားပါ့မယ်
12:34 AM ၄၄: ဓမ္မာနု ဓမ္မ ပဋိပတ္တိ ဆိုတဲ့.. ဓမ္မဆိုတဲ့ မဂ်ဖိုလ် နိဗ္ဗာန်ရအောင် အနုဓမ္မ.. ခန္ဓာကို သတိထား၊ ဝီရိယစိုက်ပြီး ပညာနဲ့ ရှုပြီး ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးအောင် ပဋိပတ္တိ = ကိုယ်တိုင်အားထုတ်ခြင်းသည် ဓမ္မနဲ့ ကျေးဇူးဆပ်တာပဲ ညီလေး
12:35 AM ညီလေးလည်း တော်တော်သဘောပေါက်နေပြီလို့ အကိုခံစားရပါတယ်
12:36 AM သဘောပေါက်နေတာကို ထိန်းသိမ်းပြီး ကြိုးစားပါ
အကိုက ညီလေးကို ဒီကနေ ဒေါသ ဖြစ်အောင်လည်း ပြောတတ်တယ်..
ဒေါသ ဖြစ်စရာ ပြောလိုက်ရင် .. ညီလေး ဒေါသ ထွက်မှာပဲ..
me: ထိန်းသိမ်းပြီး ကြိုးစားပါ့မယ် ။သူငယ်ချင်းတွေကိုလည်း ပါအောင် ညီဆွဲခေါ်ပါ့မယ်အကို
12:37 AM ၄၄: ဒါဆိုရင်..သစ္စဉာဏ်ဖြစ်အောင်လည်း အကိုက ပြောတတ်ရင် ညီတို့သန္တာန်မှာ သစ္စဉာဏ်ဖြစ်မှာပဲ
12:38 AM ကိစ္စဉာဏ်ဖြစ်အောင်တော့ ဘေးက သတိပေးမှု အစတစ်ကြိမ် ပြောလို့ရမယ်
ကိစ္စဉာဏ်ကျတော့ ဘေးက ပြောတာ ကျေးဇူးမများတော့ဘူး
me: ရပါတယ်အကို ..ညီ့ကိုဆုံးမနေတယ်လို့ခ့ယူပါ့မယ်
12:39 AM ၄၄: ကိုယ်တိုင် စေ့ဆော်မှု၊ ကြံဆောင်မှု ပါရင်တော့ ကြံဆောင်မှု မီးခြစ်က သတိဆိုတဲ့ ဖယောင်းတိုင်ကို ထွန်းလိုက်ရင်.. ၎င်း သတိက ခန္ဓာမှာ ရှိတဲ့ ဖြစ်မှုပျက်မှု ကိစ္စ ကို သိမြင်တဲ့ အလင်းဖြစ်ပြီသာမှတ်
အေးအေး ညီလေး .. လုပ်လုပ်
12:43 AM me: ကျေးဇူးပဲအစ်ကို..အစ်ကိုလည်း ကျန်းမာရေးဂရုစိုက်ဦး..အစ်ကို့ကို မှီပြီး သိရမယ့် လူတွေကလည်း အသင့်စောင့်နေကြတယ်..
၄၄: အေး ညီလေး..
12:44 AM အကိုလည်း ကြိုးစားဆဲပါ.. ကြိုးစားနေပါတယ် ညီလေး
12:45 AM me: ညီ..အကြွင်းမရှိယုံပါတယ် အကို...လေးစားလျက်ပါ အကို
12:46 AM ၄၄: လေးစားပါတယ် ညီလေး
လေးစားရိုသေစွာ ရှိခိုးဦးချလျက်
ညီ
ဖိုးသား
15.01.2009, THU:, 03:54:58 AM

January 15, 2009 at 9:30 AM
အမေးအဖြေလေးက နှစ်ယောက်ထဲ ဆိုပေမယ့် လာဖတ်လိုက်၇တဲ့ သူတွေမှာ လည်း ဥာဏ်မျက်စိ ပွင့်သွားပါတယ်။။ အခုလို ချက်တင်ထဲက အမေးအဖြေလေးတွေ ပြန်လည်ဖော်ပြပြီး အသိတရား ဖြန့်ဝေ ပေးလို့ ကျေးဇူးပါ နော်..