8:38 AM me: ဘုန်းဘုန်းအားရင် နည်းနည်းလောက်သင်ပေးပါဦး
အရှင်နာယကာလင်္ကာရ: အေး
8:40 AM အကုသိုလ်စိတ် ဘယ်နှစ်ပါးလဲ
8:41 AM me: ၅၄ ပါး
အရှင်နာယကာလင်္ကာရ: ပျက်ပါဘီ
me: မှားသွားပြီ
၁၂ ပါး
အရှင်နာယကာလင်္ကာရ: ဟဟ
အဲလိုလုပ်ပါ
me: တင်ပါ့
အရှင်နာယကာလင်္ကာရ: ဘယ်နှစ်ပါး ပီးသွားလဲ
8:42 AM me: ၈ ပါး
အရှင်နာယကာလင်္ကာရ: လောဘမူစိတ် ၈ပါး ပီးပီ
me: တင်ပါ့
အရှင်နာယကာလင်္ကာရ: ဒေါသမူစိတ် ၂ပါးသွားမယ်
me: တင်ပါ့
အရှင်နာယကာလင်္ကာရ: (၁)ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု
8:43 AM me: တင်ပါ့
အရှင်နာယကာလင်္ကာရ: (၂)ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် တစ်ခု
ပေါင်းတော့
၂-ခု ပေါ့
me: တင်ပါ့
ပဋိဃသမ္ပယုတ် ကိုမသိဘူး ဘုန်းဘုန်း
အရှင်နာယကာလင်္ကာရ: ဒေါမနဿသဟဂုတ်- ဒေါမနဿဝေနာနှင့်တကွဖြစ်သော
8:44 AM me: တင်ပါ့
အရှင်နာယကာလင်္ကာရ: ပဋိဃသမ္ပယုတ် -အမျက်ဒေါသနှင့်ယှဉ်သော
8:45 AM me: အသင်္ခါရိက- မည်သူမျှမတိုက်တွန်းသော
အရှင်နာယကာလင်္ကာရ: ဒါပေါ့
me: သသင်္ခါရိက - တပါးသူ၏ တိုက်တွန်းမှုပါသော
အရှင်နာယကာလင်္ကာရ: ဟုတ်ပ
me: ရပြီ ဘုန်းဘုန်း
8:46 AM အရှင်နာယကာလင်္ကာရ: မောဟမူ ၂ပါး ကိုပြောမယ်
me: တင်ပါ့
အရှင်နာယကာလင်္ကာရ: (၁) ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စစိတ် တစ်ခု
8:47 AM (၂) ဥပေက္ခာသဟဂုတ် ၀ိစိကိစ္ဆာစိတ်တစ်ခု
ဥပြစ်ခါလို့ အသံမထွက်နဲ့ ဥပစ်ခါလို့ အသံထွက်ရတယ် ဖိုးသားရ
me: တင်ပါ့၊ ဥဒ္ဓစ္စက စိတ်ပျံ့လွင့်တာ
အရှင်နာယကာလင်္ကာရ: သေချာပ
me: ၀ိစိကိစ္ဆာက ယုံမှားသံသယ
ဒါတော့ သိတယ်
အရှင်နာယကာလင်္ကာရ: ဟုတ်ပ
8:48 AM me: ဒါဆို ဘာဆက်ဦးမလဲ ဘုန်းဘုန်း
အရှင်နာယကာလင်္ကာရ: ဖြစ်ပုံလေးတွေပြောပြမယ်
ဥပေက္ခာက ဒီနေရာမှာ ဗြဟ္မစိုရ် တရားလေးပါးထဲက ဥပေက္ခာနဲ့ မတူဘူး၊ ဗြဟ္မစိုရ်တရားမှာ ကျတော့ ဥပေက္ခာရဲ့ သဘောက ကိုယ့်ကို ချစ်လို့လည်း ၀မ်းမသာဘူး၊ ကိုယ့်ကို မချစ်လို့လည်း ၀မ်းမနည်းဘူး.. နောက် ရာထူးတက်လို့လည်း ၀မ်းမသာဘူး၊ ရာထူးကျလို့လည်း ၀မ်းမနည်းဘူး.. ဒီသဘော..၊ အခု ဒီအထဲက ဥပေက္ခာကျတော့ မလေးနက်တဲ့ သဘောကို ပြောတာ.. ထမင်းစားနေရင်း ထမင်းစားတာကို အာရုံမရောက်ဘဲ စိတ်က ဟိုစဉ်းစား ဒီစဉ်းစား.. တောင်တွေးလိုက် မြောက်တွေးလိုက် .. ဒီသဘော နားလည်ရဲ့လား
me: တင်ပါ့
________________________________________ 14 minutes
9:03 AM အရှင်နာယကာလင်္ကာရ: အဟိတ် အကုသလ ၀ိပါက်စိတ် -၇ပါး ကိုပြောပြမယ်
(၁) ဥပေက္ခာ သဟဂုတ် အဟိတ်အကုသလ ၀ိပါက် စက္ခုဝိဉာဏ်စိတ် တစ်ပါး
(၂) ဥပေက္ခာ သဟဂုတ် အဟိတ်အကုသလ ၀ိပါက် သောတ၀ိဉာဏ်စိတ် တစ်ပါး
(၃) ဥပေက္ခာ သဟဂုတ် အဟိတ်အကုသလ ၀ိပါက် ဃာန၀ိဉာဏ်စိတ် တစ်ပါး
(၄) ဥပေက္ခာ သဟဂုတ် အဟိတ်အကုသလ ၀ိပါက် ဇိဝှာဝိဉာဏ်စိတ် တစ်ပါး
(၅) ဒုက္ခသဟဂုတ် အဟိတ်အကုသလ ၀ိပါက် ကာယ၀ိဉာဏ်စိတ် တစ်ပါး
(၆) ဥပေက္ခာ သဟဂုတ် အဟိတ်အကုသလ ၀ိပါက် သမ္ပဋိ စ္ဆိုန်း စိတ်တစ်ပါး
(သမ်ပတိတ်ဆိုင်း လို့ အသံထွက်)
(၇) ဥပေက္ခာ သဟဂုတ် အဟိတ်အကုသလ ၀ိပါက် သန္တီရဏစိတ် တစ်ပါး
နံပါတ်ငါး တစ်ခုပဲ ကာယ၀ိဉာဏ်စိတ်ဆိုတော့ ဒုက္ခသဟ ဂုတ်ဖြစ်သွားတယ်.. အဲဒါလေး မှတ်ထား..
me: တင်ပါ့
9:04 AM အရှင်နာယကာလင်္ကာရါ် အဟိတ် ကုသလ ၀ိပါက်စိတ်- ၈ပါး
(၁) ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလ ၀ိပါက် စက္ခုဝိဉာဏ်စိတ် တစ်ပါး
(၂) ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလ ၀ိပါက် သောတ၀ိဉာဏ်စိတ် တစ်ပါး
(၃) ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလ ၀ိပါက် ဃာန၀ိဉာဏ်စိတ် တစ်ပါး
(၄) ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလ ၀ိပါက် ဇိဝှာဝိဉာဏ်စိတ် တစ်ပါး
(၅) သုခသဟဂုတ် အဟိတ်ကုသလ ၀ိပါက် ကာယ၀ိဉာဏ်စိတ် တစ်ပါး
(၆) ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလ ၀ိပါက် သမ္ပဋိ စ္ဆိုန်း စိတ်တစ်ပါး
(သမ်ပတိတ်ဆိုင်း လို့ အသံထွက်)
(၇) ဥပေက္ခာ သဟဂုတ် အဟိတ်ကုသလ ၀ိပါက် သန္တီရဏစိတ် တစ်ပါး
(၈) သုခသဟဂုတ် အဟိတ်ကုသလ ၀ိပါက် သန္တီရဏစိတ် တစ်ပါး
အကုသိုလ်စိတ်ဆိုရင် နံပါတ်ငါး နေရာမှာ ဒုက္ခသဟဂုတ်၊ အခုက ကုသိုလ်စိတ်ဆိုတော့ သုခ သဟဂုတ် ဖြစ်ရော.. ဒီလိုလေး မှတ်ထား ဟုတ်ပလား ဖိုးသား
9:10 AM me: တင်ပါ့ ဘုန်းဘုန်း
အရှင်နာယကာလင်္ကာရ: အဟိတ် ကြိယာစိတ် -၃ပါး ကိုဆက်ပြောမယ်
ဒီနေရာမှာ ကြိယာက ပြုကာမတ္တ၊ ပြုရုံမျှလေး ဒီသဘောကို ဆိုလိုတာ..
(၁) ပဉ္စဒွါရ ၀ဇ္ဇန်းစိတ် တစ်ပါး
(၂) မနောဒွါရ ၀ဇ္ဇန်းစိတ် တစ်ပါး
(၃) ဟသိတုပ္ပါဒ်စိတ် တစ်ပါး
9:16 AM မြန်မာလို ပြောရရင်..
(၁) ဒွါရငါးပါးကို ဆင်ခြင်သောစိတ်၊ (ဒွါရငါးပါးဆိုတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာ.. ဒါကိုပြောတာ)
(၂) မနောဒွါရကိုဆင်ခြင်သောစိတ်
(၃) ပြုံးရယ်သောစိတ် (ဘုရားနှင့် ရဟန္တာများပြုံးသောအခါ ဖြစ်သောစိတ်ဟူလို)
me: တင်ပါ့ ဘုန်းဘုန်း မှတ်ထားလိုက်ပြီ။
အရှင်နာယကလင်္ကာရ: အေးအေး၊ ဒီနေ့တော့ ဒီလောက်မှတ်ထားဖိုးသား၊ ကျန်တာ နောက်နေ့မှ ဆက်ကြတာပေါ့။
လေးစားရိုသေစွာဖြင့်
ဖိုးသား
16.01.2009, FRI:, 05:54:55 AM
Latest News
0 comments