Latest News

*Chatting အဘိဓမ္မာသင်ခန်းစာ (၄)*

5:43 AM me: ဘုန်းဘုန်း မင်္ဂလာပါ

အရှင်နာယကာလင်္ကာရ: aye
5:44 AM မင်္ဂလာဗျာ ဖိုးသား

me: ခုမှ မနေ့က ဘုန်းဘုန်းနဲ့ ချက်ထားတာလေး တင်မလို့ လုပ်နေတာ
(၁) ပဉ္စဒွါရ ၀ဇ္ဇန်းစိတ် တစ်ပါး
(၂) မနောဒွါရ ၀ဇ္ဇန်းစိတ် တစ်ပါး
(၃) ဟသိတုပ္ပါဒ်စိတ် တစ်ပါး
အဲဒါ အဓိပ္ပါယ်လေး ပြောပြပါဦး

အရှင်နာယကာလင်္ကာရ: (၁) ဒွါရငါးပါးကို ဆင်ခြင်သောစိတ်
5:45 AM (၂) မနောဒွါရကိုဆင်ခြင်သောစိတ်
(၃) ပြုံးရယ်သောစိတ် (ဘုရားနှင့် ရဟန္တာများပြုံးသောအခါ ဖြစ်သောစိတ်ဟူလို)

me: ဒွါရငါးပါးက မျက်စိ နား နှာ လျှာ ကိုယ် ပေါ့နော် ဘုန်းဘုန်း

5:46 AM အရှင်နာယကာလင်္ကာရ: အေး

me: တင်ပါ့

________________________________________ 11 minutes
5:57 AM me: စက္ခုဝိဉာဏ်စိတ်
မှန်လား ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အေး

________________________________________ 28 minutes
6:26 AM me: ဘုန်းဘုန်း *ဆုတောင်းမှားလေသလား* ဆိုတဲ့ ပို့စ်လေး တင်ထားတယ်.. ဘုန်းဘုန်းနဲ့ ချက်ထားတာလည်း တင်လိုက်ပြီ

အရှင်နာယကာလင်္ကာရ: အေး
အားပေးမယ်
စာစစ်ဦး ဘုန်းဘုန်းဘလော့ မှာရေးထားတာကို
စာလုံးပေါင်း လေးတွေ

6:27 AM me: တင်ပါ့
ခဏ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အေးဆေးမှလုပ်

6:28 AM me: ခုစစ်ပေးပါ့မယ်ဖိုးသား

6:30 AM ဘုန်းဘုန်း အားလား
6:31 AM ၇ ကြောင်းမြောက်မှာ တူသောမူသော ဖြစ်နေတယ်
တူတော်မူသော ဖြစ်ရမှာ

အရှင်နာယကာလင်္ကာရ: နေဦး
စောင့်
ခဏလေး

me: တင်ပါ့

6:32 AM အရှင်နာယကာလင်္ကာရ: ဖုန်းပြောနေလို့

________________________________________ 11 minutes
6:43 AM အရှင်နာယကာလင်္ကာရ: ဖိုးသား
ပြောတော့ ဘာတွေ မှားသေးလဲ

6:44 AM me: ခုမှ ဆက်ဖတ်ရမှာ ဘုန်းဘုန်း ဘလော့ကို

________________________________________ 6 minutes
6:50 AM အရှင်နာယကာလင်္ကာရ: ဖိုးသားရေ ဖုန်းလာလို့
ပြောလိုက်ဦးမယ်

6:51 AM me: တင်ပါ့

________________________________________ 8 minutes
6:59 AM အရှင်နာယကာလင်္ကာရ: ရှိသေးလား
ပြင်ဖို့

me: မရှိတော့ဘူး ဘုန်းဘုန်း

7:00 AM အရှင်နာယကာလင်္ကာရ: သာဓု ၃

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အဘိဓမ္မာ သင်တော့မလား
ဒီနေ့အတွက်

me: တင်ပါ့ ခဏလေးဘုန်းဘုန်း
ခဏလေးပဲ

အရှင်နာယကာလင်္ကာရ: အေးအေး
7:02 AM ကာမာဝစရသောဘနစိတ် (၂၄)ပါး

(၁) မဟာကုသိုလ်စိတ် (၈)ပါး
(၂) မဟာဝိပါက်စိတ် (၈) ပါး
(၃) မဟာကြိယာစိတ် (၈)ပါး စုစုပေါင်း (၂၄)ပါး

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ကာမဘုံမှာ ကျက်စားသော တင့်တယ်သော စိတ်ပေါ့ ကာမာဝစရသောဘန ဆိုတာ

မဟာကုသိုလ်စိတ် (၈)ပါး

(၁) သောမနဿ သဟဂုတ်၊ ဥာဏသမ္ပယုတ်၊ အသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၂) သောမနဿ သဟဂုတ်၊ ဥာဏသမ္ပယုတ်၊ သသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၃) သောမနဿ သဟဂုတ်၊ ဥာဏ၀ိပ္ပယုတ်၊ အသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၄) သောမနဿ သဟဂုတ်၊ ဥာဏ၀ိပ္ပယုတ်၊ သသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၅) ဥပေက္ခာ သဟဂုတ်၊ ဥာဏသမ္ပယုတ်၊ အသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၆) ဥပေက္ခာ သဟဂုတ်၊ ဥာဏသမ္ပယုတ်၊ သသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၇) ဥပေက္ခာ သဟဂုတ်၊ ဥာဏ၀ိပ္ပယုတ်၊ အသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး
(၈) ဥပေက္ခာ သဟဂုတ်၊ ဥာဏ၀ိပ္ပယုတ်၊ သသင်္ခါရိက မဟာကုသိုလ်စိတ် တစ်ပါး

နောက်ကျန်တဲ့ မဟာဝိပါက်စိတ် (၈) ပါးနဲ့၊ မဟာကြိယာစိတ် (၈) ပါးလည်း ဒီလိုပဲ.. နောက်က မဟာကုသိုလ်စိတ်နေရာမှာ မဟာဝိပါက်စိတ်၊ မဟာကြိယာ စိတ်ဆိုပြီး ပြောင်းထည့်လိုက်ရုံပဲ..
နားလည်ရဲ့လား..

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: အဓိပ္ပါယ်က ဘယ်လိုလဲဆိုတော့…

မဟာကုသိုလ်စိတ် (၈)ပါး

(၁) သောမနဿ သဟဂုတ် - ပျော်ရွှင်မှုဝေဒနာနှင့် တကွဖြစ်သော၊ ဥာဏသမ္ပယုတ် - ဉာဏ်နှင့်ယှဉ်သော၊ အသင်္ခါရိက - မည်သူမျှ မတိုက်တွန်းသော မဟာကုသိုလ်စိတ် တစ်ပါး

(၂) သောမနဿ သဟဂုတ် - ပျော်ရွှင်မှုဝေဒနာနှင့် တကွဖြစ်သော်၊ ဥာဏသမ္ပယုတ် - ဉာဏ်နှင့်ယှဉ်သော၊ သသင်္ခါရိက - တစ်ပါးသူ၏ တိုက်တွန်းမှုပါသော မဟာကုသိုလ်စိတ် တစ်ပါး

(၃) သောမနဿ သဟဂုတ် - ပျော်ရွှင်မှုဝေဒနာနှင့် တကွဖြစ်သော၊ ဥာဏ၀ိပ္ပယုတ - ဉာဏ်နှင့် မယှဉ်သော၊ အသင်္ခါရိက - မည်သူမျှ မတိုက်တွန်းသော မဟာကုသိုလ်စိတ် တစ်ပါး

(၄) သောမနဿ သဟဂုတ် - ပျော်ရွှင်မှုဝေဒနာနှင့် တကွဖြစ်သော၊ ဥာဏ၀ိပ္ပယုတ - ဉာဏ်နှင့် မယှဉ်သော၊ သသင်္ခါရိက - တစ်ပါးသူ၏ တိုက်တွန်းမှုပါသော မဟာကုသိုလ်စိတ် တစ်ပါး


(၅) ဥပေက္ခာ သဟဂုတ် - ဥပေက္ခာနှင့် တကွဖြစ်သော၊ ဥာဏသမ္ပယုတ် - ဉာဏ်နှင့်ယှဉ်သော၊ အသင်္ခါရိက - မည်သူမျှ မတိုက်တွန်းသော မဟာကုသိုလ်စိတ် တစ်ပါး

(၆) ဥပေက္ခာ သဟဂုတ် - ဥပေက္ခာနှင့် တကွဖြစ်သော၊ ဥာဏသမ္ပယုတ် - ဉာဏ်နှင့်ယှဉ်သော၊ သသင်္ခါရိက - တစ်ပါးသူ၏ တိုက်တွန်းမှုပါသော မဟာကုသိုလ်စိတ် တစ်ပါး

(၇) ဥပေက္ခာ သဟဂုတ် - ဥပေက္ခာနှင့် တကွဖြစ်သော၊ ဥာဏ၀ိပ္ပယုတ် - ဉာဏ်နှင့် မယှဉ်သော၊ အသင်္ခါရိက - မည်သူမျှ မတိုက်တွန်းသော မဟာကုသိုလ်စိတ် တစ်ပါး

(၈) ဥပေက္ခာ သဟဂုတ် - ဥပေက္ခာနှင့် တကွဖြစ်သော၊ ဥာဏ၀ိပ္ပယုတ် - ဉာဏ်နှင့် မယှဉ်သော၊ သသင်္ခါရိက - တစ်ပါးသူ၏ တိုက်တွန်းမှုပါသော မဟာကုသိုလ်စိတ် တစ်ပါး

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: မဟာဝိပါက်စိတ် (၈) ပါးနဲ့၊ မဟာကြိယာစိတ် (၈) ပါးလည်း ဒီလိုပဲ.. ကုသိုလ်နေရာမှာ ၀ိပါက်နဲ့ ကြိယာကို အစားထိုးလိုက်ရုံပဲ.. ရမလား ဖိုးသား

me: တင်ပါ့ ရပါတယ် ဘုန်းဘုန်း။

အရှင်နာယကာလင်္ကာရ: အေး ကုသိုလ်စိတ်တော့ သိတယ်မှတ်လား

me: တင်ပါ့ သိပါတယ်

အရှင်နာယကာလင်္ကာရ: ၀ိပါက်စိတ်ကိုတော့ ခဏထားခဲ့… ကုသိုလ်ရဲ့ အကျိုးလို့ပဲ ခဏမှတ်ထား

me: တင်ပါ့

အရှင်နာယကာလင်္ကာရ: ကြိယာစိတ် ဆိုတာက.. ဘုရား ရဟန္တာ တို့ရဲ့ သန္တာန်မှာမှ ဖြစ်တာ

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: ဥပမာ ရဟန္တာ ကိုယ်တော်မြတ်တစ်ပါးက ဘုရားဆွမ်းတော် ကပ်တယ်ဆိုပါစို့.. အဲလို ဆွမ်းတော်ကပ်လို့ ဒီရဟန္တာရဲ့ သန္တာန်မှာ ကုသိုလ်စိတ် မဖြစ်တော့ဘူး၊ ကြိယာ စိတ်ပဲ ဖြစ်တယ်.. ကြိယာစိတ် ဆိုတာကတော့ ဖြစ်တယ်ဆိုရုံလေး ဖြစ်ကာမတ္တ သဘောလေး.. အဲလိုမှတ်ထား ဖိုးသား

me: တင်ပါ့ မှတ်လိုက်ပြီ

အရှင်နာယကာလင်္ကာရ: အေးအေး ဒီတစ်ချိန်တော့ ဒီလောက်ပဲ

me: တင်ပါ့ ဘုန်းဘုန်း

အရှင်နာယကာလင်္ကာရ: အဘိဓမ္မာကို စိတ်သန္တာန်မှာ ကိန်းပြီး ထပ်တူညီမျှ ပြည့်စုံနိုင်ပါစေ ဖိုးသား

me: ဖိုးသားလည်း ကြိုးစားပါ့မယ် ဘုန်းဘုန်း၊ ဘုန်းဘုန်းကို ဦးချလိုက်ပါတယ်နော် ဘုန်းဘုန်းလည်း ကျန်းမာပါစေ။

အရှင်နာယကာလင်္ကာရ: အေးအေး သာဓု သာဓု သာဓု

လေးစားရိုသေစွာဖြင့်
ဖိုးသား
16.01.2009, FRI:, 08:27:30 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

0 comments

Leave a Reply