10:53 AM M: မင်္ဂလာပါ..ကိုပြည့်စုံအောင်
နေကောင်းလားဗျ
me: ဟုတ်အစ်ကို
10:54 AM ကောင်းပါတယ်အစ်ကို
ခဏလေးနော်
M: ကျေးဇူးပါဗျာ
ရတယ်အေးဆေး
10:55 AM စကားမစပ်...အခြား ဘယ် site မှာ.. template ကောင်းကောင်း ရှိနိုင်မလဲဗျ
me: ဟင်းအိုးသွားချတာအစ်ကို
M: အော်
me: တန်းပလိပ်လား
10:56 AM M: ဟုတ်ကဲ့
ထမင်းစားပီးပီလားဗျ
me: မနက်စာ မစားရသေးဘူးအစ်ကို
ခုမှ ၁၁ ပဲရှိသေးတယ်ဒီမှာ
10:57 AM ခဏအစ်ကို.. ညီတန်းပလိပ်ရှာပေးမယ်
10:58 AM M: အော်...၁၁ နာရီပဲကိုး
ကျေးဇူးပါ
ကိုယ်တိုင်ထမင်းချက်နေရတယ်ပေါ့
me: ဟုတ်
M: လုပ်စရာရှိတာလုပ်။ အေးဆေးလုပ်ပါ
me: ဒီမှာက ကိုယ့်ဟာကိုယ်ချက်မှစားရမှာလေ
10:59 AM ရပါတယ်အစ်ကို
11:00 AM M: ဒါနဲ့..လင့်ခ်ထားပေး ထားတာကော..၊အမှတ်တရ c box မှာဝင်လရေးပေး တာကော အဲဒီအတွက်ပါကျေးဇူးပါ
me: အာ ရပါတယ်
မလိုပါဘူး အစ်ကိုကလည်း
11:01 AM http://www.mmgenius.com/
အဲဒီမှာလုပ်ရင် သူက တန်းပလိပ်ချိန်းတယ်ပြောတယ်
ညီတော့မလုပ်ဖူးဘူး
M:အလုပ်ပြေးလွှားသွားနေရလို့ ဘာမှမရေးနိုင်သလို၊ ကိုပြည့်စုံအတွက်လည်း ဘာမှမရေးနိုင်ဘူး ဖြစ်နေတာကိုလည်းခွင့်လွှတ်ပါ။ ညတိုင်းတော့... အကိုပြည့်စုံ site ကနေ တရားတွေဖတ်ဖြစ်နေပါတယ်
11:02 AM me: နားလည်ပါတယ် အစ်ကို
ရပါတယ်
M: ရှာပေးတာကျေးဇူးပါ
me: အဲဒါက အရင်ဘလော့ ပျောက်တယ်ပြောတယ်..
11:03 AM စာကိုသေချာဖတ်သင့်တယ်တဲ့
M: ဟုတ်သတိထားပါ့မယ်
me: နောက်တစ်ခုရှာပေးမယ်
11:05 AM http://webs.com/
M: ဟုတ်ကဲ့
me: ဒီမှာ ရှာတာ ပိုအဆင်ပြေမယ်အစ်ကို
11:06 AM နဂိုဟာ မပျောက်ဘူး ..
အသစ်တော့ဖြစ်သွားမယ်
ပြန်တင်ရမှာပေါ့ စာတွေတော့
11:11 AM M: ကျေးဇူးပါကိုပြည့်စုံ....ထမင်းစားပါအုံး
me: မကျက်သေးဘူးအစ်ကိုရ အဟီး
ဆာလည်း မဆာသေးပါဘူး
11:12 AM M: ဟာ...ဟုတ်ပီ လာဗျာ
ကျွေးပါ့မယ်
me: ညီလို့ပဲခေါ်ပါလား အစ်ကို
ကိုယ့်ထက် အကြီးက အစ်ကိုလို့ခေါ်တော့
မနေတတ်ဘူး
တောင်းဆိုတာပါ
M: ကောင်းပါပီ....ညီ
me: ဟုတ်
ကျေးဇူးပါ
M: ကြိုးစားပြောင်းခေါ်ပါ့မယ်
11:13 AM ကျေးဇူးတင်ရမှာက..ကျွန်တော်ပါဗျာ
11:14 AM me: သဟဇာတပစ္စယောအနေနဲ့ ကျေးဇူးပြုတယ် လို့တော့ပြောတာပဲ.. တစ်ဦးနဲ့တစ်ဦး.. ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါတဲ့..
M: ဟုတ်ကဲ့..မှတ်ထားပါတယ်
11:15 AM me: ညီ့ကိုလည်း ကိုဝင်းမြင့်ပြောပြတာပါ
11:18 AM M: ဟုတ်ကဲ့... ပညာအသိ၊ ဉာဏ်ရည်အသိ ဓမ္မအသိနဲ့ ဆင်ခြင်နေသူများမို့.. ညီ(ပြည့်စုံ)နဲ့ ဆရာသခင်များကို အကိုတို့က... လေးစား ပါတယ်။ ဂါရဝလည်းပြုပါတယ်...
11:19 AM me: အစ်ကိုရာ အစ်ကိုထင်သလိုမဟုတ်သေးပါဘူး
M: ပညာရှိသူ..ဘယ့်နှယ့်မူ လို့
11:20 AM ကျွန်တော့်ဖေဖေက ငယ်ငယ်က..မေးဖူးပါတယ်
me: ဟုတ်
11:22 AM M: တီးမှမြည်ဟီး...စည်တော်ကြီး နှယ်လို့လည်းပြောဖူးပါတယ်
me: ဟုတ်ကဲ့ မှတ်ထားပါ့မယ် ညီ
ကျင့်လည်းကျင့်သုံးပါ့မယ်
အဲလိုဖြစ်နိုင်အောင်
11:24 AM M: ဒါကြောင့်.. ကျွန်တော်တို့က.. လူတွေကို အကဲခတ်အမှတ်ထားရာမှာ..သူရဲ့ဟန်နဲ့ သူရဲ့အကျင့်ကို တိုင်းတာပီး..ယေဘုယျ ဆုံးဖြတ်တာပါ
me: ဟုတ်ကဲ့ပါ
11:25 AM M: သူတော်ကောင်းအကျင့် ကြံသူများဟာ..ဒီလိုရှိတယ်လို့ အကြမ်းဖျင်းသိရပါတယ်...
me: ဟုတ်
11:26 AM M: တောင်တန်းသနာပြုဆရာတော်ကြီးရဲ့..ပရိတ်ခွေမှာ
ရဟန္တာမမြင်ဘူးတဲ့ကပ္ပိယကြီးက..
11:27 AM me: ဟုတ်
11:28 AM M: ရဟန္တာ ဖြစ်နေတဲ့ မထေရ်ကြီး သပိတ်စွဲကိုင်ရင်း...မြင်ဖူးချင်ကြောင်းလျှောက်တော့
me: ဟုတ်ကဲ့
M: ရဟန္တာမထေရ်ကြီးက.... ရဟန္တာက ငါရဟန္တာဟဲ့လို့မှ မပြောဘဲ ဒကာကြီးရဲ့
11:30 AM တချို့များ ရဟန္တာမထေရ်ကြီးရဲ့ သပိတ်စွဲကိုင် နေတာတောင် မသိကြဘူး.. လို့မိန့်တော်မူခဲ့ပါတယ်
me: ဟုတ်ကဲ့
11:31AM M: ဒကာကြီးကလည်း... အရိုးခံ.. ကွင်းကွင်းကွက်ကွက် ရှင်းအောင်နားမလည်တော့ မသိဘူး
11:32 AM ပညာရှိ ရဟန်းမထေရ်..များ၊ သူတော်ကောင်းများ ကျတော့လည်း.. “ငါ ပဲကွ..အေးဖေ” ဆိုတာမျိုးမလုပ်ကြဘူး
me: အော်မြှောာက်နေတာကိုး အစ်ကိုက
မသိမသာနဲ့
ကြိုးစားပါ့မယ် အစ်ကို
11:33 AM M: ဒါကြောင့်... ညီပြည့်စုံအောင်ဟာ အနာဂတ်မှာ..
အားကျ လောက်စံပြုလောက်တဲ့ သူတစ်ယောက်ဖြစ်ရမယ်လို့ယုံကြည်ပါတယ်
လေးစားပါတယ်
11:34 AM me: ညီရဲ့ အစ်ကိုတစ်ယောက်ဖြစ်တဲ့ (အွန်လိုင်းကသိတာပါ) ကိုဥပါသကာလည်း အစ်ကို့လိုပဲ.. ကိုယ့်ကိုယ်ကို တအားနှိမ့်ချတတ်တာ.. သူတော်ကောင်းဓါတ်တွေပေါ့လေ
11:39 AM M: ကျွန်တော်က.. သူတော်ကောင်းများကို ရိုသေလေးစားသူပါ။ သူတော်ကောင်းစိတ်ဓါတ်မျိုး မွေးမြူနိုင်အောင်လည်း ကြိုးစားချင်သူပါ။ ဒါပေမယ့်.. သံသရာဝဲဂယက် ခပ်စုတ်စုတ်မှာ ပေါ်ချည်မြုပ်ချည် ဖြစ်နေသူမို့... အနှစ်ချုပ်သော်... သူယုတ်မာစရိုက်ဆိုး နည်းသထက်နည်းအောင် ဖျက်ချိုးနေသူ အဆင့်သာပါဗျာ။
ဘာပြောပြော..ရတဲ့အချိန်လေးမှာ..မျှဝေဓမ္မနဲ့
11:40 AM me: အစ်ကိုရာ.. ဒီလိုကနေပဲ တစ်ဆင့်ချင်းတက်ကြရတာပဲလေ
M: ချိုးနှိမ်ပေးတဲ့အတွက်
me: ညီတို့လည်း ဒီအဆင့်ပါပဲ
M: ညီရင်းလို...ကျေးဇူးပါ
me: ဟုတ်ကဲ့ပါ
11:41 AM M: ကဲ..ညီနောင်ဖွားရေ...
ထမင်းလည်းစားအုံး
me: ဟုတ် စားပါ့မယ်အစ်ကို
M: ကျန်းမာမှ...အကျင့်ထူးတွေ လုပ်နိုင်မှာဗျ
11:42 AM အကိုလည်းပြေးလိုက်အုံးမယ်..
သံသရာက ရှည်သကိုး
ခွင့်ပြုပါအုံး
me: ဟုတ်ကဲ့အစ်ကို
11:43 AM သုခီဟောတု ဒုက္ခောမုစ္စတု = သုခတွေရောက် ဒုက္ခကင်းပျောက်ပါစေ အစ်ကို
လေးစားပါတယ်
M: ကောင်းသောညနေခင်းလေးပါ။ ညီ့ဘက်ကတော့ နေ့ခင်းလေးဖြစ်မှာပေါ့လေ။
me: ကောင်းမြတ်တဲ့ညနေခင်းပါပဲ အစ်ကို
11:45 AM M: အရာခပ်သိမ်းလေးဘဝမျိုး... ညီပြည့်စုံပါစေ။ လောကကို ဓမ္မနဲ့အလှဆင် နတ်လူသာဓုခေါ်ပါစေ............
11:46 AM ဘိုင်...။
>>> အားလုံးသော ဓမ္မမိတ်ဆွေများ ဖတ်တဲ့အတိုင်းလည်းသိ၊ သိတဲ့အတိုင်းလည်းကျင့်၊ ကျင့်တဲ့အတိုင်းလည်း ရနိုင်ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
19.01.2009, MON:, 05:06:31 AM

0 comments