Latest News

*ငါ၏မှာတမ်း*

အရှင်ဝိဇ္ဇောတ (ဓမ္မဒူတ)

လူတို့ဖြစ်လာ၊ ဤမြေကမ္ဘာဝယ်
‘၀ိဇ္ဇာ’ သိပ္ပ၊ ဤနှစ်ဝကို
ဘ၀ဆက်ရေး၊ စားသောက်ရေးနဲ့
နေရေးစသည်၊ အလီလီတွက်
သင်သည်သင်မှု၊ ကောင်းစွာပြုလော့။

ဤသို့သင်လေ၊ သင်နေပေငြား
သင်ပြီးငြားက၊ ရှာထားပစ္စည်း
ငွေလက်သီးအောင်၊
ကျင့်ဆောင်ပါလေ၊ ကျင့်နိုင်စေ။

ထိုသို့များစွာ၊ ရှာဖွေရာလည်း
ဉာဏ်မှာထင်မှတ်၊ ငါသင်အပ်သော်
မကပ်လော ‘ဇော’ ၊ ဒေါသဇောနှင့်
စိတ်ရောကိုယ်ပါ၊ မောဟခွါလျက်
ရှာဖွေတတ်စေ၊ သိမှတ်လေ။

ထိုသို့များများ၊ ရှာဖွေငြားမှ
များများကောင်းကျိုး၊ လောကကျိုးနှင့်
များကျိုးအတွက်၊ သင်ရွက်နိုင်မည်
ထမ်းနိုင်မည်ပ၊ လိုသည်ကတော့
များလှပစ္စည်း၊ ရှာဖွေပြီးက
မငြီးမကွန့်၊ သင်မတွန့်ဘဲ
များစွာစွန့်ချေ၊ ထပ်သိစေ။

ထိုမှ ‘တ’ ဆင့်၊ ထပ်လောင်းဆင့်သော်
ရှိသင့်ရှိအပ်၊ သင့်ဘ၀င်ထက်ဝယ်
မပျက်သီလ၊ ကျင့်ဌာနကို
သင်ကကျင့်စေ၊ စွမ်းနိုင်စေ။

ဤသို့သီးသီး၊ သင်စွမ်းပြီးက
ပျက်စီးခန္ဓာ၊ စဉ်အလာကို
ကောင်းစွာနှလုံး၊ သင်မွေ့ထုံးလျက်
မပျက်သုဉ်းခင်၊ အဆုံးဖြစ်ပျက်
မြင်တွေ့အပ်အောင်
သင်ထပ်ကျင့်လေ၊ ကျင့်နိုင်စေ။ ။


>>> ဒီကဗျာလေးကတော့ ဖိုးသားကို သွန်သင်ဆုံးမပေးနေတဲ့ ဦးဇင်းဝိဇ္ဇောတရဲ့ ဘွဲ့တော်လေးကို ပူဇော်သမှုနဲ့ ရေးစပ်လိုက်ခြင်းပါ။

>>> အားလုံးသော ဓမ္မမိတ်ဆွေများ ဖတ်တဲ့အတိုင်းလည်းသိ၊ သိတဲ့အတိုင်းလည်းကျင့်၊ ကျင့်တဲ့အတိုင်းလည်း ရနိုင်ကြပါစေ။

လေးစားရိုသေစွာဖြင့်
ဖိုးသား

18.01.2009, SUN:, 04:57:09 AM
Tags:

About author

Curabitur at est vel odio aliquam fermentum in vel tortor. Aliquam eget laoreet metus. Quisque auctor dolor fermentum nisi imperdiet vel placerat purus convallis.

1 comments

  1. ပျက်စီးခန္ဓာ၊ စဉ်အလာကို သိမြင်ဖို့ ကျင့်ကြံနိုင်ဖို့ မျှော်မှန်းမိပါတယ်.. လောကီ လောကုတ် ၂မျိုးစလုံးအတွက် လမ်းညွှန်မှု ပြုထားတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ.. သာဓု ခေါ်ပါတယ်..

Leave a Reply