ငါဟာ…လေနှင်ရာလူးလွင့်
ပျံသန်းချင်ရာပျံသန်း
ပျော်ပါးချင်ရာပျော်ပါး
အတောင်ညောင်းချိန်မှ
ခဏတာလာခိုနားမယ့်
ချစ်ငှက်ငယ်အတွက်
သစ်ပင်အိုမှ မဟုတ်ဘဲလေ…။
ငါဟာ…
လေပြေနဲ့အတူ
ကျီစယ်ဆော့ကစားခံ
လေပွေကျတော့
ကြွေကျမြေခ
မင်းစေရာသွားမယ့်
ရော်ရွက်ဝါမှ မဟုတ်ဘဲလေ..။
ငါဟာ…
မင်းလိုသလိုသုံး
မင်းထားသလိုနေ
မင်းရွှေ့ချင်သလိုရွှေ့
မင်းမလိုတော့ထိုးကျွေးခံရမယ့်
မင်းကစားနေကျ
နယ်ရုပ်လေးတစ်ရုပ်မှ မဟုတ်ဘဲလေ..။
ငါဟာ…
တကယ်တော့
လမ်းရှာရင်း
လမ်းပျောက်နေလို့
မင်းဖောက်တဲ့လမ်း
ဘယ်လောက်ကြမ်းကြမ်း
မင်းနဲ့အတူ
လျှောက်လှမ်းချင်သူပါ
လမ်းဆုံးတဲ့အထိပေါ့လေ…။ ။
>>> ကော်ပီတစ်ဝက် ကိုယ်တိုင်ရေးတစ်ဝက် ကဗျာလေးပါ…။
လေးစားစွာဖြင့်
ဖိုးသား
20.01.2009, TUE:, 04:18:56 AM
0 comments